ျမန္မာေငြ သိန္းေပါင္းခုနစ္ေထာင္ေက်ာ္ကုန္က်ခဲ့တဲ့ Justin Bieber နဲ႔ Hailey ရဲ႕ မဂၤလာေဆာင္

Justin Bieber နဲ႔ Hailey တို႔ဟာ ျပီးခဲ့တဲ့ 2018 September မွာ တိတ္တဆိတ္လက္ထပ္ခဲ့ၾကျပီး ၾကီးက်ယ္ခမ္းနားတဲ့ တရားဝင္လက္ထပ္ပြဲၾကီးက်င္းပဖို႔ဆႏၵရွိခဲ့ၾကတာပါ။ အဲဒီလက္ထပ္ပြဲအတြက္ Hailey က အားၾကိဳးမာန္တက္ျပင္ဆင္လုိုက္ JB က အခ်ိန္ေရႊ႕လိုက္နဲ႔ တစ္နွစ္ေက်ာ္ေလာက္ၾကာသြားျပီးတဲ့ေနာက္ပုိင္းမွာ 2019 September 30 မွာေတာ့ သူတို႔နွစ္ေယာက္အတြက္မေမ့နို္င္တဲ့ မဂၤလာေဆာင္ၾကီးကိုက်င္းပခဲ့ၾကပါတယ္။ Justin နဲ႔ Hailey ဟာ South Carolina က Montage Palmetto Bluff resort ၾကီးမွာ ၾကီးက်ယ္ခမ္းနားတဲ့ မဂၤလာပြဲၾကီးက်င္းပခဲ့ျပီး မဂၤလာပြဲကို Ed Sheeran, Jaden Smith, Kylie Jenner, Kendall Jenner နဲ႔ အျခားေသာ ကမၻာေက်ာ္ေတြေတာ္ေတာ္မ်ားမ်ားတက္ေရာက္ခဲ့ၾကသလို JB ရဲ႕ ရည္းစားေဟာင္းတစ္ဦးျဖစ္သူ Caitlin Beadles လည္းတက္ေရာက္ခဲ့ပါတယ္။

JB ဟာ အေမရိကန္ေဒၚလာ သိန္းေပါင္းမ်ားစြာတန္တဲ့ လက္စြပ္နဲ႔ Hailey ကုိ လက္ထပ္ခြင့္ေတာင္းခဲ့သလုိပဲ တကယ္တမ္း မဂၤလာအၾကီးအက်ယ္ေဆာင္မယ္ဆိုေတာ့လည္း ေဒၚလာ သိန္းေပါင္းမ်ားစြာအကုန္အက်ခံခဲ့တာေတြ႕ရပါတယ္။ မီဒီယာေတြနဲ႔ ပရိသတ္စပ္စုစိန္ေတြရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္ေတြအရ JB ရဲ႕ မဂၤလာေဆာင္ဟာ အေမရိကန္ေဒၚလာ ငါးသိ္န္းေက်ာ္ကုန္က်ခဲ့တယ္လို႔သိရပါတယ္။ အေမရိကန္ေဒၚလာငါးသိန္းဟာ ျမန္မာေငြနဲ႔ဆိုရင္ သိန္းခုနစ္ေထာင္ကုိေအးေအးေဆးေဆးေက်ာ္ပါတယ္။ Montage luxury resort ၾကီးမွာ ဧည့္သည္ 150 ေက်ာ္ကုိဧည့္ခံေကြ်းေမြးတဲ့စားရိတ္ေတြ၊ South Carolina အထိလုိက္လာတဲ့ သူငယ္ခ်င္းေတြမိတ္ေဆြေတြအတြက္ေနထုိင္စားေသာက္မႈကအစ အစစအရာရာတာဝန္ယူအကုန္အက်ခံတာေတြနဲ႔ Decorations ေတြအေထြေထြကုန္က်စားရိ္တ္ေတြကုိ E News က တြက္ခ်က္ေဖာ္ျပထားပါတယ္။



