ၾကည့္ရႈနႈန္းအျမင့္ဆံုးနဲ႔ပရိသတ္အၾကိဳက္ဆံုး စူပါဟီးရိုးဇာတ္လမ္းတြဲမ်ား

ရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ စြဲလန္းေစမယ့္ ဇာတ္လမ္းတြဲေတြက တစ္ေန႔တစ္ျခားပုိပုိတိုးျပီးေပၚထြက္လာေနတယ္ဆုိရင္မမွားပါဘူး။ အဲဒီဇာတ္လမ္းတြဲေတြထဲမွာ တစ္ခုနဲ႔တစ္ခုအျပိဳင္အဆိုင္ ဆန္းျပားျပီး ဆြဲေဆာင္မႈရွိေနတဲ့ စူပါဟီးရိုးဇာတ္လမ္းတြဲေတြလည္းပါဝင္ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ၾကည့္ရႈ႕နႈန္းအျမင့္ဆံုးနဲ႔ ပရိသတ္အၾကိဳက္ဆံုး စူပါဟီးရိုးဇာတ္လမ္းတြဲေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

Agent Carter



သင္က Marvel ရုပ္ရွင္ေတြကုိ စိတ္ဝင္တစားၾကည့္ရႈ႕သူျဖစ္ျပီး Captain America ကုိနွစ္သက္သူဆိုရင္ေတာ့ Peggy Carter ဆိုတဲ့ Agent မေလးနဲ႔ ရင္းနွီးျပီးျဖစ္မွာပါ။ Agent Carter series ကေတာ့ Captain America ရဲ႕ခ်စ္ရတဲ့ေကာင္မေလး Peggy Carter အေၾကာင္းရိုက္ထားတဲ့ ဇာတ္လမ္းတြဲျဖစ္ပါတယ္။ Peggy Carter အျဖစ္ Captain America ရုပ္ရွင္ထဲမွာ သရုပ္ေဆာင္တဲ့ Hayley Atwell ကပဲ သရုပ္ေဆာင္ထားပါတယ္။ Agent Cater ဟာ 2015-2016 နွစ္နွစ္တာပဲလႊင့္ခဲ့တဲ့series ျဖစ္ေပမယ့္ လူၾကိဳက္အမ်ားဆံုး series ေတြထဲမွာတစ္ခုအပါအဝင္ပါ။

Supergirl




Superman ရဲ႕ တစ္ဝမ္းကြဲအစ္မျဖစ္တဲ့ Supergirl ဇာတ္လမ္းတြဲေလးကိုနွစ္သက္တဲ့ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားရွိၾကမွာပါ။ Supergirl အျဖစ္ ခ်စ္ဖို႔ေကာင္းျပီးအသည္းယားစရာေကာင္းတဲ့မင္းသမီးေလး Melissa Benoist က သရုပ္ေဆာင္ထားျပီး ၾကည့္ရတာေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္စရာေကာင္းတဲ့ ဇာတ္လမ္းတြဲေလးဆုိရင္မမွားပါဘူး။Supergirl ကလည္း Superheroes ဇာတ္ကားေတြထဲမွာ လူၾကိဳက္အမ်ားဆံုးဇာတ္လမ္းတြဲတစ္ခုအျဖစ္တည္ရွိေနတာပါ။

The Flash



မ်က္ဝန္းစိမ္းလက္လက္ေလးေတြနဲ႔ အသံခြ်ဲခြ်ဲေလးနဲ႔ စကားေျပာတတ္တဲ့ Flash ဟာ 2014 မွာ စတင္ထုတ္လႊင့္ခဲ့ကတည္းက ပရိသတ္ေတြရဲ႕နလံုးသားကုိဖမ္းစားထားခဲ့တာျဖစ္ပါတယ္။ ကမၻာ့အျမန္ဆံုးလူသား Flash အျဖစ္သရုပ္ေဆာင္တဲ့မင္းသား Grant Gustin ရဲ႕သရုပ္ေဆာင္ေကာင္းမႈနဲ႔ ဆြဲေဆာင္မႈရွိတာေတြေၾကာင့္လည္း Flash series ဟာ တစ္ကမၻာလံုးကအားေပးတဲ့ စူပါဟီးရိုးဇာတ္လမ္းတြဲတစ္ခုအျဖစ္ဒီေန႔တိုင္ရပ္တည္ေနနို္င္တာပါ။

Smallville

Superman အေၾကာင္းရိုက္ထားတဲ့ Smallville ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ား အၾကိဳက္ေတြ႕ၾကတဲ့ ဇာတ္လမ္းတြဲတစ္ခုပါ။ Smallville ထဲမွာ Superman ဟာ သူ႔ရဲ႕ငယ္ဘဝျပႆနာေတြနဲ႔ဘယ္လိုရင္ဆို္င္ခဲ့လဲဆိုတာေတြကုိအဓိက ေဖာ္ျပထားျပီး Clark Kent အျဖစ္ Tom Welling က သရုပ္ေဆာင္ေပးထားပါတယ္။ Smallville ဟာ ပရိသတ္အားေပးမႈေတြေၾကာင့္ seasons 10 အထိ ထုတ္နုိင္ခဲ့ျပီး ဆယ္စုနွစ္တစ္ခုေက်ာ္ၾကာ ေအာင္ျမင္လာခဲ့တာပါ။

