၁၀ရက်အတွင်း ၂၂ပေါင်ကျအောင် ၀ိတ်လျှော့မယ်
မနက်ပိုင်းဘာစားရမလဲ?
နေ့လည်စာ
ညစာ
Green Tea – ၀ ကယ်လိုရီ
Unicode
ပြောချင်လွန်းလို့ရဲ့ စာဖတ်သူတွေထဲမှာ ခန္ဓာကိုယ်မှာ အဆီပိုတွေရှိလို့ စိတ်ညစ်နေတဲ့သူတွေရှိလား? ဝယ်ထားတဲ့ အဝတ်အစားတွေ မတော်တော့ဘူးလား? ကိုယ့်ကိုယ်ကိုယ် ဝလာတယ်လို့ ထင်နေပြီလား? ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ အောက်မှာပြောပြထားတဲ့ နည်းလမ်းလေးအတိုင်းသာလုပ်။ ၁ဝရက်အတွင်း အဟုတ် (၂၂)ပေါင်ကျစေရမယ်။
ဒီတော့ Diet Planလေးရဲ့ နာမည်က 900 ကယ်လိုရီတဲ့။ အဓိပ္ပာယ်ကတော့ တစ်နေ့လုံးမှာ 900 ကယ်လိုရီပဲစားရမယ်။ တစ်နေ့ကို 900 ကယ်လိုရီစားပြီး ၁ဝရက်အတွင်း ၂၂ပေါင်ကျအောင်လုပ်ယူတဲ့နည်းလေးပေါ့။
မနက်ပိုင်းဘာစားရမလဲ?
မနက်ပိုင်းမှာစားရမယ့်အစားအစာကတော့ ဘဲဥဖြစ်ဖြစ်ဖြစ် ကြက်ဥဖြစ်ဖြစ် ပြုတ်ပြီးစားရပါမယ်။ ကိုယ်ကြိုက်တဲ့ ဥရွေးစား။ (၃)လုံးထက်တော့ မပိုရဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ ဘဲဥပြုတ်တစ်လုံးရဲ့ ပျှမ်းမျှကယ်လိုရီက ရဝကယ်လိုရီရှိတယ်လေ။ ဒါကြောင့် ဘဲဥပြုတ် (သို့)ကြက်ဥပြုတ် (၃)လုံးစားလို့ရတယ်။ ပြီးရင် မနက်တိုင်းသောက်နေကျ လက်ဖက်ရည်လေးအစား Green Teaလေးတစ်ခွက်သောက်လို့ရတယ်နော်။ ဒါကြောင့် မနက်ပိုင်းစားရမှာက ဘဲဥပြုတ်(၃)လုံး၊ Green Tea (၁)ခွက်ဆိုလုံလောက်ပြီ။
နေ့လည်စာ
နေ့လည်စာကတော့ ထမင်းစားလို့မရဘူးနော်။ ဝိတ်တက်လာတဲ့ အကြောင်းရင်းတွေထဲမှာ အစားကြီးတာလည်းပါတယ်။ ၁ဝရက်လောက်တော့ အောင့်အည်းနေမှရမယ်လေ။ နေ့လည်စာအဖြစ်ဘာစားရမလဲဆိုတော့ ကြက်ဥပြုတ် ဒါမှမဟုတ် ဘဲဥပြုတ်(၃)လုံး၊ ပန်းသီးတစ်လုံးရယ်၊ Green Teaတစ်ခွက်ရယ်ဆို နေ့လည်စာအတွက် အိုကေပြီ။
ညစာ
ညစာကအရေးကြီးသွားပြီနော်။ ဝိတ်တက်စေတဲ့ အကြောင်းရင်းတွေထဲမှာ ညစာအများကြီးစားလို့လည်းပါတယ်။ ဒီတော့ ညနေ (၆)နာရီမကျော်ခင် ညစာအနေနဲ့ ဆန်ပြုတ်လေးတစ်ခွက်လောက်တော့ သောက်။ ဆန်ပြုတ်တစ်ခွက်ဆိုလို့ တိုင်ကီကို ဂိုင်းတပ်ပြီးတစ်ခွက်လို့တော့ မလုပ်နဲ့နော်။ လက်ဖက်ရည်ကြမ်းထည့်တဲ့ ပန်ကန်လုံးဆိုဒ်လောက်နဲ့ တစ်ခွက်ကိုပြောတာ။ပန်းသီးတစ်လုံးစား။ ဒီကြားထဲမှာ ဗိုက်နည်းနည်းဆာတယ်ထင်ရင် မုန်လာဥဖျော်ရည်တို့ သခွားသီးဖျော်ရည်တို့ သောက်လို့ရသေးတယ်နော်။ပြီးရင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ Green Teaလေးတစ်ခွက်လောက်ကို ဘီယာလိုသဘောထားပြီးသောက်။ ဘယ်လောက်ကောင်းလဲ။
ဒီတော့ ကိုယ့်တစ်နေ့လုံးစားထားတာ ဘယ်လောက်ကယ်လိုရီရှိလည်း သိချင်မှာပေါ့။ အောက်မှာရေးပေးထားတယ်နော်။ တစ်နေ့ကို ၉ဝဝကယ်လိုရီကွက်တိပဲ။
ပန်းသီး (၂)လုံး – ၂၃ဝကယ်လိုရီ
ဘဲဥပြုတ် (၆)လုံး – ၄၅ဝကယ်လိုရီ
Green Tea – ၀ ကယ်လိုရီ
ဆန်ပြုတ်တစ်ခွက် – ၁၆ဝကယ်လိုရီ
မုန်လာဥဖျော်ရည် – ၃ဝကယ်လိုရီ
သခွားသီးဖျော်ရည် – ၃ဝကယ်လိုရီ
စုစုပေါင်း – ၉ဝဝကယ်လိုရီ
တချိူ့ Diet Planတွေက လနဲ့ချီပြီးကြာတတ်တယ်နော်။ ဒီနည်းလေးက ၁ဝရက်အတွင်း အဖြေပေါ်တာဆိုတော့ အဖြေကိုစောစောသိရတာပေါ့။ ကဲ လှချင်တဲ့သူတွေကတော့ ၁ဝရက်လောက်အပင်ပန်းခံလိုက်တာနဲ့ (၂၂)ပေါင်ကျပြီး ဂေါ်သွားမှာအမှန်ပဲ။ (၁၀)ရက် အတွင်း ယောကျင်္ားလေးဆို စော်ကြည်၊ မိန်းကလေးဆို ဘဲကြည်ဖြစ်အောင် စမ်းလုပ်ကြည့်သင့်တယ်နော်။
ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။
အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ၁ဝရက်အတွင်း ၂၂ပေါင်ကျအောင် ၀ိတ်လျှော့နည်းလေးပဲ ဖြစ်ပါတယ်။