ျမန္မာေငြ ရွစ္သိန္းေက်ာ္က်မယ့္ ေစ်းဝယ္အိတ္

0
57

ေစ်းဝယ္ထြက္တဲ့အခါ ဝယ္ယူထားတဲ့ပစၥည္းေတြထည့္ဖုိ႔ အိတ္ေတြ ေဆာင္သြားတတ္ၾကပါတယ္။ အေလးအပင္ေတြ ထည့္ဖုိ႔အတြက္
ခ်ည္သား၊ ဒါမွမဟုတ္ ဖ်င္နဲ႔ခ်ဳပ္ထားတဲ့ အိတ္ထူထူေလးေတြ ယူသြားတတ္ၾကသလုိ သိပ္မေလးဘူးဆုိရင္လည္း ပလတ္စတစ္အိတ္ေတြ ယူသြားတတ္ၾကပါတယ္။

ျပင္သစ္ႏုိင္ငံမွာ အေျခစုိက္တဲ့ ဆီလင္း(Celine)ဖက္ရွင္ကုမၸဏီက ေစ်းဝယ္ရာမွာ အသုံးျပဳႏုိင္တဲ့ အိတ္တစ္မ်ဳိး ထုတ္လုပ္လုိက္ပါတယ္။ပလတ္စတစ္ အၾကည္သားနဲ႔ ျပဳလုပ္ထားတဲ့ အဲဒီအိတ္က အထဲမွာ ထည့္သြင္းထားတဲ့ ပစၥည္းေတြကုိ ထြင္းေဖာက္ျမင္ေနရမွာပါ။ ဒါက ထူးျခားတဲ့ကိစၥမဟုတ္ပါဘူး။ ထူးျခားတာက အဲဒီအိတ္ရဲ႕ေစ်းႏႈန္းပါပဲ။

ဘာမွမဟုတ္ဘူးလုိ႔ ထင္ရတဲ့ အဲဒီအိတ္တန္ဖုိးက အေမရိကန္ေဒၚလာ ၆၀၀(ျမန္မာေငြ ၈ သိန္းေက်ာ္) ကုန္က်မွာပါ။ ဆီလင္း(Celine)ဖက္ရွင္ ကုမၸဏီရဲ႕ ေႏြဦး/ေႏြရာသီ ၂၀၁၈ ျပပြဲမွာ အဲဒီ ေစ်းဝယ္အိတ္ကုိ စတင္ မိတ္ဆက္ျပခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ အေမရိကန္ႏုိင္ငံ
ဝါရွင္တန္ျပည္နယ္ ဆီယက္တယ္ၿမိဳ႕က Nordstrom ဆိုင္မွာ အေမရိကန္ေဒၚလာ ၅၉၀ နဲ႔ ေရာင္းခ်ေနပါတယ္။

အဲဒီပလတ္စတစ္အိတ္မွာ CELINE Paris ဆုိတဲ့ တံဆိပ္႐ုိက္ႏွိပ္ထားၿပီး တံဆိပ္ေအာက္မွာ သတိေပးခ်က္တစ္ခုကုိ ဘာသာစကား ေလးမ်ဳိးနဲ႔ ေဖာ္ျပထားပါတယ္။ ” (အိတ္ထဲပိတ္မိေနရင္)အသက္႐ွဴက်ပ္တာမ်ဳိး ျဖစ္ႏုိင္လုိ႔ ဒီအိတ္ကုိ ကေလးငယ္ေတြနဲ႔ ေဝးေဝးထားပါ”ဆုိတဲ့ စာသားကုိ အဂၤလန္၊ ျပင္သစ္၊ ဂ်ာမန္၊ အီတလီ ဘာသာစကား ေလးမ်ဳိးနဲ႔ ေရးသားထားပါတယ္။ အဲဒါက လြဲရင္ေတာ့ ဒီအိတ္က ဘာဆုိဘာမွ မထူးျခားတဲ့ ပလတ္စတစ္အိတ္ တစ္လုံးပါပဲ။