JB တုိ႔ဟာ Montage Luxury resort ၾကီးတစ္ခုလံုးကုိငွားရမ္းခဲ့တာျဖစ္ျပီး အဲဒါကပဲ ေဒၚလာ တစ္သိန္းေက်ာ္ကုန္က်ပါတယ္။အဲဒီေနာက္မွာ Celebrity Event Designer တစ္ဦးျဖစ္တဲ့ Mindy Weiss ကုိ မဂၤလာပြဲစီစဥ္ဖို႔အပ္ခဲ့တာက ေဒၚလာ တစ္သိ္န္းေက်ာ္ထပ္မံကုန္က်ပါတယ္။ ဒါတင္မကေသးပါဘူး၊ အလုပ္သမားငွားရမ္းခေတြ၊ ခရီးသြားလာတဲ့ကုန္က်စားရိတ္ေတြနဲ႔ Videographer ေတြ photographer ေတြကုိငွားရမ္းတာက ေဒၚလာတစ္သိန္းေက်ာ္ပါ။ အဲဒီေနာက္မွာေတာ့ အစားအေသာက္ေတြ၊အၾကိဳပါတီေတြနဲ႔ အျခားေသာကုန္က်စားရိတ္ေတြကုိေပါင္းလိုက္တဲ့အခါ ေဒၚလာ ငါးသိန္းကုိေအးေအးေဆးေဆးေက်ာ္သြားခဲ့ပါတယ္။




သတို႔သမီး Hailey Bieber ဝတ္ဆင္ခဲ့တဲ့ လက္ဝတ္ရတနာေတြကလည္း Tiffany & Co. က ျဖစ္ျပီး နားကပ္တစ္ရံတည္းကတင္ $125000 ရွိေၾကာင္းသိရပါတယ္။ဒါေၾကာင့္ အျခား ကုန္က်စားရိတ္အဝဝကုိေပါင္းလုိက္ရင္ JB တို႔ဟာ ဒီမဂၤလာပြဲအတြက္ ေဒၚလာတစ္သန္းနီးပါးေလာက္ကုန္သြားတယ္လို႔ ပရိသတ္ေတြကေဝဖန္ေနၾကပါတယ္။ ဒါေပမယ့္ ေနရင္းထုိင္ရင္းကို ပုိက္ဆံေတြလိွမ့္ဝင္ေနတဲ့ JB က ေဒၚလာ တစ္သန္းေလာက္ကုိေတာ့မႈမွာမဟုတ္ပါဘူး။ ဒါ့အျပင္ သူ႔သတို႔သမီးကလည္း ကမၻာ့ထိပ္တန္းစူပါေမာ္ဒယ္ျဖစ္ေလေတာ့ ဒီေလာက္ပုိက္ဆံက အားလပ္ရက္မွာကမၻာပတ္ျပီးအနားယူသေလာက္ပဲရွိမွာေသခ်ာပါတယ္။ ကံေကာင္းလြန္းတဲ့ သူတို႔နွစ္ဦး မဂၤလာဦးကေန သက္ဆံုးတိုင္ေပါင္းဖက္နုိင္ပါေစလို႔ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Unicode



Justin Bieber နဲ့ Hailey တို့ဟာ ပြီးခဲ့တဲ့ 2018 September မှာ တိတ်တဆိတ်လက်ထပ်ခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ တရားဝင်လက်ထပ်ပွဲကြီးကျင်းပဖို့ဆန္ဒရှိခဲ့ကြတာပါ။ အဲဒီလက်ထပ်ပွဲအတွက် Hailey က အားကြိုးမာန်တက်ပြင်ဆင်လိုုက် JB က အချိန်ရွှေ့လိုက်နဲ့ တစ်နှစ်ကျော်လောက်ကြာသွားပြီးတဲ့နောက်ပိုင်းမှာ 2019 September 30 မှာတော့ သူတို့နှစ်ယောက်အတွက်မမေ့နို်င်တဲ့ မင်္ဂလာဆောင်ကြီးကိုကျင်းပခဲ့ကြပါတယ်။ Justin နဲ့ Hailey ဟာ South Carolina က Montage Palmetto Bluff resort ကြီးမှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကျင်းပခဲ့ပြီး မင်္ဂလာပွဲကို Ed Sheeran, Jaden Smith, Kylie Jenner, Kendall Jenner နဲ့ အခြားသော ကမ္ဘာကျော်တွေတော်တော်များများတက်ရောက်ခဲ့ကြသလို JB ရဲ့ ရည်းစားဟောင်းတစ်ဦးဖြစ်သူ Caitlin Beadles လည်းတက်ရောက်ခဲ့ပါတယ်။

