မြင့်မြတ်က ကျွန်တော့်အတွက်အမြဲရှိနေပေးတယ်ဆိုတဲ့ ယုန်လေး

0
70

မြင့်မြတ်နဲ့ ယုန်လေးတို့ဟာ အရမ်းကိုချစ်ခင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်မှန်း ပရိသတ်တော်တော်များများသိကြမှာပါ။ မြင့်မြတ်နဲ့ ယုန်လေးက Original Gangster ရုပ်ရှင်နှစ်ကားကိုလည်းအတူတူပူးတွဲဖန်တီးခဲ့ကြပြီး လိုက်ဖက်ညီတဲ့သူငယ်ချင်းအတွဲအဖြစ် ပရိသတ်က အသိအမှတ်ပြုထားရလောက်အောင်ကို အောင်မြင်ခဲ့ကြတာပါ။ ယုန်လေးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ မြင့်မြတ်နဲ့ရင်းနှီးမှုအတိုင်းအတာတွေကိုပြောပြသွားပါတယ်။

ယုန်လေးက မြင့်မြတ်နဲ့ ခင်မင်ခဲ့ကြပုံတွေကို “သူက ကျွန်တော့်ကိုထိရင်လည်းသူမခံဘူး။ သူ့ကိုထိရင်လည်း ကျွန်တော်မခံဘူး။ ကျွန်တော်ဒီမှာ ဝုန်းဒိုင်းဝုန်းဒိုင်းဖြစ်နေရင် သူရောက်ချလာတယ်။အဲ့လိုမျိုးတွေဆိုတော့ချစ်တာပေါ့နော်။တစ်ယောက်နဲ့တစ်ယောက်”လို့ ပြောပြထားပါတယ်။

မြင့်မြတ်က အလုပ်ပျက်အကိုင်ပျက်ခံပြီးတော့ကို ယုန်လေးရဲ့အနားရောက်ရောက်လာကြောင်း “သူကမင်းသားဗျာ။ကျွန်တော်က ဘာကောင်မှမဟုတ်ဘူး။ ကျွန်တော်တွေးထားတာအဲ့လို။ အဲ့လိုမျိုးမှာ ကျွန်တော်ဖြစ်တဲ့အချိန် သူရောက်လာတယ်။အဲ့လိုဆိုတော့ Feeling ပေါ့နော်။ သူ မနက်ဖြန် Shooting ရှိတယ် တစ်ခုခုခြေလွန်လက်လွန်ဖြစ်ရင် Shooting ပျက်သွားနိုင်တယ်။ ကျွန်တော်က ဘာအလုပ်မှရှိတဲ့ကောင်မဟုတ်ဘူး။ အဲ့လိုဆိုတော့ သူဖြစ်ခဲ့တဲ့ ပွဲတွေလည်းကျွန်တော် ရယ်ဒီပဲ။ သူဘာဖြစ်ဖြစ်ဗျာ။ ကျွန်တော့်အတွက်လည်း သူအမြဲတမ်းရှိတယ်”လို့ ပြောပြထားပါတယ်။

အချို့တွေလို နာမည်ကြီးမှ အချိုးပြောင်းသွားတာမျိုးတွေမရှိကြောင်းလည်း “သူငယ်ချင်းအချင်းချင်းဗျာ။ ဖောရှောတွေလျှော်တာတွေရှိတယ်။ အဲ့ဒါတွေက မှန်လားမှားလားတော့ကျွန်တော်မသိဘူးပေါ့နော်။ ကျွန်တော်တို့ကြားမှာတော့ အဲ့လိုစိတ်တွေတော့မရှိဘူး။ သေရေးရှင်ရေးတွေမှာရှိပြီးသား။ မိသားစုလိုဖြစ်တဲ့လူတွေအတွက် ကျွန်တော်တို့က အမြဲရှိပြီးသား။ မြင့်မြတ်လည်းအဲဒီအတိုင်းပဲ”လို့ ဖြေကြားထားပါတယ်။

မြင့်မြတ်ရဲ့သားလေးကိုလည်း ကျားကျားလျားလျားနဲ့ တကယ့်ခပ်ဆိုးဆိုးကောင်လေးဖြစ်အောင် ထိန်းကျောင်းပေးသွားမှာဖြစ်ကြောင်း “ကျွန်တော်တို့သားပဲပေါ့။ ဒီကောင် ဆိုးပေါ့။ဆိုးစရာရှိဆိုးပေါ့။လိုက်ထိန်းမယ်။ ဆိုးတာပဲကောင်းပါတယ်။ ယောက်ျားလေးဖြစ်တဲ့အတွက် အရမ်းသိမ်မွေ့ရင်ကျွန်တော်တို့မကြိုက်ဘူး။ ယဉ်ကျေးရမယ်။ ကိုယ့်ကိုစော်ကားတဲ့လူတွေကိုတော့ မယဉ်ကျေးရဘူး။ အရမ်းသိမ်မွေ့မှာလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကြားထဲမှာ ကြီးပြင်းလာမှာဆိုတော့”လို့ ရယ်မောရင်းဖြေထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြင့်မြတ်နဲ့ ယုန်လေးကိုချစ်ကြလား။ မြင့်မြတ်နဲ့ယုန်လေးရဲ့နောက်ထပ်ရုပ်ရှင်ကားကြီးတွေထွက်လာရင်ရော အားပေးကြမှာလား။ မြင့်မြတ်လို ကိုယ့်အတွက်အမြဲရှိပေးတဲ့သူငယ်ချင်းတစ်ယောက်ကိုရော ပိုင်ဆိုင်ထားပြီလား။ ပြောခဲ့ကြဦးနော်။

Can’t Wait To Say