မြင်သူတိုင်း သမင်လည်ပြန် ကြည့်ရလောက်အောင် မိုက်တဲ့ Niki Minaj ပိုင်ဆိုင်တဲ့ကားများ


၁။ Range Rover




၂။ Maybach 62S





၃။ Pink Lamboghini




၎။ 1965 El Camino


၅။ Cadillac Escalade


Unicode

Nicki Minaj ဆိုတာနဲ့ ခန္ဓာကိုယ်တောင့်တောင့်နဲ့ အမိုက်စား Rap သီချင်းတွေကိုဆိုနေတဲ့ အဆိုတော်တစ်ယောက်ဆိုတာ သိသိသာသာဖြစ်စေပါတယ်။ ကာရေဗီယံ ဒေသမှာရှိတဲ့ Trinidad and Tobago ရဲ့ မြို့တော် Port Of Spain မှာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်တဲ့အတွက် အခုဆိုရင် Nicki Minaj ဟာ ၃၆ နှစ်ရှိပါပြီ။ ၃၆ နှစ်ဆိုပေမယ့် အရာရာကို စိတ်ထဲရှိသလို ပြုမူနေထိုင်တတ်တာကြောင့် အချိုးမပြေသူတစ်ယောက်လို့ အများကသတ်မှတ်ခံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Nicki ကတော့ သူ့စကေးနဲ့သူ အကောင်းစားRap သီချင်းတွေကို သီဆိုနေတဲ့သူတစ်ယောက် လည်း ဖြစ်ပါတယ်။ အခုကျနော်တို့ မိတ်ဆွေတို့ကို ဖော်ပြပေးသွားမယ့် အကြောင်းရာလေးကတော့ Niki ရဲ့ မြင်မိကြားမိသူတိုင်းကို ရူးသွားလောက်အောင် ဖမ်းစားနိုင်တဲ့ စီးတော်ယာဉ်ကားတွေ အကြောင်းပဲ ဖြစ်ပါတယ်။

၁။ Range Rover

၂၀၁၆ ခုနှစ်ထုတ် Forbes ရဲ့ Hip-Hop ဘုရင်တွေရဲ့ ချမ်းသာမှု စာရင်းကောက်ယူမှုမှာ Nicki က နံပါတ် ၆နေရာကနေ ဖော်ပြခံခဲ့ရပါတယ်။ အဲ့ဒီအချိန်က သူရဲ့ ချမ်းသားမှုကတော့ ၂၀.၅ သန်းရှိပါတယ် ။ အဲ့ဒီအချိန်က အင်တာဗျူးလုပ်ချိန်မှာတော့ သူရဲ့ Range Rover ကားကြီရှေ့မှာ Pose ပေးပြီး ဓာတ်ပုံရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ Range Rover ကားကို NBA စတား တစ်ယောက် ဖြစ်တဲ့ James Harden , TVစတား Kylie Jenner နဲ့ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက် ဖြစ်တဲ့ Cristiano Ronaldo တို့ပါ ကြိုက်နှစ်သက်လွန်းလို့ ဝယ်ထားရတဲ့ ကားတစ်စီးဖြစ်ပါတယ်။

၂။ Maybach 62S

၂၀၁၄ ခုနှစ် MTV ရဲ့ ဆုပေးပွဲကို Nicki တက်ရောက်လာခဲ့ Maybach 62S ကားကတော့ တကယ့်ကို ရူးချင်စရာကောင်းလောက်အောင် ကိုနာမည် ကြီးတဲ့ကားတစ်ကားပါ။ ဒေါ်လာ ၅သိန်းနီးပါးတန်ဖိုးရှိတဲ့ ဆီဒင်ကားကြီးကတော့ ဆလင်ဒါ ၁၂ လုံးနဲ့ ၆.၀ လီတာ အင်ဂျင်ကြီးတစ်လုံးပါဝင်ပြီး မြင်းကောင်ရေ ၆၀၄ ကောင်ရှိတဲ့ကားတစ်စီးဖြစ်ပါတယ်။ ၄.၉ စက္ကန့်အတွင်း မိုင်၆၀နှုန်းထိ တင်လို့ရပါတယ်။ အခုလိုမိုက်တဲ့ ကားတစ်စီးကို လည်း Niki Minaj ကပိုင်ဆိုင်ထားပါသေးတယ်။

၃။ Pink Lamboghini

Niki Minaj တစ်ယောက်က ပန်းရောင်ကြိုက်တဲ့တစ်ယောက်ဆိုတာ ပြောပြစရာတောင်လိုမယ် မထင်ပါဘူး ။ သူရဲ့ ဖျော်ဖြေမှုတွေ သူ့ရဲ့ Music Video တွေထဲမှာ သုံးထားတဲ့ အရောင်လို့ထင်ပါတယ်။ သူရဲ့ အကြိုက်ဆုံးကားတစ်စီး ဖြစ်တဲ့ Lamboghini ပဲဖြစ်ပါတယ်။ အဲ့ဒီ Lamboghini ကားကြီးကိုတော့ တစ်စီးလုံးပန်းရောင်ခြယ်ဖို့ ဒေါ်လာ ၃၀၀၀၀တောင်အကုန်ကျခံပြီး ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

၄။ 1965 El Camino

Beyonce နဲ့ ရိုက်ကူထားတဲ့ ဓာတ်ပုံတစ်ပုံထဲ မှာ ထည့်ရိုက်ထားတဲ့ သူရဲ့ကားကတော့ ခေတ်ဟောင်း Chevy ကားတစ်စီးကို ထည့်ရိုက်ထားပါတယ်။ အဲ့ဒီ ဓာတ်ပုံကတော့ Niki Minaj ရဲ့ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Pink Print ထဲကသီချင်းတစ်ပုဒ်အတွက် Music Video ရိုက်ကူးချိန်မှာ သုံးခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီကားဟာ ကမ္ဘာ့ဂန္တဝင်ကားတစ်စီးဖြစ်ပါတယ်။

၅။ Cadillac Escalade
ဟုတ်ပြီလေ ဒီတစ်စီးကတော့ Niki Minaj ရဲ့နေ့စဉ်ဘဝထဲမှာ ပါဝင်နေတဲ့ကားတစ်စီးဖြစ်ပါတယ်။ ထသွားထလာနေရာတွေ အတွက် အဆင်ပြေဆုံးဖြစ်သလို Classic SUV ကားတစ်စီးဖြစ်တာကြောင့် တော်ရုံပွဲတက် ဖို့အတွက်ဆိုရင်တော့ သင့်တော်တဲ့ Cadillac Escalade ကတော့ Minaj ရဲ့ စီးတော်ယာဉ်ဖြစ်နေတာ မဆန်းလှပါဘူး ။ V12 အင်ဂျင်တပ်ထားတာဖြစ်တဲ့ အတွက် အရမ်းကြီးနှေးတဲ့ ကားတစ်စီးလည်းမဟုတ်ဘူးဆိုတော့ စိမ်ပါပဲ ။