မြန်မာ့ရုပ်ရှင် ကမ္ဘာ့အဆင့်မီလာမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ စံဇာဏီဘို

0
89

မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေးသိကြတဲ့ နိုင်ငံကျော် ဗေဒင်ဆရာကြီး စံဇာဏီဘိုဟာ ၂၀၁၉မှာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကြီးက ကမ္ဘာ့အဆင့်မှီလာလိမ့်မယ်လို့ City FM ၁၇နှစ်ပြည့်ပွဲမှာ မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

စံဇာဏီဘိုက “အနုပညာတော့ အများကြီး ပြောင်းလဲသွားတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူဘူး။ အဆိုတော်တွေရဲ့ ဆိုပုံကအစ တင်ဆက်ပုံတွေရောပေါ့ တစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲလာတယ်။ သိသာလာတာက တစ်နှစ် နှစ်နှစ်အတွင်း ပိုပြောင်းလဲတယ်။ ဒီနှစ်က ထူးထူးခြားခြား ကောင်းနေတယ်။ ၂၀၁၉မှာဆိုရင်လည်း ကျွန်တော်တို့ ဒီထက်ကောင်းမယ်လို့ မျှော်လင့်ရမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာစီးကြောင်းရဲ့ သဘာဝက အခုတက်သစ်စတွေ တွေ့ရတယ်။ သူတို့ဆိုပုံဆိုဟန်တွေက ကျွန်တော်ဆို၁၇နှစ်ကြာပြီ ကြည့်နေရတာ။ ဒီပွဲမှာသူတို့ အသံတွေရော ထိခိုက် နည်းပြီး တော်တော်လေးပြောင်းလဲ နေတယ်။ အနုပညာစီးကြောင်းကြီးကတော့ ပုံစံပြောင်းနေတယ်လေ။ ထူးခြားတဲ့အနေအထားတွေရှိမယ်ဆိုတာကို တွေ့ရပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း “အခုရောက်ရှိနေတဲ့ ၂၀၁၉ခုနှစ်ပေါ့နော်။ ဒီနှစ်က ဂျူပီတာလို့ ခေါ်တဲ့ ကြာသပတေးဂြိုလ် ဆုံးသွားတဲ့ နှစ်တစ်ခုပဲ သူ့ရဲ့ သဘာဝအနေအထားရယ် နောက်ဗုဒ္ဓဟူးဂြိုလ် မာကျူရီရဲ့ အနေအထားရဲ့ လွှမ်းမိုးမှုဟာ ကမ္ဘာ့ရုပ်ရှင်လောကအတွက်လည်း ကောင်းတယ်။ ဗမာနိုင်ငံရဲ့ အနုပညာလောကမှာလည်း စီးကြောင်း အပြောင်းအလဲ ရှိတယ်။ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်တာနဲ့က ကမ္ဘာမှာ ဂွင်ဝင်လာမယ်။ နိုင်ငံတကာအဆင့် ဥပမာ ရုပ်ရှင်ပွဲတော်တွေအထိ ရောက်ရှိနိုင်မယ်။ နောက် ကမ္ဘာမှာလည်း အဆင့်လေးတွေ မီလာနိုင်တယ်။ အနုပညာကတော့ ထူးထူးခြားခြား လမ်းကြောင်းပြောင်းပြီးတော့ တိုးတက်ဖို့ ရှိနေပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။ ဆရာကြီး စံဇာဏီဘို ပြောသလိုပဲ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကြီးဟာ တကယ်ပဲ တိုးတက်လာမလား ဒီအတိုင်းပဲ ဆက်သွားဖြစ်မလားဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။