နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးကြောင့်ပိတ်ထားတဲ့ အကြောင်းအရာများ
0
72
Unicode
တရုတ်ပြည်ကို သွားလို့မရတဲ့ ကမ္ဘာကျော်မင်းသားတစ်ဦးရှိပါတယ်။သူဟာ ဘရက်ပစ်ဖြစ်ပြီး တရုတ်က သူမုန်းတီးတဲ့ တိဗက်အကြောင်းကို ဘရက်ပစ်က ရိုက်ကူးလို့ သူ့ကို လာရောက်လည်ပတ်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။သူဟာ “Seven Years in Tibet” ဆိုတဲ့ ရုပ်ရှင်မှာ တရုတ်ကို ခပ်နာနာလေးတွယ်လိုက်လို့ ဒီဖလင်ကို တရုတ်အစိုးရက ပိတ်လိုက်တာဖြစ်ပါတယ်။
Grapes of Wrath ဆိုတဲ့ ရုပ်ရှင်က ကြာခဲ့ပြီဖြစ်ပါတယ်။ဒါဟာ ဂျိုးဇက်စတာလင်ခေတ်ကဖြစ်ပြီး သူ့ပြည်သူတွေ အမေရိကားတိုက်ဘက်ပြောင်းရွှေ့နေထိုင်မှုကို ရိုက်ပြတာဖြစ်ပါတယ်။ဒါကို ဆိုဗီယက်အစိုးရက ချက်ချင်းပိတ်ပင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီလို အပြုအမူနဲ့ နိုင်ငံသားတွေကို ဒုက္ခပေးခြင်းမျိုး ဆိုဗီယက်ပြည်ထောင်စုမှာ မရှိဘူးဆိုပါတယ်။သမိုင်းမှာတော့ အမြန်ဆုံးသော တုံ့ပြန်မှုဖြစ်ပါတယ်။
Graeme Obree ဆိုတာ စက်ဘီးစီးချန်ပီယံဖြစ်ပါတယ်။သူဟာ စက်ဘီးကို ပုံစံမျိုးစုံနဲ့ အလှစီးတပြတာဖြစ်ပြီး သူ့စီးနင်းမှုက ကြောက်ဖို့ ကောင်းပါတယ်။သူက တောင်တွေပေါ်က အရှိန်နဲ့လည်း ထိုးဆင်းတာမျိုးလုပ်ပါတယ်။သူ့ကို ပြိုင်ပွဲတွေက ပိတ်ထားပါတယ်။သူ့အသက်အန္တရာယ်နဲ့ လိုက်လုပ်မယ့်သူတွေရဲ့ အသက်အန္တရာယ်ကြောင့်ဖြစ်ပါတယ်။
ကနေဒါမှာ ရှိတဲ့ နှစ်ခြင်းခံဘုရားကျောင်းမှာတော့ လိင်တူလက်ထပ်ပေးခြင်းကို အပြင်းအထန်တားမြစ်ထားပါတယ်။ကျန်ဒေသတွေမှာတော့ အဆင်ပြေနိုင်ပေမယ့် ဂေးတွေကိုတော့ အဆိုပါ ဘုရားကျောင်းမှာ လက်မခံပါဘူး။ဘယ်လောက်ပွင့်လင်းတဲ့ နိုင်ငံလို့ ပြောပြော ဒါကိုတော့ ကနေဒါက ရှုံ့ချပါတယ်။
တရုတ်အစိုးရဟာ တိဗက်ဘုန်းတော်ကြီးကို ကိုးကွယ်ယုံကြည်တာကို လက်မခံပါဘူး။အကြောင်းအရင်းကတော့ တိဗက်ကို အကြိမ်ကြိမ်ဖျက်ဆီးဖို့ကြိုးစားပေမယ့် မရခဲ့တာအတွက် ဒါကို တေးမှတ်ပါတယ်။တိဗက်လားမား ဘုန်းတော်ကြီးတွေဟာလည်း တရုတ်အစိုးရနီးနီး အာဏာရှိတာအတွက်ကြောင့်ဖြစ်ပါတယ်။
ချက်စ်ကျောင်းတွေရဲ့ သမိုင်းကျောင်းအစကို ဝီကီမှာ တင်ပါတယ်။ဒီလိုတင်တဲ့အခါ အကယ်၍ သင်ဟာ ကျမ်းကိုးကျမ်းခိုင်နဲ့ အချက်အလက်ပြနိုင်ရင် သင်သိတာ ဝင်ပြင်နိုင်ပါတယ်။အဲ့ဒီမှာ ဘာသာရေးအုပ်စုတွေအတွက် မပြီးနိုင်တဲ့ ပွဲဖြစ်သွားပြီး နောက်ဆုံး ပြင်မရအောင် ပိတ်လိုက်ရတဲ့အထိပါပဲ။.