Daredevil

Daredevil ကေတာ့ Mavel ရဲ႕ TV Series ေတြထဲမွာ Netflix မွာ ပထမဆံုးျပသခြင့္ရတဲ့ series တစ္ခုျဖစ္ပါတယ္။ Daredevil ဟာ Movie Critics ေတြဆီက 92% rating ရျပီး ပရိသတ္ေတြဆီကလည္း 92% ရထားတဲ့ series ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲထဲက Matt Murdock အျဖစ္ Charlie Cox က ေျပာင္ေျမာက္စြာသရုပ္ေဆာင္ထားတာျဖစ္လို႔ ပရိသတ္ေတြအၾကိဳက္ေတြ႕တဲ့ Superheroes ဇာတ္လမ္းတြဲေတြထဲမွာထိပ္ဆံုးနားက ရပ္တည္ေနတဲ့ ဇာတ္လမ္းတြဲဆိုရင္လည္းမမွားပါဘူး။

Unicode

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် စွဲလန်းစေမယ့် ဇာတ်လမ်းတွဲတွေက တစ်နေ့တစ်ခြားပိုပိုတိုးပြီးပေါ်ထွက်လာနေတယ်ဆိုရင်မမှားပါဘူး။ အဲဒီဇာတ်လမ်းတွဲတွေထဲမှာ တစ်ခုနဲ့တစ်ခုအပြိုင်အဆိုင် ဆန်းပြားပြီး ဆွဲဆောင်မှုရှိနေတဲ့ စူပါဟီးရိုးဇာတ်လမ်းတွဲတွေလည်းပါဝင်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကြည့်ရှု့နှုန်းအမြင့်ဆုံးနဲ့ ပရိသတ်အကြိုက်ဆုံး စူပါဟီးရိုးဇာတ်လမ်းတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။

Agent Carter

သင်က Marvel ရုပ်ရှင်တွေကို စိတ်ဝင်တစားကြည့်ရှု့သူဖြစ်ပြီး Captain America ကိုနှစ်သက်သူဆိုရင်တော့ Peggy Carter ဆိုတဲ့ Agent မလေးနဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ Agent Carter series ကတော့ Captain America ရဲ့ချစ်ရတဲ့ကောင်မလေး Peggy Carter အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Peggy Carter အဖြစ် Captain America ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တဲ့ Hayley Atwell ကပဲ သရုပ်ဆောင်ထားပါတယ်။ Agent Cater ဟာ 2015-2016 နှစ်နှစ်တာပဲလွှင့်ခဲ့တဲ့series ဖြစ်ပေမယ့် လူကြိုက်အများဆုံး series တွေထဲမှာတစ်ခုအပါအဝင်ပါ။

Supergirl

Superman ရဲ့ တစ်ဝမ်းကွဲအစ်မဖြစ်တဲ့ Supergirl ဇာတ်လမ်းတွဲလေးကိုနှစ်သက်တဲ့ပရိသတ်တွေတော်တော်များများရှိကြမှာပါ။ Supergirl အဖြစ် ချစ်ဖို့ကောင်းပြီးအသည်းယားစရာကောင်းတဲ့မင်းသမီးလေး Melissa Benoist က သရုပ်ဆောင်ထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးဆိုရင်မမှားပါဘူး။Supergirl ကလည်း Superheroes ဇာတ်ကားတွေထဲမှာ လူကြိုက်အများဆုံးဇာတ်လမ်းတွဲတစ်ခုအဖြစ်တည်ရှိနေတာပါ။

The Flash

မျက်ဝန်းစိမ်းလက်လက်လေးတွေနဲ့ အသံချွဲချွဲလေးနဲ့ စကားပြောတတ်တဲ့ Flash ဟာ 2014 မှာ စတင်ထုတ်လွှင့်ခဲ့ကတည်းက ပရိသတ်တွေရဲ့နလုံးသားကိုဖမ်းစားထားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံးလူသား Flash အဖြစ်သရုပ်ဆောင်တဲ့မင်းသား Grant Gustin ရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ ဆွဲဆောင်မှုရှိတာတွေကြောင့်လည်း Flash series ဟာ တစ်ကမ္ဘာလုံးကအားပေးတဲ့ စူပါဟီးရိုးဇာတ်လမ်းတွဲတစ်ခုအဖြစ်ဒီနေ့တိုင်ရပ်တည်နေနို်င်တာပါ။

Smallville

Superman အကြောင်းရိုက်ထားတဲ့ Smallville ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေတော်တော်များများ အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ Smallville ထဲမှာ Superman ဟာ သူ့ရဲ့ငယ်ဘဝပြဿနာတွေနဲ့ဘယ်လိုရင်ဆို်င်ခဲ့လဲဆိုတာတွေကိုအဓိက ဖော်ပြထားပြီး Clark Kent အဖြစ် Tom Welling က သရုပ်ဆောင်ပေးထားပါတယ်။ Smallville ဟာ ပရိသတ်အားပေးမှုတွေကြောင့် seasons 10 အထိ ထုတ်နိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်လာခဲ့တာပါ။

Daredevil

Daredevil ကတော့ Mavel ရဲ့ TV Series တွေထဲမှာ Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့ series တစ်ခုဖြစ်ပါတယ်။ Daredevil ဟာ Movie Critics တွေဆီက 92% rating ရပြီး ပရိသတ်တွေဆီကလည်း 92% ရထားတဲ့ series ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲက Matt Murdock အဖြစ် Charlie Cox က ပြောင်မြောက်စွာသရုပ်ဆောင်ထားတာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့တဲ့ Superheroes ဇာတ်လမ်းတွဲတွေထဲမှာထိပ်ဆုံးနားက ရပ်တည်နေတဲ့ ဇာတ်လမ်းတွဲဆိုရင်လည်းမမှားပါဘူး။

Tags: