မြင်​မ​ကောင်း ရှုမ​ကောင်းနဲ့ ရယ်​​မောချင်​စရာအလွဲဆုံး မြင်​ကွင်းများ

0
105

တစ်​ခါတစ်​​လေ လဲ လွဲလွဲ​လေးပဲ​ကောင်းပါတယ်​။ စိတ်​​ကျေနပ်​ရင်​ပြီးတာပါပဲ​ပေါ့။ မိုးလင်းက​နေ မိုးချုပ်​ ​နောက်​​ပြောင်​ကျီစယ်​တတ်​တဲ့ သူ​တွေလဲ သူများကို ဒုက္ခ​ပေးဖို့အတွက်​ အိုက်​ဒီယာ​ကောင်း​ကောင်း​လေး​တွေ ရတာ​ပေါ့​လေ။ ကြည့်​လိုက်​ကြပါစို့။

၁။

Krispy kreme ဒိုးနပ်​ဘူး​ခွံ​တွေနဲ့ သူငယ်​ချင်း​တွေ၊ လူရင်း​တွေကို အရူးလုပ်​ဖူးကြလား။ Krispy သိပ်​ကြိုက်​တဲ့ ​ဘော်​ဒါ​တွေဆို ပို​နောက်​လို့​ကောင်းမှာ သိပ်​​သေချာတယ်​။ ဧပရယ်​ဖူးကျရင်​ Krispy ​လေးစားချင်​လိုက်​တာလို့ ညည်း​နေတဲ့ ဒါမျိုး​လေးအကဲစမ်းကြည့်​ကြပါဦး

၂။

စက်ရုပ်​​ဖုန်​စုပ်​စက်​က အချစ်​​တော်​ပိစိ​လေးရဲ့ အပုံလိုက်​​တွေကို အလိုအ​လျောက်​ လိုက်​ပြီး ရှင်း​နေတာ​လေ…..။ ဘယ်​​လောက်​ရင်​နင့်​စရာ​ကောင်းတဲ့မြင်​ကွင်းလဲ။ မြင်​မ​ကောင်း ရှုမ​ကောင်း​တွေဖြစ်​ကုန်​​ရောပဲ… တစ်​အိမ်​လုံးလည်း ပွထကုန်​တာပဲ။

၃။

သမီးက​တော့ အစွမ်းထက်​လွန်းလှပါတယ်​။ ဝတ်​​ပေးထားတဲ့ ​သေးခံ ဒိုက်​ပါနဲ့​တောင်​ မကယ်​နိုင်​​တော့ဘူး​လေ။ အ​ဖေ့​ခေါင်း​ပေါ် လုပ်​ရက်​လိုက်​ပုံ… ပခုံးနဲ့ ​ကျောတစ်​ပြင်​လုံး စိုရွှဲကုန်​တာပဲ။ ​တော်​​တော်​ကို ရှူးရှူးသန်​တာပါ။

၎။

ဟိမဝန္တာ နှင်းလူသား​တွေဆိုတာ ကြားဖူး၊ မြင်​ဖူးကြမှာပါ။ ဟိမဝန္တာ နှင်း​ခွေး​တွေဆို​တော့ အခုမှ အပြင်​မှာ တကယ်​ရှိမှန်း လက်​​တွေ့ကိုသိရ​တော့တယ်​။ ရယ်​လဲရယ်​​နေရတယ်​…. ဘယ်​လိုဟာ​တွေလဲမသိ… ဆိုး​ပေ​လေး​တွေ။

၅။

ကျွန်​​တော်​ လူ​တော်​တစ်​​ယောက်​ မဟုတ်​​ပေမယ့်​ ​ရေကူးကန်​ထဲမှာ ​တော့ ကားပါကင်​ထိုးလို့မရဘူးဆိုတာ သိတယ်​ဗျ။ ​ရေကူးကန်​ကို ကားဂို​ဒေါင်​​တွေထဲမှာ လို ကားထိုးမရတာ မူးမူးရူးရူး နဲ့များ မသိ​လေ​ရော့သလား လို့ ကိုယ့်​စိတ်​နဲ့ကိုယ်​ပဲ နှိုင်းပြီး​ တစ်​ကိုယ်​တည်း ​တွေးလိုက်​ပါတယ်​။

၆။

အ​ဖေ​​နေ့တုန်းကတဲ့ဗျာ။ အမှတ်​တရဆိုပြီး ​ဖေကြီးကိုချစ်​တယ်​ဆိုတာ ​ရေး​ပေးမယ်​တဲ့။ ဘယ်​မှာတုန်း သွား​ရေးယူလာခဲ့ဆို​တော့ လက်​စွမ်းလက်​စ ပြပစ်​လိုက်​တာပဲ။ ကတ်​​လေးနဲ့​ရေး​ပေးလဲ ရတဲ့ဟာကို… ဝက်​အူလှည့်​နဲ့ ကားကိုခြစ်​ပစ်​လိုက်​​တော့ ကုန်​​ပေါက်​တိုးပြီ။ သူ့ကိုယ်​သူ​တော့ သူရဲ​ကောင်းကြီး​ပေါ့​လေ… ရုပ်​ကိုက။

၇။

ထိန်းမနို​င်​သိမ်းမရ​ကောင်​ကြီး​လေ…သူလဲ တစ်​ကိုက်​​လောက်​စားပါ​စေ​လေ လို့ ​ကျွေးလိုက်​မ်​ပါတယ်​။ ​ရေခဲမုန့်​တစ်​ခွံ့​စာ ​လောက်​က ဘယ်​​လောက်​အရသာ​ကောင်းမှန်း သူ သိသွားရှာပြီ​လေ။ ထပ်​​တော့ မရဘူး… ဟွန့်​။

ZAW (H2H)