၁၄.၁၀.၂၀၁၉ မွ ၂၀.၁၀.၂၀၁၉ အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊အညံ့ေတြပေပ်ာက္ေအာင္၊ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)



March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီတစ္ပတ္မွာ အနီးအနားက လူေတြနဲ႔ ျပႆနာေတြတက္ရဖို႔ရွိေနပါတယ္။ ကိုယ္နဲ႔မဆိုင္တဲ့အရာေတြမွာ ဝင္မပါမိေစဖို႔ ကုိယ့္ကုိယ္ကုိယ္သတိထားပါ။ အလုပ္နဲ႔ပတ္သက္ျပီးေရရွည္မွာအဆင္ေျပေစမယ့္ အၾကံဥာဏ္ေကာင္းေတြထြက္လာဖုိ႔ရွိတယ္။ ဘယ္အရာမွအေလာတၾကီးမလုပ္မိေစဖို႔သတိျပဳပါ။ ပင္လယ္နဲ႔ပတ္သက္တဲ့ခရီးေတြထြက္ဖို႔အခ်ိန္ေကာင္းျဖစ္တယ္။ အခ်စ္ေရးမွာခ်စ္သူနဲ႔ပံုမွန္အတိုင္းအဆင္ေျပေနမယ္။ ခ်စ္သူမရွိတဲ့သူေတြက ခ်စ္သူရဖုိ႔မေမွ်ာ္လင့္ပါနဲ႔ဦး။

Taurus (April 20 -May 20)




Taurus ရာသီဖြားေတြဟာအခုအခ်ိန္မွာ အခက္အခဲေတြနဲ႔ၾကံဳေနရမယ္။ မိသားစုထဲမွာမေမွ်ာ္လင့္ထားတဲ့ ပဋိပကၡေတြရွိေနမယ္။ စိတ္ရွည္သည္းခံျခင္းနဲ႔သာေအာင္ျမင္နုိင္မွာျဖစ္တယ္။ အလုပ္ကိစၥနဲ႔ပတ္သက္ျပီးအေရးၾကီးတဲ့အစည္းအေဝးေတြလုပ္ဖို႔ရွိရင္ ဒီရက္ပုိင္းမွာလုပ္တာအဆင္ေျပမယ္။ ေငြေၾကးဆံုးရံႈးရကိန္းရွိတယ္။ လူတကာကိုအယံုမလြယ္မိဖို႔သတိထားပါ။ ခရီးသြားဖို႔သင့္ေတာ္တဲ့အခ်ိန္ေကာင္းျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ ထူးထူးျခားျခားဘာမွျဖစ္လာဖို႔မရွိေသးဘူး။ ပိုေနျမဲက်ားေနျမဲပဲရွိေနမယ္။

Gemini (May 21 – Jun 20)



အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ မွားယြင္းတဲ့အၾကံဥာဏ္ေတြကုိနားမေယာင္မိဖို႔သတိထားပါ။ စိတ္ရွည္ရွည္ထားျပီးကို္ယ္လုပ္စရာရွိတာကုိပဲလုပ္ျခင္းနဲ႔ အရာရာကုိေအာင္ျမင္နုိင္မွာျဖစ္ပါတယ္။ အလုပ္ကိစၥေတြမွာအဆင္ေျပလင့္ကစား ေငြေရးေၾကးေရးေတာ့ၾကပ္တည္းေနမယ္။ အခုရက္ပုိင္းမွာ ခရီးသြားလာျခင္းကုိတတ္နိုင္သမွွ်ေရွာင္ၾကဥ္ပါ။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခံစားခ်က္ေတြကုိကစားခံေနရသလို ခံစားရမယ္။ ဒါေပမယ့္အဲဒါကုိလည္း လက္ဆုပ္လက္ကုိင္ျပလို႔မရပဲျဖစ္ေနမယ္။တက်က္က်က္ရန္ျဖစ္ေနရမယ္။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ ကုိယ့္အၾကံအစည္ေတြကုိ တတ္နုိင္သမွ်ဘယ္သူ႔ကုိမွေျပာမျပျဖစ္ေအာင္ေနပါ။ လက္ရွိသက္ေရာက္ေနတဲ့ ျဂိဳဟ္ခြင္ေတြအရ အလုပ္အကုိင္ေတြအဆင္ေျပဖို႔ရွိတယ္။ အနုပညာလုပ္ငန္းနဲ႔ဆက္စပ္လုပ္ကုိင္ေနသူေတြအထူးတလည္ေအာင္ျမင္မႈရရွိမယ္။ ထင္မွတ္မထားတာေတြျဖစ္လာနုိ္င္လို႔အရာရာကုိဂရုစိုက္ပါ။ ခရီးသြားလာဖု႔ိအဆင္ေျပတဲ့ကာလျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ မထင္မွတ္ထားတဲ့အခ်ိဳးအေကြ႕ေတြၾကံဳလာရမယ္။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပုိင္းမွာ စိတ္ဖိစီးမႈေတြမ်ားေနေပမယ့္ အလုပ္ေတြအဆင္ေျပေနမယ္။ မိသားစုနဲ႔ အရင္ကထက္ပုိျပီးရင္းနွီးလာမယ္။ စိတ္ညစ္စရာေတြရွိရင္ေျပလည္သြားမယ္။ မိသားစုနဲ႔အတူ ခရီးထြက္ဖို႔ေပ်ာ္ရႊင္စရာအခ်ိန္ေတြဖန္တီးဖို႔အခ်ိန္ေကာင္းျဖစ္တယ္။ အရင္ကတည္းက စဥ္းစားထားတဲ့အၾကံအစည္ေတြကုိအေကာင္အထည္ေဖာ္သင့္တဲ့အခ်ိန္ျဖစ္တယ္။ အခ်စ္ေရးမွာ ကုိယ့္ဘက္ကေျပာင္းလဲသြားတယ္လို႔သံသယဝင္ခံေနရမယ္။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ အလုပ္မွာ ကိုယ့္ဦးတည္ခ်က္ကေနမေသြဖည္သြားေအာင္ ဂရုစုိက္ပါ။ အသိမိတ္ေဆြအသစ္ေတြက ဒုကၡေတြကုိသယ္လာနုိ္င္လို႔မိတ္ေဆြအသစ္ဖြဲ႕ဖို႔သင့္ေတာ္တဲ့အခ်ိန္မဟုတ္ပါဘူး။ ေအးေအးခ်မ္းခ်မ္းရွိတဲ့ ကမ္းေျခလိုေနရာမ်ိဳးေတြကုိ္ခရီးသြားဖို႔သင့္ေတာ္တဲ့အခ်ိန္ပါ။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခံစားခ်က္ေတြကုိဝန္မခံရဲပဲျဖစ္ေနမယ္။ ခ်စ္သူနဲ႔ဘာမဆို ပြင့္ပြင့္လင္းလင္းရင္ဆိုင္ေျပာသင့္တယ္။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ အလုပ္မွာ စြမ္းေဆာင္ရည္ေတြေလ်ာ့က်ေနမယ္။ စိတ္မရွည္ျဖစ္ေနမယ္။ စိတ္ဖိစီးမႈေတြမ်ားျပီး စိတ္ေတြရႈပ္ေထြးေနမယ္။ဒါေပမယ့္မၾကာခင္္မွာေကာင္းေသာေျပာင္းလဲျခင္းေတြနဲ႔ၾကံဳေတြ႕ရဖို႔ရွိတယ္။ ေငြေရးေၾကးေရးၾကပ္တည္းေနေပမယ့္ သံုးစရာမရွိတဲ့အေျခအေနမ်ိဳးအထိေတာ့မဟုတ္ဘူး။ ခရီးသြားလာဖို႔သင့္ေတာ္တဲ့အခ်ိန္ကာလပါ။ကုိယ္ခ်စ္တဲ့သူေတြ၊ ကုိယ့္မိသားစုေတြနဲ႔ အပန္းေျဖခရီးေတြထြက္ရဖို႔ရွိတယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုအခ်ိန္မွာ ျဂိဳဟ္အသြားအလာေတြနဲ႔သက္ေရာက္မႈေတြအရ အခ်စ္ေရးမွာ ပဋိပကၡေတြအေျပာင္းအလဲေတြနဲ႔ၾကံဳရဖို႕ရွိတယ္။ ကုိယ္နဲ႔မသိတဲ့လူစိမ္းေတြနဲ႔ ယံုၾကည္ျပီးေပါင္းတာမ်ိဳးေတြမလုပ္မိဖို႔သတိျပဳပါ။ ေငြေရးေၾကးေရးမွာေတာ့ ေငြပုိေငြလ်ွံေလးေတြရဖို႔ရွိတယ္။ အရင္က မက္ခဲ့တဲ့အိပ္မက္ေတြက တကယ္လက္ေတြ႕ျဖစ္လာဖုိ႔ရွိတယ္။ ခရီးသြားလာဖို႔သင့္ေတာ္တဲ့အခ်ိန္ျဖစ္တယ္။ အလုပ္ကိစၥနဲ႔ခရီးသြားမယ့္သူေတြကေတာ့ အရင္ကထက္ပုိျပီးသတိထားသင့္တယ္။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာစီးနင္းထားတ့ဲဲ ျဂိဳဟ္ေတြရဲ႕သက္ေရာက္မႈေတြအရ စိတ္ခံစားခ်က္ေတြနဲ႔ အေလာတၾကီးနုိင္မႈေတြက အလုပ္မွာထိခိုက္မႈေတြျဖစ္နို္င္လို႔သတိျပဳပါ။ တစ္ခုခုမလုပ္ခင္စိတ္ေအးေအးထားျပီးလုပ္မွအဆင္ေျပမယ့္အခ်ိန္ကာလျဖစ္တယ္။ ကိုယ့္ကုိယ္ကုိယ္သံသယေတြပြားေနျပီး ေၾကာက္လန္႔မႈေတြရွိေနမယ္။ ဒါေပမယ့္ လုပ္ငန္းကုိင္ငန္းေတြအဆင္ေျပဖုိ႔ရွိလို႔စိတ္မပူပါနဲ႔။ ခရီးသြားဖို႔သင့္ေတာ္တဲ့အခ်ိန္ေကာင္းျဖစ္ေပမယ့္ လမ္းခရီးမွာစာရြက္စာတမ္းေပ်ာက္ရွမႈေတြရွိနုိင္လို႔ သတိထားသင့္တယ္။ အခ်စ္ေရးကေတာ့ ကေမာက္ကမေတြျဖစ္ေနမယ္။

