ဟာသဥာဏ်ရွှင်တဲ့ ကျားကျားတို့ရဲ့ မဟာလုပ်ရပ်တွေ

0
170

ချစ်တဲ့သူနဲ့ လက်ထပ်ရတယ်ဆိုတာ ပျော်စရာပါ။ လက်ထပ်မိသူက ဟာသဥာဏ်ရွှင်ရင်တော့ ပိုလို့ ပျော်ရပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ခင်ပွန်းတွေရဲ့ ဖြေရှင်းပုံအချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

၁. ယောက်ျားလေးတွေဟာ ချက်ပြုတ်ရာမှာ ပါရမီရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မီးဖိုချောင်နဲ့တော့ လူတိုင်းမရင်းနှီးဘူး။ သေချာမရှင်းပြဘဲ ခေါက်ဆွဲလေး မီးဖိုပေါ်တင်လိုက်နော်လို့ ဆိုရင်တော့ ဒါမျိုးတွေကို မျှော်လင့်ထားပါ။

၂. ကိုယ့်ထက်အရပ်မြင့်တဲ့ ယောက်ျားတွေကိုမှ သဘောကျတယ် ဆိုတဲ့ ချိမတို့လည်း ယူပြီးရင်တော့ ကြည့်မှန်တွေဘာတွေကို သူတို့စိတ်ကြိုက်မချိတ်ခိုင်းမိစေနဲ့။ တစ်ခါတည်း ကိုယ့်အရပ်နဲ့အဆင်ပြေအောင် ချိတ်ခိုင်းပါ။

၃. ကြက်ဥမွှေပေးတို့၊ ငရုတ်သီးထောင်းပေးတို့ ခိုင်းမယ်ဆိုရင်လည်း လိုချင်တဲ့အနေအထားကို ရောက်ပြီလား ပြန်စစ်ဖို့ မမေ့ပါနဲ့။ မဟုတ်လို့ကတော့ သူတို့ထင်သလို စွတ်လုပ်တော့မှာ။

၎. ဒီလိုကလည်း ဗြောင်လိမ်တတ်သေးတာ။ ဘီယာမသောက်ရဘူးဆို အပေါ်ကနေ “ဘီယာ မဟုတ်ဘူးနော်” လို့ စာကပ်ပြီး သောက်တာမျိုးပေါ့။ ကလေးဆိုးတွေထက် သည်းခံရနိုင်ပါတယ်။

၅. လက်စွပ်ဝတ်ချင်တဲ့ မိန်းမကို Surprise လုပ်တာတဲ့။ အောက်က မတ်ခွက်ကြီးနဲ့။ လက်စွပ်လေးမြင်လို့ အပျော်မစောဖို့ လိုပါတယ်။

၆. ယောက်ျားတွေဟာ တစ်နေရာကနေ တစ်နေရာကို သွားဖို့ ပြင်ဆင်ရာမှာ ပျမ်းမျှအားဖြင့် မိန်းမတွေလောက် အလုပ်မရှုပ်ပါဘူး။ ဒီလိုအိမ်မှာ စောင့်နေရသလို ဈေးဝယ်ရင်လည်း စောင့်ရပြန်တာပါပဲ။