ၾကည္႔ရႈသူ ၁၄ သန္းေက်ာ္ေနျပီျဖစ္တဲ႔ Taylor Swift ရဲ႕ Music Video အသစ္

ပုရိသေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္ Taylor Swift တစ္ေယာက္ကေတာ႔ သူရဲ႕ Music Video အသစ္ “Delicate” ကို ပရိတ္သတ္ ေရွ႕ခ်ျပခဲ့ပါတယ္။ ဒီVideo ေလးဟာ သူေနာက္ဆံုးထြက္ရိွထားတဲ့ “Reputation” အေခြထဲက ေလးပုဒ္ေျမာက္ Single သီခ်င္းတစ္ပုဒ္ပါပဲ။ ဒီ Music Video ရဲ႕ ေအာင္ျမင္မႈကေတာ့ေၾကာက္ခမန္းလိလိပါ။ YouTubeမွာတင္ၿပီး တစ္ရက္အၾကာမွာတင္ ၾကည့္ရႈသူေပါင္း (၁၄)သန္းေက်ာ္ေနပါၿပီ။ ေျပာခ်င္လြန္းလို႔ ရဲ႕ စာဖတ္သူေတြလည္း မၾကည္႔ရေသးရင္ ၾကည္႔လိုက္ၾကပါဦး။

Taylor Swiftရဲ႕ အခုအသစ္ထြက္ရိွလာတဲ့ “Delicate” Music Videoမွာေတာ့ ထံုးစံအတိုင္း သူရဲ႕ စိတ္ခံစားခ်က္အခ်ိဴ႕ကိုဖြင့္ထုတ္ျပထားၿပီး စိတ္နယ္လြန္အေၾကာင္းအရာေလးေတြပါ ထည့္သြင္းရိုက္ကူးထားတာက “Delicate”ကိုတစ္မူထူးျခားေစပါတယ္။ ဒီထက္ထူးျခားတာကေတာ႔ အေနာက္တိုင္းေလာကီဂိုဏ္းတစ္ခုျဖစ္တဲ႔ IIIuminati ရဲ႕ ေလာကီအစီအရင္ေတြျဖစ္တဲ႔ မွန္၊ပလႅင္၊ စကားဝွက္သေကၤတေလးေတြပါ ထည့္သြင္းရိုက္ကူးထားတာပါ။ ဒီVideoထဲမွာ မွန္ခ်ပ္ေရွ႕မွာထိုင္ေနရင္းကေန ရုတ္တရက္ပံုရိပ္မဲ့သြားၿပီး လူေတြက Talyor Swiftရဲ႕ပံုရိပ္ကိုမျမင္ရေတာ့တဲ့ပံုစံရိုက္ကူးထားပါတယ္။ သူ႔ကိုလူေတြမျမင္ႏိုင္ေတာ့တာေသခ်ာသြားတဲ့ေနာက္ Taylor Swiftတစ္ေယာက္ သူ႔စိတ္ခံစားခ်က္ေတြကိုဖြင့္ထုတ္ၿပီး လြတ္လြတ္လပ္လပ္ျပဳမူေနထိုင္ေနတဲ့ပံုကို “Delicate”မွာျမင္ေတြ႔ရမွာပါ။

ၿပီးခဲ့တဲ့ႏွစ္အပိုင္းအျခားေတြမွာ Taylor Swift ဟာ ေဝဖန္တိုက္ခိုက္မႈေတြခံခဲ့ရတဲ့သူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီ Music Videoမွာ Taylor Swift တစ္ေယာက္ သူ႔စိတ္ခံစားခ်က္ေတြကို ဖြင့္ထုတ္ထားလားဆိုတာစိတ္ဝင္စားစရာပါပဲ။ ဒါေပမဲ့ ဘယ္လိုပဲတိုက္ခိုက္ခံရခံရ Taylor Swiftကေတာ့ Taylor Swiftပါပဲ။ ၿပီးခဲ့တဲ့ (၁၁)ရက္ေန႔ကတင္ iHeartRadio Music Awardsမွာ တစ္ႏွစ္တာအေကာင္းဆံုးအမ်ိဴးသမီးအႏုပညာရွင္ဆုကို ရရိွခဲ့ပါေသးတယ္။

ဒီအေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ ၾကည္႔ရႈသူ ၁၄ သန္းေက်ာ္ေနျပီျဖစ္တဲ႔ Taylor Swift ရဲ႕ Music Video အသစ္ အေၾကာင္းပဲ ျဖစ္ပါတယ္။

M2O

Unicode

ပုရိသတွေရဲ့အချစ်တော် အဆိုတော် Taylor Swift တစ်ယောက်ကတော့ သူရဲ့ Music Video အသစ် “Delicate” ကို ပရိတ်သတ် ရှေ့ချပြခဲ့ပါတယ်။ ဒီVideo လေးဟာ သူနောက်ဆုံးထွက်ရှိထားတဲ့ “Reputation” အခွေထဲက လေးပုဒ်မြောက် Single သီချင်းတစ်ပုဒ်ပါပဲ။ ဒီ Music Video ရဲ့ အောင်မြင်မှုကတော့ကြောက်ခမန်းလိလိပါ။ YouTubeမှာတင်ပြီး တစ်ရက်အကြာမှာတင် ကြည့်ရှုသူပေါင်း (၁၄)သန်းကျော်နေပါပြီ။ ပြောချင်လွန်းလို့ ရဲ့ စာဖတ်သူတွေလည်း မကြည့်ရသေးရင် ကြည့်လိုက်ကြပါဦး။

Taylor Swiftရဲ့ အခုအသစ်ထွက်ရှိလာတဲ့ “Delicate” Music Videoမှာတော့ ထုံးစံအတိုင်း သူရဲ့ စိတ်ခံစားချက်အချိူ့ကိုဖွင့်ထုတ်ပြထားပြီး စိတ်နယ်လွန်အကြောင်းအရာလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာက “Delicate”ကိုတစ်မူထူးခြားစေပါတယ်။ ဒီထက်ထူးခြားတာကတော့ အနောက်တိုင်းလောကီဂိုဏ်းတစ်ခုဖြစ်တဲ့ IIIuminati ရဲ့ လောကီအစီအရင်တွေဖြစ်တဲ့ မှန်၊ပလ္လင်၊ စကားဝှက်သင်္ကေတလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာပါ။ ဒီVideoထဲမှာ မှန်ချပ်ရှေ့မှာထိုင်နေရင်းကနေ ရုတ်တရက်ပုံရိပ်မဲ့သွားပြီး လူတွေက Talyor Swiftရဲ့ပုံရိပ်ကိုမမြင်ရတော့တဲ့ပုံစံရိုက်ကူးထားပါတယ်။ သူ့ကိုလူတွေမမြင်နိုင်တော့တာသေချာသွားတဲ့နောက် Taylor Swiftတစ်ယောက် သူ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ပြီး လွတ်လွတ်လပ်လပ်ပြုမူနေထိုင်နေတဲ့ပုံကို “Delicate”မှာမြင်တွေ့ရမှာပါ။

ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေမှာ Taylor Swift ဟာ ဝေဖန်တိုက်ခိုက်မှုတွေခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီ Music Videoမှာ Taylor Swift တစ်ယောက် သူ့စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ထားလားဆိုတာစိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ ဘယ်လိုပဲတိုက်ခိုက်ခံရခံရ Taylor Swiftကတော့ Taylor Swiftပါပဲ။ ပြီးခဲ့တဲ့ (၁၁)ရက်နေ့ကတင် iHeartRadio Music Awardsမှာ တစ်နှစ်တာအကောင်းဆုံးအမျိူးသမီးအနုပညာရှင်ဆုကို ရရှိခဲ့ပါသေးတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ကြည့်ရှုသူ ၁၄ သန်းကျော်နေပြီဖြစ်တဲ့ Taylor Swift ရဲ့ Music Video အသစ် အကြောင်းပဲ ဖြစ်ပါတယ်။

M2O