Capricorn (December 22 – Jan 19)

လက္တေလာမွာ ေက်ာင္းတက္ေနတဲ့သူေတြအတြက္ စာေမးပြဲေတြအေျခအေနေကာင္းေနမယ္။ ေငြေရးေၾကးေရးအဆင္ေျပေနမယ္။ အလုပ္မွာ ျပႆနာေတြကုိစိ္တ္လုိက္မာန္ပါရင္မဆိုင္မိေစဖို႔သတိျပဳပါ။ တတ္နုိ္င္သမွ်ခရီးသြားဖို႔မသင့္ေသးဘူး။ မတည္နို္င္တဲ့ကတိေတြမေပးမိေအာင္ သတိထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ တစ္ဖက္က ကုိယ့္ကုိအသံုးခ်နုိင္ေစဖို႔ကုိယ္တိုင္က အခြင့္အေရးေပးမိသလိုျဖစ္ေနမယ္။ ကုိယ့္ခ်စ္သူနဲ႔ အဆင္ေျပဖို႔ ကုိယ့္ရဲ႕အက်င့္ေတြေျပာင္းဖို႔လိုအပ္ေနမယ္။

Aquarius (January 20 – February 18)

သက္ေရာက္ျဂိဳဟ္ေတြရဲ႕အစီအစဥ္ေျပာင္းလဲမႈေတြအရ ေအာင္ျမင္မႈနဲ႔ေသြဖည္တဲ့ ဆံုးျဖတ္ခ်က္ေတြခ်မွတ္ေနမိျပီးလမ္းမွားေရာက္ေနနုိင္လို႔သတိထားရမယ္။ ကုိယ္လိုခ်င္တာကုိတိတိက်က်သိျပီးအဲဒါကုိရေအာင္ၾကိဳးစားသင့္တဲ့အခ်ိန္ကာလျဖစ္တယ္။ ကုိယ္ရည္မွန္းထားတဲ့့ပန္းတိုင္ကိုအေရာက္သြားနုိ္င္မယ့္ အခြင့္အေရးမ်ိဳးရမယ္။ အခ်စ္ေရးမွာ အျငင္းအခုန္ေတြမ်ားေနမယ့္အခ်ိန္ကာလပါ။ မျဖစ္မေနသြားရမွာမ်ိဳးမဟုတ္ရင္ခရီးမသြားသင့္ေသးဘူး။

Pieces (February 19 – March 20)

