ဖြိုးပြည့်စုံက ဒီလိုအလုပ်မျိုး လုပ်မှာမဟုတ်ဘူးဆိုတဲ့ စန္ဒီမြင့်လွင့်
Unicode
ဒီရက်ပိုင်းမှာတော့ အဆိုတော် ဖြိုးပြည့်စုံကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ရင်တော့ ပရိသတ်တွေဟာ စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ အခုလည်း စန္ဒီမြင့်လွင်ကတော့ ဖြိုးပြည့်စုံကိစ္စနဲ့ ပတ်သက်ပြီး သူရဲ့ အမြင်တွေကို ပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။
သီတင်းကျွတ်နဲ့ပတ်သက်ပြီးတော့လည်း “ သီတင်းကျွတ်အစီစဉ်ကတော့ မိဘတွေ ကန်တော့မယ် ၊ အောင်ဇဗ္ဗူကျောင်းမှာ သွားဆိုပေးဖို့ရှိတယ်။ ကျန်တာတော့ မိဘတွေကန်တော့မယ် ရိုးရာပေါ့နော် ။ ကန်တော့နေကြအတိုင်းပဲပေါ့။ သမီးလေးနဲ့ ဒီအတိုင်းလေးပါပဲ ။ လျှောက်သွားတာမျိုး ဘာမျိုးတွေမလုပ် ပါဘူး ။”ဆိုပြီးပြောပြသွားပါတယ်။
စန္ဒီမြင့်လွင်က ဖြိုးပြည့်စုံ ကိစ္စနဲ့ပတ်သက်ပြီးတော့ “ ကိုဖြိုးက တကယ်ကို စိတ်ထားလည်းကောင်းတယ် အဲ့ဒီလိုလူမျိုးလည်းမဟုတ် တဲ့အတွက်ကြောင့်မို့လို့ သူလုပ်တယ်လို့လည်း မယုံကြည့်ဘူး ။ တကယ်လို့ ဟုတ်ခဲ့ရင်တောင်မှ မှားနေတယ်လို့ပဲ ထင်တယ် ။ ဒးီဒီ မှမဟုတ်ဘူး သူနဲ့နောက်ပိုင်းသူငယ်ချင်းတွေ အရမ်းပေါင်းတဲ့သင်းတဲ့ သူငယ်ချင်းတွေရှိမှာပဲလေ အဲ့ဒီလူတွေက ပိုပြီးတော့ သိမှာပေါ့ ။ အားလုံးသိကြပါတယ်။ ဒီးဒီလည်း သူနဲ့တွဲဖူးတယ် သီချင်းတွေဘာတွေတွဲဆိုဖူးတယ်။ Show ပွဲတွေဘာတွေ အတူတူသွားဖူးတယ်။ အဲ့ဒီလိုလူမျိုးကိုမဟုတ်တာ ဆရာဝန်တစ်ယောက်လည်းဖြစ်တယ်လေနော် ပညာတတ်တစ်ယောက်လေ အဲ့ဒီလိုလူမျိုးမှမဟုတ်တာ ။ ဘယ်လိုမှမဖြစ်နိုင်ဘူး တစ်ခုခုမှားနေတာ ဖြစ်မယ်။ တစ်နေရာရာလေးမှာ မှားသွားတာပေါ့ ။ တကယ်တမ်းကျတော့ ဆိုင်မှာထိုင်နေရင်းဖြစ်သွားတယ်ဆိုတော့ မယုံဘူး မှားယွင်းစွာထိမ်းသိန်းထားတယ်လို့ပဲ ထင်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဖြိုးပြည့်စုံရဲ့ ကိစ္စမှာ အနုပညာရှင်တော်တော်များများကလည်း ဖြိုးပြည့်စုံရဲ့ စာရိတ္တကိုယုံကြည်ကြောင်း ဒီကိစ္စရပ်ဟာ တစ်ခုခုမှားယွင်းနေကြောင်းကိုပဲ ပြောပြီး ဖြိုးပြည့်စုံအတွက်တရားမျှတမှုရရှိဖို့ ဝိုင်းပြီးဆုတောင်းပေးနေကြပါတယ်။ ဖြိုးပြည့်စုံ ပရိသတ်တွေကလည်း ဒီလိုအဖြစ်ပျက်မျိုးဖြစ်စရာ အကြောင်းမရှိဘူးလို့ အပြည့်ဝယုံကြည်နေကြပါတယ်။
Leave a Reply