အီရန်မှာ အနောက်တိုင်း ဆံပင်ပုံစံထားခြင်းကို ပိတ်ထားပါတယ်။သူတို့ဟာလည်း မြောက်ကိုရီယားလို အစိုးရက ချမှတ်တဲ့ ဆံပင်ပုံစံကို သာ ညှပ်ရတာဖြစ်ပါတယ်။တကယ့်ကို ဟာသဥပဒေတွေပါပဲ။
တင့်ကားပုံစံ ဝှီးချဲကို တချိန်က ထွင်ခဲ့ပါတယ်။ဒါက အလိုူအလျှောက်မောင်းနှင်မှုဖြစ်ပြီး ကျောက်တုံးတွေ ဂမူတွေကိုပါ ကျော်နိုင်ပါတယ်။သိပ်ရှောင်ကွင်းသွားစရာမလိုုပါဘူး။ဒါပေမယ့် အင်္ဂလန်ကတော့ ဒါဟာ စစ်တပ်အတွက် နမိတ်ဆိုးလို့ ဆိုပါတယ်။မသန်စွမ်းတဲ့ တင်ကားတပ်ကို နိမိတ်အရ ပိုင်ဆိုင်နေရလိမ့်မယ်လို့ ဆိုပါတယ်။
စင်္ကာပူမှာ ပီကေရောင်းရင် ဝယ်ရင် စားရင် ဖမ်းပါတယ်။ပီကယ်ဟာ ကျန်းမာရေးအတွက်လည်း အထောက်အကူမဖြစ်သလို လမ်းတွေမှာ အလွယ်တကူပစ်ရင် အရုပ်ဆိုးစေတယ်လို့ သတ်မှတ်ပြီး စားခွင့်နဲ့ ရောင်းခွင့်ကို ပိတ်ထားပါတယ်။
ဂျပန်မှာ အစိုးရခွင့်ပြုတဲ့ ကပွဲပါတဲ့ ကလပ်က နည်းပါတယ်။ဒီလိုနေရာတွေကလည်း မြို့နဲ့ ခပ်ဝေးဝေးမှာ ထားရှိပါတယ်။ညလယ်ကြီး ထပြီး ကခုန်နေတာကို ဂျပန်က လက်မခံပါဘူး။ဘီယာနဲ့ အရက်ဘားတွေကိုတော့ တရားဝင်ခွင့်ပြုထားပါတယ်။
ဗြိတိသျှ ပါလီမန်အိမ်တော်နား ဖြတ်သွားရင် ကျန်းမာရေးကောင်းရမယ်လို့ ဆိုပါတယ်။ဒီနားမှာ သေသွားလို့မရဘူးလို့ ဆိုကြပါတယ်။ဒါကတော့ အတော်လေးရယ်စရာကောင်းတဲ့ ဥပဒေပါပဲ။သေမင်းကို ပိတ်ပင်ခြင်းဖြစ်ပြီးတော့ သေမယ့်သူက ဒီအိမ်တော်ကြီးကို ကျော်မှ အသက်ထွက်ပေးရမှာဖြစ်ပါတယ်။
တရုတ်က အချိန်ခရီးသွားကိစ္စကို လက်မခံပါဘူး။ဒါဟာ သိပ်ကို စိတ်ကူးယဉ်ဆန်ပြီး အလုပ်မဖြစ်တဲ့ ကိစ္စလို့ ဆိုပါတယ်။ဒါကြောင့် ဒီလို စာအုပ်တွေ ဒီလို ရုပ်ရှင်တွေကို တရုတ်ပြည်ထဲအဝင်မခံပဲ ပိတ်ထားတာဖြစ်ပါတယာ်။