ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားတဲ့ BC ၁၃၀၃ခုႏွစ္က ေမြးဖြားခဲ့တဲ့ မံမီၾကီး

0
118

ႏိုင္ငံတခုကေန တခုကို ကူးသန္းသြားလာတဲ့အခါ ပတ္စ္ပို႕(ႏိုင္ငံကူးလက္မွတ္) လိုအပ္ပါတယ္။ ကမာၻေပၚက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ႏိုင္ငံကူးလက္မွတ္ဟာ အေရးပါတဲ့ အရာတခုၿဖစ္ၿပီး ကမာၻပတ္ခရီးသြားေနသူမ်ားအတြက္ မရိွမၿဖစ္လိုအပ္ပါတယ္။ ႏိုင္ငံကူးလက္မွတ္ဟာ မ်ားေသာအားၿဖင့္ အသက္ရွင္လ်က္ရိွတဲ့ လူသားေတြအတြက္သာ အသံုးဝင္တဲ့ အရာအၿဖစ္ ကြ်န္ေတာ္တို႔ သိထားခဲ့ေပမယ့္ ၿပင္သစ္ႏိုင္ငံရဲ႕ ဥပေဒကေတာ့ တကယ့္ကို ထူးထူးၿခားၿခား ဆန္းဆန္းၿပားၿပားပဲ ၿဖစ္ပါတယ္။

ယံုႏိုင္မလားေတာ့မသိဘူးဗ်ာ။ BC ၁၃၀၃ခုႏွစ္က ေမြးဖြားခဲ့တဲ့ လူသားတဦးဟာ ေသဆံုးသြားခဲ့တာ ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီၾကာၿမင့္ၿပီ ၿဖစ္ေပမယ့္ ႏိုင္ငံကူးလက္မွတ္ကိုေတာ့ ၁၉၇၆ခုႏွစ္မွ ရရိွခဲ့တာ ၿဖစ္ပါတယ္။ ၿပင္သစ္ႏိုင္ငံရဲ႕ ေရွ႕ေဟာင္းသုေသတန အဖြဲ႕မွ ရွာေဖြေလ့လာေတြ႕ရိွထားတဲ့ အီဂ်စ္ႏိုင္ငံရဲ႕ ဘုရင္ေဟာင္း Ramses II ရဲ႕ မံမီရုပ္အေလာင္းကို ၿပင္သစ္ႏိုင္ငံကို သယ္ယူရာမွာ ႏိုင္ငံရဲ႕ လူဝင္မႈၾကီးၾကပ္ေရး ဥပေဒအရ ႏိုင္ငံကူးလက္မွတ္ၿပဳလုပ္ရတာ ၿဖစ္ပါတယ္။

Ramses IIဟာ အသက္ ၂၀အရြယ္မွာ နန္းတက္ခဲ့တဲ့ အီဂ်စ္ဘုရင္တဦး ၿဖစ္ပါတယ္။ သူကြယ္လြန္ၿပီးေနာက္မွာ အီဂ်စ္တို႔အစဥ္အလာအတိုင္း ပိရမစ္တည္ေဆာက္ကာ ရုပ္အေလာင္းကိုလည္း မံမီအၿဖစ္စီမံကာ ၿမွပ္ႏွံခဲ့တာ ၿဖစ္ပါတယ္။ ၿပင္သစ္ႏိုင္ငံကို သယ္ေဆာင္လာတဲ့ အခါမွာ ဘုရင္ၾကီးရဲ႕ မံမီရုပ္အေလာင္းဟာလည္း စည္းမ်ဥ္းစည္းကမ္းအတိုင္း ကိုယ္ေရးအခ်က္အလက္ေတြ၊ အလုပ္အကိုင္ေတြ၊ ေမြးဖြားတဲ့ ခုႏွစ္ေတြကို စာရင္းသြင္းရပါေတာ့တယ္။ မံမီရုပ္အေလာင္းၾကီးရဲ႕ ႏိုင္ငံကူးလက္မွတ္မွာပါတဲ့ အခ်က္ေတြကေတာ့