ဒီရက္ပုိင္းမွာ ကံကုိယံုျပီးဆူးပံုနင္းတာေတြမလုပ္မိဖို႔သတိထားရမယ္။ ေငြေရးေၾကးေရးနဲ႔ပတ္သက္တဲ့ အေရးၾကီးတဲ့ဆံုးျဖတ္ခ်က္ေတြခ်မွတ္သင့္တဲ့အခ်ိန္မဟုတ္ေသးဘူး။ သတင္းဆိုးေတြၾကားရဖုိ႔ရွိတယ္။ အေျခအေနတိုင္းနဲ႔လိုက္ေလ်ာညီေထြျဖစ္မွအဆင္ေျပနုိ္င္မယ္။ အခ်စ္ေရးမွာေတာ့အခ်ိန္ယူျပီး စဥ္းစားရမယ့္ကိစၥေတြရွိလာမယ္။ မျဖစ္မေနသြားရမယ့္ခရီးမ်ိဳးမဟုတ္ရင္တတ္နုိင္သမွ် ခရီးမသြားသင့္ဘူး။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။
Unicode
၁၄.၁၀.၂၀၁၉ မှ ၂၀.၁၀.၂၀၁၉ အထိ ပြောချင်လွန်းလို့ တစ်ပတ်စာဗေဒင်ဟောစာတမ်း

