မြင်နိုင်ဖို့ခက်ခဲတဲ့ ဆန်းပြားတဲ့ဖန်တီးမှုများ
0
50
UNICODE
လူသားလောကမှာတော့ တချို့သောလူတွေရဲ့ ဖန်တီးမှုတွေဟာ ကန့်သတ်ထားတာတွေထက်ကို ကျော်လွန်နေတတ်ပါတယ်။ ဥပမာ ဘီးအစား ဘောလုံးတပ်ထားတဲ့ စက်ဘီး၊ အစေားအသောက်ပုံစံ လွယ်အိတ်၊ မျက်ခင်းတုကားတွေကတော့ တော်တော်ကို ထူးဆန်းတဲ့ ပစ္စည်းတွေပါပဲ။ ဒါပေမဲ့လည်း ဒါတွေကို ထွင်လိုက်လို့သွားပြီး ကဲ့ရဲ့နေလို့ မရပါဘူး။ ချီးကျူးစရာတောင်ကောင်းနေပါသေးတယ်။ ဒီလိုမျိုး ကန့်သတ်ထားတာထက် ကျော်လွန်နေတဲ့ ပစ္စည်းတွေဟာ တခါတရံမှာတော့ ကြည့်ကောင်းနေတတ်ပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ ပေ့ချ်က ဒီတခေါက်ဖော်ပြပေးချင်တာကတော့ မြင်နိုင်ဖို့ခက်ခဲတဲ့ ထူးဆန်းတဲ့ဖန်တီးမှုတွေကို ဖော်ပြပေးလို်က်ပါတယ်။
၁.မုန့်ဆိုင်တစ်ဆိုင်မှာ ပြထားတဲ့ Showcase ကတော့ အရှေ့ကနေကြည့်ရင် ကားတစ်စီးလိုပါပဲ။ ရိုးရိုးပစ္စည်းထည့်တဲ့ဟာထက်စာရင်တော့ ဒီလိုလေးလုပ်ထားတာက လူပိုစိတ်ဝင်စားမယ်လို့ ထင်ပါတယ်။
၂.စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ကောင်တာကိုတော့ လုပ်ထားတာ စားသောက်ဆိုင်ဆိုတဲ့ နာမည်နဲ့ ကိုက်ညီလှပါတယ်။ ဒယ်အိုးပုံစံလုပ်ထားတာ ဖြစ်ပြီး အောက်မှာလည်း မီးဖိုပုံသဏ္ဍာန်လုပ်ထားပါသေးတယ်။
၃.အပြင်ကနေကြည့်လိုက်ရင်တော့ဒါဟာ ကောင်းဘွိုင်တွေဆောင်းတဲ့ ဦးထုပ်တစ်လုံးလိုပါပဲ။ ဒါပေမဲ့လည်း ဒီလိုထင်ရင်တော့မှားသွားပါလိမ့်မယ်။ ဒါဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ ဆောက်လုပ်ရေးလုပ်သား ဦးထုပ်ဖြစ်ပါတယ်။
၄.ဒါကတော့ 2 In 1 လို့ ပြောလို့ရပါတယ်။ ခြေအိတ်ရော ဖိနပ်ရော တဆက်ထဲပေါ့။ ခြေအိတ်လည်း ဝတ်စရာမလိုသလို ဖိနပ်လည်း တဆက်ထဲ ဝတ်လို့ရတာပေါ့။
၅.ဒါကိုကြည့်ပြီးတော့ ကြက်သားထင်ပြီး မစားလိုက်ပါနဲ့ဦး။ ဒါဟာ မိန်းကလေးတွေအတွက် အိတ်လေးတစ်လုံး ဖြစ်ပါတယ်။ တကယ်ကို ထူးခြားတဲ့ တီထွင်မှုတစ်ခုဖြစ်ပြီး တော်တော်ကိုလည်း ပီပြင်လှပါတယ်။
၆.ဒီထိုင်ခုံကလည်း တော်တော်ကို မိုက်ပါတယ်။ အိမ်တွေမှာရှိနေရင်တော့ တော်တော်လေး ကြည့်ကောင်းနေမှာပါ။ ကားရှေ့ကပုံစံကို ထိုင်ခုံလုပ်ထားတာ ဖြစ်ပါတယ်။
၇.ဒီကားပုံစံလုပ်ထားတာကလည်း တော်တော်ကို ကြည့်ကောင်းပြီး စီးချင်စရာ ကားလေး တစ်စီးပါပဲ။ ကိုယ်ထည်ကို မျက်ခင်းပုံစံတုနဲလုပ်ထားတာ ဖြစ်ပြီး မြင်ရတဲ့သူအဖို့ ရသတစ်မျိုးခံစားရမှာပါ။
၈.ပြိုင်ကားဝါဒနာအိုးတွေအတွက်ပေါ့။ နဲနဲနောနော် စပွိုင်လာကြီးလားနော်။ မသိရင်တော့ စင်ကြီးတစ်စင်ကားနောက်မှာ တင်ထားတဲ့အတိုင်းပါပဲ။
၉.ဒီစက်ဘီးကလည်း အဆန်းပဲဗျာ။ ဘီးနေရာမှာ ဘတ်စကတ်ဘော ဘောလုံးကို အစားထည့်ထားတာ ဖြစ်ပြီး မြင်ရသူအဖို့တော့ ထူးဆန်းနေမှာပါ။ စက်ဘီးစီးရတာ ပျင်းရင်လည်း ဘောလုံးကို ဖြုတ်ပြီးဆေ့ာလို့ ရတာပေါ့။
၁၀.ဒီလိုဖိနပ်မျိုး ဘယ်သူစီးချင်လဲ။ တော်တော်ကို မို်က်ပါတယ်။ ဒါပေမဲ့လည်း ဒီဖိနပ်ကို ရဖို့အတွက် ဖိနပ် ၃ ရံစာလောက်တော့ လိုတယ်ဗျာ။