တနေ့တာ အလွဲတကာ့အလွဲဆုံးသော အဖြစ်အပျက်များ
Unicode
တနေ့တာကို အပြုံးလေးနဲ့စိတ်ကြည်လင်လန်းဆန်းမှုနဲ့ စတင်ရတာ သိပ်ကိုကောင်းတဲ့အလေ့အကျင့်ပါ။ ဒါပေမဲ့ပေါ့လေ… ရုံးအမီတက်ဖို့လိုနေချိန်မှ ဖိနပ်နှစ်ရံကိုတွဲစီးလာမိတာတွေ၊ ရုတ်တရက်ကြီးအိမ်ထဲမြွေဝင်နေတာကြုံရတာမျိုးတွေက ဘယ်မှာလာပြီးပျော်စရာကောင်းပါ့မလဲနော်။ ဒီလိုပဲပေါ့….တနေ့တာအလွဲတွေဆိုလည်းကြုံရတတ်တာကိုး။ နက်ဖြန်ရောက်ရင်မေ့သွားမှာပါ။ ဘဝမှာဒီလို မထင်မှတ်တဲ့အလွဲလေးတွေကြုံလာရရင် ဓာတ်ပုံလေးရိုက်၊မြင်ကွင်းမှတ်တမ်းလေးအဖြစ်သိမ်းထားကြဖို့ အကြံပေးလိုက်ပါရစေဗျာ။ တခါတလေစိတ်ညစ်စရာတွေကိုက ပျော်စရာကောင်းနေတာကိုးဗျ။
ဒီလူ ဒီလိုစိတ်ကူးကိုဘယ်လိုရသွားလဲမသိဘူးနော်။ ဘယ်လိုထင်လဲဗျ။ ပေါင်မုန့်တွေကို လက်စားချေနေတာများလား။ အဲ…စိတ်ထဲမှာတော့အိစက်သွားတာပဲ။
ဝင်လာပါမခေါ်ဘဲ ရောက်လာတဲ့ဧည့်သည်ကတော့အိမ်ရှေ့ကိုရောက်နေပြီ။ ဝက်ဝံကြီးတကောင် ကိုယ့်ခြံထဲရောက်နေတာတော့ ကြက်သီးထစရာပါပဲ။ ဘယ်လိုမှသည်းခံနိုင်စရာမရှိပါဘူး။
ဟောလိုးဝင်းညမှာ ဒီလိုဝတ်စုံမျိုးဝတ်ချင်ခဲ့တာတဲ့လေ။ အတော်ဆိုးတဲ့သူပဲ။ Cotton Candy ဝတ်စုံ ကိုမှ ဝတ်ချင်တဲ့မိန်းကလေးရဲ့အဖြစ်က ပန်းရောင်မှင်စာလေးလိုလိုနော့။
ဆယ်လ်ဖီဆွဲနေတုန်းတန်းလန်းမှာ ဖုန်းလွတ်ကျသွားတာမျိုးကြုံဖူးကြလားဗျ။ ဒါမှမဟုတ် အဲ့လိုရိုက်နေတုန်း ကောက်ခါငင်ခါဖုန်းလွတ်ကျသွားရင် ဘယ်လိုပုံများထွက်လာမလဲစိတ်ကူးယဉ်ကြည့်ဖူးကြတယ်မဟုတ်လား။ ဒီပုံပါပဲဗျာ။ ဆယ်လ်ဖီဆွဲနေတုန်းဖုန်းလွတ်ကျသွားတဲ့ရုပ်ထွက်ဗျို့။
ချက်ရပြုတ်ရတာ ဝါသနာကိုမပါ၊စိတ်ကိုမပါတဲ့သူတွေ ဒီလိုလေးတော့ပညာပြတတ်ကြသဗျ။ ဟုတ်တယ်လေ…ကိုယ်မလုပ်ချင်ဘဲလုပ်ရတဲ့အလုပ်ကိုး။
ကူညီကြပါဦး။ ဝိုင်းကူညီပေးလိုက်ကြပါဦး။ ကြံကြံဖန်ဖန် ဖြစ်မှဖြစ်ရတယ်လို့ဗျာ။ တွတ်ပီကံမကောင်းတဲ့နေ့လို့ပဲဖြေကြပါတော့။ ကြုံရတာမသက်သာပေမဲ့ မြင်ရသူအဖို့တော့ရယ်စရာအေုကာင်းသားဗျ။