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင််လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊အညံ့တွေပပျောက်အောင်၊ကြံတိုင်းအောင််ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီတစ်ပတ်မှာ အနီးအနားက လူတွေနဲ့ ပြဿနာတွေတက်ရဖို့ရှိနေပါတယ်။ ကိုယ်နဲ့မဆိုင်တဲ့အရာတွေမှာ ဝင်မပါမိစေဖို့ ကိုယ့်ကိုယ်ကိုယ်သတိထားပါ။ အလုပ်နဲ့ပတ်သက်ပြီးရေရှည်မှာအဆင်ပြေစေမယ့် အကြံဉာဏ်ကောင်းတွေထွက်လာဖို့ရှိတယ်။ ဘယ်အရာမှအလောတကြီးမလုပ်မိစေဖို့သတိပြုပါ။ ပင်လယ်နဲ့ပတ်သက်တဲ့ခရီးတွေထွက်ဖို့အချိန်ကောင်းဖြစ်တယ်။ အချစ်ရေးမှာချစ်သူနဲ့ပုံမှန်အတိုင်းအဆင်ပြေနေမယ်။ ချစ်သူမရှိတဲ့သူတွေက ချစ်သူရဖို့မမျှော်လင့်ပါနဲ့ဦး။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ အခက်အခဲတွေနဲ့ကြုံနေရမယ်။ မိသားစုထဲမှာမမျှော်လင့်ထားတဲ့ ပဋိပက္ခတွေရှိနေမယ်။ စိတ်ရှည်သည်းခံခြင်းနဲ့သာအောင်မြင်နိုင်မှာဖြစ်တယ်။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အစည်းအဝေးတွေလုပ်ဖို့ရှိရင် ဒီရက်ပိုင်းမှာလုပ်တာအဆင်ပြေမယ်။ ငွေကြေးဆုံးရှုံးရကိန်းရှိတယ်။ လူတကာကိုအယုံမလွယ်မိဖို့သတိထားပါ။ ခရီးသွားဖို့သင့်တော်တဲ့အချိန်ကောင်းဖြစ်တယ်။ အချစ်ရေးမှာတော့ ထူးထူးခြားခြားဘာမှဖြစ်လာဖို့မရှိသေးဘူး။ ပိုနေမြဲကျားနေမြဲပဲရှိနေမယ်။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် မှားယွင်းတဲ့အကြံဉာဏ်တွေကိုနားမယောင်မိဖို့သတိထားပါ။ စိတ်ရှည်ရှည်ထားပြီးကို်ယ်လုပ်စရာရှိတာကိုပဲလုပ်ခြင်းနဲ့ အရာရာကိုအောင်မြင်နိုင်မှာဖြစ်ပါတယ်။ အလုပ်ကိစ္စတွေမှာအဆင်ပြေလင့်ကစား ငွေရေးကြေးရေးတော့ကြပ်တည်းနေမယ်။ အခုရက်ပိုင်းမှာ ခရီးသွားလာခြင်းကိုတတ်နိုင်သမျှှရှောင်ကြဉ်ပါ။ အချစ်ရေးမှာတော့ ကိုယ့်ခံစားချက်တွေကိုကစားခံနေရသလို ခံစားရမယ်။ ဒါပေမယ့်အဲဒါကိုလည်း လက်ဆုပ်လက်ကိုင်ပြလို့မရပဲဖြစ်နေမယ်။တကျက်ကျက်ရန်ဖြစ်နေရမယ်။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ ကိုယ့်အကြံအစည်တွေကို တတ်နိုင်သမျှဘယ်သူ့ကိုမှပြောမပြဖြစ်အောင်နေပါ။ လက်ရှိသက်ရောက်နေတဲ့ ဂြိုဟ်ခွင်တွေအရ အလုပ်အကိုင်တွေအဆင်ပြေဖို့ရှိတယ်။ အနုပညာလုပ်ငန်းနဲ့ဆက်စပ်လုပ်ကိုင်နေသူတွေအထူးတလည်အောင်မြင်မှုရရှိမယ်။ ထင်မှတ်မထားတာတွေဖြစ်လာနို်င်လို့အရာရာကိုဂရုစိုက်ပါ။ ခရီးသွားလာဖို့အဆင်ပြေတဲ့ကာလဖြစ်တယ်။ အချစ်ရေးမှာတော့ မထင်မှတ်ထားတဲ့အချိုးအကွေ့တွေကြုံလာရမယ်။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ စိတ်ဖိစီးမှုတွေများနေပေမယ့် အလုပ်တွေအဆင်ပြေနေမယ်။ မိသားစုနဲ့ အရင်ကထက်ပိုပြီးရင်းနှီးလာမယ်။ စိတ်ညစ်စရာတွေရှိရင်ပြေလည်သွားမယ်။ မိသားစုနဲ့အတူ ခရီးထွက်ဖို့ပျော်ရွှင်စရာအချိန်တွေဖန်တီးဖို့အချိန်ကောင်းဖြစ်တယ်။ အရင်ကတည်းက စဉ်းစားထားတဲ့အကြံအစည်တွေကိုအကောင်အထည်ဖော်သင့်တဲ့အချိန်ဖြစ်တယ်။ အချစ်ရေးမှာ ကိုယ့်ဘက်ကပြောင်းလဲသွားတယ်လို့သံသယဝင်ခံနေရမယ်။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် အလုပ်မှာ ကိုယ့်ဦးတည်ချက်ကနေမသွေဖည်သွားအောင် ဂရုစိုက်ပါ။ အသိမိတ်ဆွေအသစ်တွေက ဒုက္ခတွေကိုသယ်လာနို်င်လို့မိတ်ဆွေအသစ်ဖွဲ့ဖို့သင့်တော်တဲ့အချိန်မဟုတ်ပါဘူး။ အေးအေးချမ်းချမ်းရှိတဲ့ ကမ်းခြေလိုနေရာမျိုးတွေကို်ခရီးသွားဖို့သင့်တော်တဲ့အချိန်ပါ။ အချစ်ရေးမှာတော့ ကိုယ့်ခံစားချက်တွေကိုဝန်မခံရဲပဲဖြစ်နေမယ်။ ချစ်သူနဲ့ဘာမဆို ပွင့်ပွင့်လင်းလင်းရင်ဆိုင်ပြောသင့်တယ်။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ အလုပ်မှာ စွမ်းဆောင်ရည်တွေလျော့ကျနေမယ်။ စိတ်မရှည်ဖြစ်နေမယ်။ စိတ်ဖိစီးမှုတွေများပြီး စိတ်တွေရှုပ်ထွေးနေမယ်။ဒါပေမယ့်မကြာခင််မှာကောင်းသောပြောင်းလဲခြင်းတွေနဲ့ကြုံတွေ့ရဖို့ရှိတယ်။ ငွေရေးကြေးရေးကြပ်တည်းနေပေမယ့် သုံးစရာမရှိတဲ့အခြေအနေမျိုးအထိတော့မဟုတ်ဘူး။ ခရီးသွားလာဖို့သင့်တော်တဲ့အချိန်ကာလပါ။ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်မိသားစုတွေနဲ့ အပန်းဖြေခရီးတွေထွက်ရဖို့ရှိတယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုအချိန်မှာ ဂြိုဟ်အသွားအလာတွေနဲ့သက်ရောက်မှုတွေအရ အချစ်ရေးမှာ ပဋိပက္ခတွေအပြောင်းအလဲတွေနဲ့ကြုံရဖို့ရှိတယ်။ ကိုယ်နဲ့မသိတဲ့လူစိမ်းတွေနဲ့ ယုံကြည်ပြီးပေါင်းတာမျိုးတွေမလုပ်မိဖို့သတိပြုပါ။ ငွေရေးကြေးရေးမှာတော့ ငွေပိုငွေလျှံလေးတွေရဖို့ရှိတယ်။ အရင်က မက်ခဲ့တဲ့အိပ်မက်တွေက တကယ်လက်တွေ့ဖြစ်လာဖို့ရှိတယ်။ ခရီးသွားလာဖို့သင့်တော်တဲ့အချိန်ဖြစ်တယ်။ အလုပ်ကိစ္စနဲ့ခရီးသွားမယ့်သူတွေကတော့ အရင်ကထက်ပိုပြီးသတိထားသင့်တယ်။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာစီးနင်းထားတဲ့ဲ ဂြိုဟ်တွေရဲ့သက်ရောက်မှုတွေအရ စိတ်ခံစားချက်တွေနဲ့ အလောတကြီးနိုင်မှုတွေက အလုပ်မှာထိခိုက်မှုတွေဖြစ်နို်င်လို့သတိပြုပါ။ တစ်ခုခုမလုပ်ခင်စိတ်အေးအေးထားပြီးလုပ်မှအဆင်ပြေမယ့်အချိန်ကာလဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်သံသယတွေပွားနေပြီး ကြောက်လန့်မှုတွေရှိနေမယ်။ ဒါပေမယ့် လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေဖို့ရှိလို့စိတ်မပူပါနဲ့။ ခရီးသွားဖို့သင့်တော်တဲ့အချိန်ကောင်းဖြစ်ပေမယ့် လမ်းခရီးမှာစာရွက်စာတမ်းပျောက်ရှမှုတွေရှိနိုင်လို့ သတိထားသင့်တယ်။ အချစ်ရေးကတော့ ကမောက်ကမတွေဖြစ်နေမယ်။

