မြန်မာပြည်မှာပဲ အခြေချတော့မယ်ဆိုတဲ့ ချိုမာ(အနော်)

0
110

Online ပေါ်မှာ အလှကုန်ပစ္စည်းတွေကို Live လွှင့်ပြီး ကိုယ်တိုင်ရောင်းချရာမှာ Online အသုံးပြုသူတွေရဲ့ အချစ်ကို ရရှိထားတဲ့ ချိုမာတယောက်ကိုတော့ ရင်းနှီးသလို ရှိကြမယ် ထင်ပါတယ်။ Online ပေါ်မှာ ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း စိတ်မဆိုးပဲ ဟာသလေးတွေ ပြန်လုပ်တတ်တဲ့ ချစ်စရာကောင်မလေး တယောက်လည်း ဖြစ်ပါတယ်။ ချိုမာကတော့ Online မှာသူရောင်းချတဲ့ ပစ္စည်းလေးတွေကို ချစ်စဖွယ်အမူအရာလေးနဲ့ ရောင်းချပြီး ရုပ်ရည်သွင်ပြင်ပိုင်းလေးကလည်း ချစ်စရာကောင်းတာကြောင့် Online ပေါ်မှာတော့ သူ့ပရိသတ်တွေများပြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချိုမာတယောက် အနုပညာလုပ်ငန်းတွေဖက်မှာပါ လုပ်ကိုင်လာပြီး သူ့အနေနဲ့လည်း မြန်မာနိုင်ငံကိုပြန်လာနေပြီး ရန်ကုန်မှာပဲ အခြေချတော့မှာ ဖြစ်ကြောင်း ပြောကြားသွား ခဲ့ပါတယ်။

ချိုမာ (အနော်) ကတော့ အင်တာဗျူးတွင် ရန်ကုန်ရောက်တုန်း ဘာတွေ လုပ်ဖို့ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး “လုပ်စရာတွေကတော့ အများကြီးပဲ။ ဘာတွေ လုပ်ဖို့ရှိလဲဆိုတော့ အခုပထမဦးဆုံး ဒီနေ့လည်း ကြော်ငြာတခု ရိုက်ပြီးပါတယ်။ နောက်နေ့တော့ နည်းနည်းနားဦးမယ်။ လာမည့် ၇ ရက် ၈ ရက်နေ့မှာတော့ ကလောမှာ MTV ရိုက်ဖို့ ရှိပါတယ်”

ဒီမှာဘာလို့ အခြေချနေထိုင်ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ချိုမာ (အနော်) ကတော့ “ဘာဖြစ်လို့ မြန်မာဖက်ကိုနေထိုင်ဖို့ ရွေးချယ်လိုက်တာလည်းဆိုတော့ ဟိုမှာလည်း ပျင်းနေတယ်။ ရွေးချယ်လိုက်တာရယ်လို့တော့ မဟုတ်ပါဘူး။ သွားသွားလာလာပေါ့။ ဒါပေမယ့် ဒီမှာ အချိန်ပေးပြီး နေဖြစ်ဖို့တော့ စီစဉ်ထားပါတယ်။ ထိုင်းမှာနေတော့ ထိုင်းကအလုပ်တွေနဲ့ပဲ မွန်းနှစ်နေတာပေါ့။ တကယ့်လို ဒီဖက်မှာ ပြန်လာနေမယ်ဆိုရင်တော့ ဒီလိုပဲဖြစ်မှာပါ။ ဒါပေမယ့်လည်း အပြောင်းအလဲလေးပေါ့။ ပြောင်းလဲရမယ်လေ”

ဒီကကောင်လေးနဲ့ ရည်စားရနေပြီလားလို့ သူများတွေ ထင်ကြတဲ့အပေါ်မှာတော့ “အဲ့လိုထင်တယ်ဆိုရင်လည်း ကောင်းပါတယ်။ အဲ့လိုတော့ မဟုတ်ပါဘုး။ အလုပ်ကြောင့်ပါပဲ။ အလုပ်ပေါ်မှာ မူတည်ပြီး ဒီမှာအခြေချဖို့ ဆုံးဖြတ်ထားတာပါ”

ဒီမှာနေတော့မယ်ဆိုတော့ ကြိုပြီး ရင်ခုန်နေတဲ့သူတွေကို ဘာပြောချင်လဲ ဆိုတဲ့အပေါ်မှာတော့ “ကြိုပြီးတော့ ရင်ခုန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရင်ခုန်ရကျိုးနပ်အောင်လည်း လုပ်ပေးမှာပါ။ ကိုယ့်ကိုချစ်တဲ့ကောင်လေးတွေ အတွက်ကတော့ လမ်းကြုံရင် ရေသန့်ဗူးလေးတွေ ဝေပေးခဲ့ပါ့မယ်”

ဝတ်စားဆင်ယင်မှုကြောင့် အထင်အမြင်လွဲသွားမှာ စိုးရိမ်မိလား ဆိုတဲ့မေးခွန်းကိုတော့ “အထင်လွဲတာက ၃ ယောက်ဆို ကြိုက်တာက ၅ ယောက်ပါ။ ဒါကြောင့် Sexy ပဲ ဝတ်ဖြစ်တာ များပါတယ်။ ဝတ်ဖြစ်တယ်ဆိုတာကလည်း Live ထဲမှာပါပဲ။ ဘာကြောင့်ဝတ်ဖြစ်လဲဆိုတော့ ကိုယ့်အကောင့်ထဲက ပရိသတ်တွေအကြောင်းကို သိတယ်လေ။ အဲ့ဒါကြောင့် Sexy ပဲ ဝတ်ဖြစ်ပါတယ်”

“Sexy ဝတ်ပြီး Live လွင့်တာက လူကြည့်တာပိုများတယ်လေ။ ဘာကြောင့်လည်းဆိုတာကတော့ အနော်လည်း မသိပါဘူး။ နော်လည်း ပြောမတတ်ဘူးလေ။ သူတို့နေရာမှာလည်း မဟုတ်ဘူးဆိုတော့ သူတို့နေရာမှာဆိုရင်တော့ နော်လည်း ပြောတတ်မှာပေါ့။ ကိုယ်ကအဲ့လိုဝတ်ပြီး Live လွှင့်တဲ့သူဆိုတော့ ဘာကြောင့်လည်းဆိုတာကို မပြောတတ်ပါဘူး”
ပုံစံပြောင်းဖို့ရှိလားဆိုတဲ့အပေါ် “ပုံမှန်လေးပါပဲ။ အဲ့ထက်ပိုတာကတော့ မတွေးထားပါဘူး။ ပုံမှန်လေးပဲသွားမယ်။ ကိုယ်ကြိုက်တဲ့ပုံစံလေးတွေပဲ ဝတ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။