၂၅နှစ်လောက် အနုပညာလုပ်ပြီးမှ အိမ်လေးတစ်လုံးဆောက်နိုင်တဲ့အကြောင်းပြောလာတဲ့ မင်းညီ
Unicode
ဗီဒီယိုခေတ်တုန်းက ဇာတ်ကားတွေ တော်တော်များများရိုက်ပြီး ပရိသတ်တွေ အသိအမှတ်ပြုခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် မင်းညီကိုတော့ သတိထားမိကြမယ် ထင်ပါတယ်။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေထဲမှာ ရင်းရင်းနှီးနှီးတွေ့‌‌ေနရတဲ့ မင်းညီကတော့ သူ့မိသားစုနဲ့သူ့အတွက်ပါ ကောင်းတဲ့ အရာလေးတခုကို လုပ်နိုင်ခဲ့ပြီး ဂုဏ်ယူနေခဲ့တာ ဖြစ်ပါတယ်။
ဒါကတော့ သရုပ်ဆောင်မင်းညီတစ်ယောက် အနုပညာလုပ်ခဲ့တဲ့ သက်တမ်း ၂၅ နှစ်လောက်အတွင်းမှာ ကိုယ်ပိုင်အိမ်လေး တစ်လုံးကိုဆောက်လိုက်နိုင်တာ ဖြစ်ပါတယ်။ ဒီအကြောင်းလေးကိုတော့ မင်းညီက သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ပုံတွေနဲ့တကွသေချာတင်ထားတာ ဖြစ်ပါတယ်။
မင်းညီကတော့ “ဒီအခြေအနေလေးဖြစ်လာအောင်.. ဘယ်လောက်ရုန်းကန်ရသလဲသိလား ဦးကျော်ဟိန်းလိုပြောရင် နှစ်အစိတ်ကွ နှစ်အစိတ် ဒါတောင်ဇာတ်ပို့ဇာတ်ရံတခုထဲမဟုတ်ဘူး ဇာတ်ညွှန်း လဲရေး ဒါရိုက်တာ လဲလုပ်သီချင်းလဲဆို သံချပ်လဲထိုး အငြိမ့်လဲက ဘောလုံးလဲကန် သူများခိုင်းသမျအနုပညာနဲ့ပတ်သတ်သမျှအောက်ခြေသိမ်းလုပ်ပြီး စုတာတောင် အမေ အကို ဦးလေးမိတ်ဆွေဆရာဘ မိန်းမလုပ်ခ အားလုံးထောက်ပံ့သမျ တို့က သိန်း၁၂၅သိန်း ထောက်ပံ့ ထောက်ပံ့ပေးမှ အဲလိုလေး ဖြစ်ရသဗျဘဝ ဘဝအနုပညာ သမားဘဝ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။
မင်းညီကတော့ အနုပညာရှင်တွေရဲ့ ဘဝတွေက ခက်ခဲတဲ့အကြောင်းကို ပြောပြခဲ့ပြီး သူအိမ်လေးတစ်လုံးရဖို့ ဘယ်လိုတွေ ကြိုးစားပြီး ဘယ်လိုတေါ အကူအညီယူခဲ့ရလည်းဆိုတာကို ပြောပြထားတာ ဖြစ်ပါတယ်။
Leave a Reply