မြန်မာပရိသတ်တွေက တွေးရတဲ့ရုပ်ရှင်မကြည့်ချင်ဘူးဆိုတဲ့ ဆွေဇင်ထိုက်

0
49

ပြည်သူ့အချစ်တော် မင်းသမီးကြီးတယောက်ဖြစ်တဲ့ ဆွေဇင်ထိုက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကတည်းက မြန်မာပြည်က ပရိသတ်တွေ အချစ်ကို အခိုင်အမာရရှိထားတဲ့ မင်းသမီးကြီးတဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီးကြီး ဆွေဇင်ထိုက်ဟာ အနုပညာလှုပ်ရှားမှုတွေ နည်းတယ်ဆိုပေမယ့်လည်း သူ့ရဲ့ သိမြင်ခဲ့မှု အတွေ့အကြုံတွေကိုတော့ ပရိသတ်တွေကို အမြဲတမ်းချပြနေကြပါပဲ။ ဒီတခေါက်မှာလည်း ဆွေဇင်ထိုက်ကတော့ မြန်မာ့ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

မင်းသမီးကြီး အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ အကုန်သိနဲ့ အင်တာဗျူးမှာတော့ “နိုင်ငံတကာ ရုပ်ရှင်ပွဲတွေ ဒီမှာလာလုပ်လို့ရှိရင် မြန်မာကားတွေ မပါဘူး။ ဒီတခါမှာတော့ မြန်မာ Feauture Film လည်းတခုပါတယ်။ Short Film လည်း တခုပါတယ်။ ဒီကားထဲမှာကတော့ အဖြေကို ဘယ်တော့မှ မပေးဘူး။ တွေးယူရတဲ့ကားပေါ့။ ကျွန်မတို့ မိသားစုဆိုရင်တော့ တွေးယူရတဲ့ကားမျိုးကို ကြိုက်တာပေါ့။
ဒါပေမယ့် မြန်မာ့ရုပ်ရှင်ပရိသတ်တွေကတော့ နောက်ဆုံးအခန်းကို သိချင်တာပဲရှိကြတယ်။ သိပ်ပြီးတော့ မတွေးချင်ကြဘူး။

ဒီမှာတော့ နောက်တခန်းမှာ ဘာဖြစ်မလဲဆိုတာကို မပေးဘူးပေါ့။ ဒီမှာတော့ အချိန်ကို တန်ဖိုးထားတဲ့ပုံကို ပြတယ်လို့ ထင်ပါတယ်။ ဂျပန်ပြည်မှာက လမ်းလျှောက်ရင် အရမ်းမြန်ကြတယ်။ မြန်မာပြည်မှာတောင် မြန်မြန်ပြေးတဲ့သူတွေအနေနဲ့ ဟိုရောက်ရင် ခုန်ဆွခုန်ဆွ ဖြစ်သွားကြတယ်။ အရမ်းမြန်ကြတယ်။ ကျွန်မတို့ဆီမှာတော့ အချိန်တွေ အရမ်းပေါနေသလိုမျိုး ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ လူတယောက်ဟာ မြန်အောင် ပြောင်းပေးမယ်ဆိုတဲ့ စိတ်နဲ့ အလကားပြတာ။ လာကြည့်တဲ့ ပရိသတ်တွေကို ကြည့်လိုက်ရင်လည်း ရုပ်ရှင်အသိုင်းအဝိုင်းထဲက လူတွေက အရမ်းနည်းတယ်။

သူတို့မှာလည်း အချိန်မရှိဘူးပေါ့။ ဒါမှမဟုတ်တတ်ပြီးသား ဖြစ်နေတာကြောင့် သင်ယူစရာမလိုဘူးလို့ ခံယူထားလို့လားလည်း မသိပါဘူး။ ဒါပေမယ့်လို့ ရုပ်ရှင်ကြည့်တဲ့သူတွေကတော့ တော်တော်များများ ကြည့်ကြပါတယ်။ တွေးယူရတဲ့ ရုပ်ရှင်တွေကြည့်ရခြင်းအားဖြင့် ကိုယ့်ရဲ့ ဦးနှောက်လည်း အာဟာရဖြစ်တယ်။ တွေးနေရင်း အမြင်သစ်တွေလည်း ရမယ်ပေါ့နော်။ အတွေးတွေရော အရွေးတွေအတွက်ပါ ကောင်းမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။