Capricorn (December 22 – Jan 19)

လက်တလောမှာ ကျောင်းတက်နေတဲ့သူတွေအတွက် စာမေးပွဲတွေအခြေအနေကောင်းနေမယ်။ ငွေရေးကြေးရေးအဆင်ပြေနေမယ်။ အလုပ်မှာ ပြဿနာတွေကိုစိ်တ်လိုက်မာန်ပါရင်မဆိုင်မိစေဖို့သတိပြုပါ။ တတ်နို်င်သမျှခရီးသွားဖို့မသင့်သေးဘူး။ မတည်နို်င်တဲ့ကတိတွေမပေးမိအောင် သတိထားသင့်တယ်။ အချစ်ရေးမှာတော့ တစ်ဖက်က ကိုယ့်ကိုအသုံးချနိုင်စေဖို့ကိုယ်တိုင်က အခွင့်အရေးပေးမိသလိုဖြစ်နေမယ်။ ကိုယ့်ချစ်သူနဲ့ အဆင်ပြေဖို့ ကိုယ့်ရဲ့အကျင့်တွေပြောင်းဖို့လိုအပ်နေမယ်။

Aquarius (January 20 – February 18)

သက်ရောက်ဂြိုဟ်တွေရဲ့အစီအစဉ်ပြောင်းလဲမှုတွေအရ အောင်မြင်မှုနဲ့သွေဖည်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နေမိပြီးလမ်းမှားရောက်နေနိုင်လို့သတိထားရမယ်။ ကိုယ်လိုချင်တာကိုတိတိကျကျသိပြီးအဲဒါကိုရအောင်ကြိုးစားသင့်တဲ့အချိန်ကာလဖြစ်တယ်။ ကိုယ်ရည်မှန်းထားတဲ့့ပန်းတိုင်ကိုအရောက်သွားနို်င်မယ့် အခွင့်အရေးမျိုးရမယ်။ အချစ်ရေးမှာ အငြင်းအခုန်တွေများနေမယ့်အချိန်ကာလပါ။ မဖြစ်မနေသွားရမှာမျိုးမဟုတ်ရင်ခရီးမသွားသင့်သေးဘူး။

Pieces (February 19 – March 20)

ဒီရက်ပိုင်းမှာ ကံကိုယုံပြီးဆူးပုံနင်းတာတွေမလုပ်မိဖို့သတိထားရမယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်သင့်တဲ့အချိန်မဟုတ်သေးဘူး။ သတင်းဆိုးတွေကြားရဖို့ရှိတယ်။ အခြေအနေတိုင်းနဲ့လိုက်လျောညီထွေဖြစ်မှအဆင်ပြေနို်င်မယ်။ အချစ်ရေးမှာတော့အချိန်ယူပြီး စဉ်းစားရမယ့်ကိစ္စတွေရှိလာမယ်။ မဖြစ်မနေသွားရမယ့်ခရီးမျိုးမဟုတ်ရင်တတ်နိုင်သမျှ ခရီးမသွားသင့်ဘူး။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။

Tags:

Leave a Reply