အမည္ – Ramses II

ႏိုင္ငံသား – အီဂ်စ္ႏိုင္ငံသား

ေမြးဖြားသည့္ေန႔ရက္ – ဘီစီ ၁၃၀၃

အလုပ္အကိုင္ – ဘုရင္( ကြယ္လြန္ ) ဆုိၿပီး ေရးသားထားခဲ့တာ ၿဖစ္ပါတယ္။

Unicode

နိုင်ငံတခုကနေ တခုကို ကူးသန်းသွားလာတဲ့အခါ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်) လိုအပ်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံတော်တော်များများမှာ နိုင်ငံကူးလက်မှတ်ဟာ အရေးပါတဲ့ အရာတခုဖြစ်ပြီး ကမ္ဘာပတ်ခရီးသွားနေသူများအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံကူးလက်မှတ်ဟာ များသောအားဖြင့် အသက်ရှင်လျက်ရှိတဲ့ လူသားတွေအတွက်သာ အသုံးဝင်တဲ့ အရာအဖြစ် ကျွန်တော်တို့ သိထားခဲ့ပေမယ့် ပြင်သစ်နိုင်ငံရဲ့ ဥပဒေကတော့ တကယ့်ကို ထူးထူးခြားခြား ဆန်းဆန်းပြားပြားပဲ ဖြစ်ပါတယ်။

ယုံနိုင်မလားတော့မသိဘူးဗျာ။ BC ၁၃၀၃ခုနှစ်က မွေးဖွားခဲ့တဲ့ လူသားတဦးဟာ သေဆုံးသွားခဲ့တာ နှစ်ပေါင်း ထောင်နဲ့ချီကြာမြင့်ပြီ ဖြစ်ပေမယ့် နိုင်ငံကူးလက်မှတ်ကိုတော့ ၁၉၇၆ခုနှစ်မှ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ရှေ့ဟောင်းသုသေတန အဖွဲ့မှ ရှာဖွေလေ့လာတွေ့ရှိထားတဲ့ အီဂျစ်နိုင်ငံရဲ့ ဘုရင်ဟောင်း Ramses II ရဲ့ မံမီရုပ်အလောင်းကို ပြင်သစ်နိုင်ငံကို သယ်ယူရာမှာ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံကူးလက်မှတ်ပြုလုပ်ရတာ ဖြစ်ပါတယ်။

Ramses IIဟာ အသက် ၂၀အရွယ်မှာ နန်းတက်ခဲ့တဲ့ အီဂျစ်ဘုရင်တဦး ဖြစ်ပါတယ်။ သူကွယ်လွန်ပြီးနောက်မှာ အီဂျစ်တို့အစဉ်အလာအတိုင်း ပိရမစ်တည်ဆောက်ကာ ရုပ်အလောင်းကိုလည်း မံမီအဖြစ်စီမံကာ မြှပ်နှံခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကို သယ်ဆောင်လာတဲ့ အခါမှာ ဘုရင်ကြီးရဲ့ မံမီရုပ်အလောင်းဟာလည်း စည်းမျဉ်းစည်းကမ်းအတိုင်း ကိုယ်ရေးအချက်အလက်တွေ၊ အလုပ်အကိုင်တွေ၊ မွေးဖွားတဲ့ ခုနှစ်တွေကို စာရင်းသွင်းရပါတော့တယ်။ မံမီရုပ်အလောင်းကြီးရဲ့ နိုင်ငံကူးလက်မှတ်မှာပါတဲ့ အချက်တွေကတော့

အမည် – Ramses II

နိုင်ငံသား – အီဂျစ်နိုင်ငံသား

မွေးဖွားသည့်နေ့ရက် – ဘီစီ ၁၃၀၃

အလုပ်အကိုင် – ဘုရင်( ကွယ်လွန် ) ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။