JB ဟာ အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာတန်တဲ့ လက်စွပ်နဲ့ Hailey ကို လက်ထပ်ခွင့်တောင်းခဲ့သလိုပဲ တကယ်တမ်း မင်္ဂလာအကြီးအကျယ်ဆောင်မယ်ဆိုတော့လည်း ဒေါ်လာ သိန်းပေါင်းများစွာအကုန်အကျခံခဲ့တာတွေ့ရပါတယ်။ မီဒီယာတွေနဲ့ ပရိသတ်စပ်စုစိန်တွေရဲ့ ထုတ်ဖော်ပြောကြားချက်တွေအရ JB ရဲ့ မင်္ဂလာဆောင်ဟာ အမေရိကန်ဒေါ်လာ ငါးသိ်န်းကျော်ကုန်ကျခဲ့တယ်လို့သိရပါတယ်။ အမေရိကန်ဒေါ်လာငါးသိန်းဟာ မြန်မာငွေနဲ့ဆိုရင် သိန်းခုနစ်ထောင်ကိုအေးအေးဆေးဆေးကျော်ပါတယ်။ Montage luxury resort ကြီးမှာ ဧည့်သည် 150 ကျော်ကိုဧည့်ခံကျွေးမွေးတဲ့စားရိတ်တွေ၊ South Carolina အထိလိုက်လာတဲ့ သူငယ်ချင်းတွေမိတ်ဆွေတွေအတွက်နေထိုင်စားသောက်မှုကအစ အစစအရာရာတာဝန်ယူအကုန်အကျခံတာတွေနဲ့ Decorations တွေအထွေထွေကုန်ကျစားရိ်တ်တွေကို E News က တွက်ချက်ဖော်ပြထားပါတယ်။

JB တို့ဟာ Montage Luxury resort ကြီးတစ်ခုလုံးကိုငှားရမ်းခဲ့တာဖြစ်ပြီး အဲဒါကပဲ ဒေါ်လာ တစ်သိန်းကျော်ကုန်ကျပါတယ်။အဲဒီနောက်မှာ Celebrity Event Designer တစ်ဦးဖြစ်တဲ့ Mindy Weiss ကို မင်္ဂလာပွဲစီစဉ်ဖို့အပ်ခဲ့တာက ဒေါ်လာ တစ်သိ်န်းကျော်ထပ်မံကုန်ကျပါတယ်။ ဒါတင်မကသေးပါဘူး၊ အလုပ်သမားငှားရမ်းခတွေ၊ ခရီးသွားလာတဲ့ကုန်ကျစားရိတ်တွေနဲ့ Videographer တွေ photographer တွေကိုငှားရမ်းတာက ဒေါ်လာတစ်သိန်းကျော်ပါ။ အဲဒီနောက်မှာတော့ အစားအသောက်တွေ၊အကြိုပါတီတွေနဲ့ အခြားသောကုန်ကျစားရိတ်တွေကိုပေါင်းလိုက်တဲ့အခါ ဒေါ်လာ ငါးသိန်းကိုအေးအေးဆေးဆေးကျော်သွားခဲ့ပါတယ်။

သတို့သမီး Hailey Bieber ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေကလည်း Tiffany & Co. က ဖြစ်ပြီး နားကပ်တစ်ရံတည်းကတင် $125000 ရှိကြောင်းသိရပါတယ်။ဒါကြောင့် အခြား ကုန်ကျစားရိတ်အဝဝကိုပေါင်းလိုက်ရင် JB တို့ဟာ ဒီမင်္ဂလာပွဲအတွက် ဒေါ်လာတစ်သန်းနီးပါးလောက်ကုန်သွားတယ်လို့ ပရိသတ်တွေကဝေဖန်နေကြပါတယ်။ ဒါပေမယ့် နေရင်းထိုင်ရင်းကို ပိုက်ဆံတွေလှိမ့်ဝင်နေတဲ့ JB က ဒေါ်လာ တစ်သန်းလောက်ကိုတော့မှုမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူ့သတို့သမီးကလည်း ကမ္ဘာ့ထိပ်တန်းစူပါမော်ဒယ်ဖြစ်လေတော့ ဒီလောက်ပိုက်ဆံက အားလပ်ရက်မှာကမ္ဘာပတ်ပြီးအနားယူသလောက်ပဲရှိမှာသေချာပါတယ်။ ကံကောင်းလွန်းတဲ့ သူတို့နှစ်ဦး မင်္ဂလာဦးကနေ သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။