အဲဒီအိတ္ကုိ ေရာင္းခ်ေနတဲ့ ဆီယက္တယ္ၿမိဳ႕လယ္က Nordstrom  စတုိးဆုိင္ကလည္း ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ကေန ေမလ ၂၉ ရက္ေန႔အထိပဲ ဖြင့္လွစ္မွာျဖစ္ပါတယ္။ ေမလ ၂၉ ရက္ေန႔ ေက်ာ္လြန္သြားရင္ေတာ့ အဲဒီအိတ္ကုိ ကေနဒါႏုိင္ငံ ဗန္ကူးဗားၿမိဳ႕က Nordstrom Pacific Center က စတုိးဆုိင္မွာပဲ ေရာင္းခ်ေတာ့မွာပါ။ ေစ်းႀကီးလြန္းၿပီး ဘာမွ သိပ္မထူးျခားတဲ့ အဲဒီအိတ္က ပစၥည္းျပတ္ေအာင္ ေရာငး္ေနရတယ္လုိ႔ ဆုိပါတယ္။

Unicode

ဈေးဝယ်ထွက်တဲ့အခါ ဝယ်ယူထားတဲ့ပစ္စည်းတွေထည့်ဖို့ အိတ်တွေ ဆောင်သွားတတ်ကြပါတယ်။ အလေးအပင်တွေ ထည့်ဖို့အတွက် ချည်သား၊ ဒါမှမဟုတ် ဖျင်နဲ့ချုပ်ထားတဲ့ အိတ်ထူထူလေးတွေ ယူသွားတတ်ကြသလို သိပ်မလေးဘူးဆိုရင်လည်း ပလတ်စတစ်အိတ်တွေ ယူသွားတတ်ကြပါတယ်။

ပြင်သစ်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီလင်း(Celine)ဖက်ရှင်ကုမ္ပဏီက ဈေးဝယ်ရာမှာ အသုံးပြုနိုင်တဲ့ အိတ်တစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ပလတ်စတစ် အကြည်သားနဲ့ ပြုလုပ်ထားတဲ့ အဲဒီအိတ်က အထဲမှာ ထည့်သွင်းထားတဲ့ ပစ္စည်းတွေကို ထွင်းဖောက်မြင်နေရမှာပါ။ ဒါက ထူးခြားတဲ့ကိစ္စမဟုတ်ပါဘူး။ ထူးခြားတာက အဲဒီအိတ်ရဲ့ဈေးနှုန်းပါပဲ။

ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အဲဒီအိတ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၀၀(မြန်မာငွေ ၈ သိန်းကျော်) ကုန်ကျမှာပါ။ ဆီလင်း(Celine)ဖက်ရှင် ကုမ္ပဏီရဲ့ နွေဦး/နွေရာသီ ၂၀၁၈ ပြပွဲမှာ အဲဒီ ဈေးဝယ်အိတ်ကို စတင် မိတ်ဆက်ပြခဲ့တာဖြစ်ပြီး အခုအချိန်မှာ အမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့က Nordstrom ဆိုင်မှာ အမေရိကန်ဒေါ်လာ ၅၉၀ နဲ့ ရောင်းချနေပါတယ်။

အဲဒီပလတ်စတစ်အိတ်မှာ CELINE Paris ဆိုတဲ့ တံဆိပ်ရိုက်နှိပ်ထားပြီး တံဆိပ်အောက်မှာ သတိပေးချက်တစ်ခုကို ဘာသာစကား လေးမျိုးနဲ့ ဖော်ပြထားပါတယ်။ ” (အိတ်ထဲပိတ်မိနေရင်)အသက်ရှူကျပ်တာမျိုး ဖြစ်နိုင်လို့ ဒီအိတ်ကို ကလေးငယ်တွေနဲ့ ဝေးဝေးထားပါ”ဆိုတဲ့ စာသားကို အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ ဘာသာစကား လေးမျိုးနဲ့ ရေးသားထားပါတယ်။ အဲဒါက လွဲရင်တော့ ဒီအိတ်က ဘာဆိုဘာမှ မထူးခြားတဲ့ ပလတ်စတစ်အိတ် တစ်လုံးပါပဲ။

အဲဒီအိတ်ကို ရောင်းချနေတဲ့ ဆီယက်တယ်မြို့လယ်က Nordstrom  စတိုးဆိုင်ကလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိပဲ ဖွင့်လှစ်မှာဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့ ကျော်လွန်သွားရင်တော့ အဲဒီအိတ်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့က Nordstrom Pacific Center က စတိုးဆိုင်မှာပဲ ရောင်းချတော့မှာပါ။ ဈေးကြီးလွန်းပြီး ဘာမှ သိပ်မထူးခြားတဲ့ အဲဒီအိတ်က ပစ္စည်းပြတ်အောင် ရောင်းနေရတယ်လို့ ဆိုပါတယ်။