နိုင်ငံတကာ လေဆိပ်တွေမှာတွေ့ရတဲ့ သောက်တလွဲပုံတွေ
Unicode
ခရီးတွေ အများကြီး အကြာကြီးသွားရတဲ့သူတွေအတွက်တော့ လေယဉ်ကွင်းဆိုတာ ခေတ္တခဏ အပန်းဖြေရတဲ့နေရာတစ်ခုပါပဲ။ အဲ့ဒီလို လေယဉ်ကွင်းတစ်ခုမှာ နောက်ပြောင်းစီးရမယ့် လေယဉ်ချိန်ကို စောင့်နေရတာကလည်း တကယ့် ပြဿနာတစ်ခုပါပဲ။ အဲ့ဒီပြဿနာတစ်ခုကို ဖြေရှင်းရင်းတလွဲဖြစ်ရတဲ့ ဓာတ်ပုံလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ရပါတယ်။
၁။ စက်ရုပ်တွေရဲ့ရှုးဖိနပ်တွေကလည်း တောက်ပြောင်နေဖို့လိုပါတယ်ဆိုတဲ့စာသားနဲ့အညီ လေဆိပ်မှာ အလကား လျှောက်သွားနေမယ့် အစား ဖိနပ်တိုက်ပေးနေတာ ကလည်း အပျင်းပြေစေမှာပါ ။
၂။ အိပ်လည်းအိပ်ချင်တယ် ကိုယ်က အအိပ်လည်းကြမ်းတယ်ဆိုတဲ့ ကိုယ့်အကြောင်းကိုယ် သိတဲ့သူတွေ လေဆိပ်မှာ ဘယ်လို အိပ်ကြသလဲဆိုတဲ့ ပုံကို ပြသထားတာများလို့တောင် ထင်မိစရာပါပဲနော် ။
၃။ ဒီပုံမှာ ပါတဲ့ လူကြီးကတော့ လေဆိပ်မှာ Laptop နဲ့ Avenger ဇာတ်ကားကြည့်နေတုန်းကြုံခဲ့တဲ့အဖြစ်ပျက်လေးတစ်ခုပါတဲ့နော် ။ အလယ်ကကလေးလေးပုံကိုလည်းကြည့်လိုက်ပါဦး ဘယ်လောက်တောင် အားပါနေသလဲဆိုတာ ။
၄။ ခရီးဆောင်အိတ်တွေသယ်ပြီး လေယဉ်ကွင်းမှာ သွားဖို့ဆိုရင်တော့ ဝှီးချဲကသာလျှင်အကောင်းဆုံးပါပဲဆိုတာကို သက်သေပြနေတဲ့ အဖိုးအိုတစ်ယောက်ပါပဲ ဘယ်လိုတောင် အဆင်ပြေသလဲမေး လို့ ပြောရမယ်ထင်ပါတယ် ။
၅ ။ လေဆိပ်မှာဖုန်းကလည်းအားမရှိတော့ ပလက်ပေါက်ကလည်း အမြင့်မှာ ရှိနေတဲ့အခါ ဘယ်လို အဆင်ပြေအောင်ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတစ်ခုကို ကျနော်တို့ အသေအချာရသွားနိုင်မယ့် ပုံတစ်ပုံပါပဲ ။
၆ ။ လက်ဆော့တတ်တဲ့ ကလေးတွေအများကြီးရှိနေတဲ့ လေယဉ်ကွင်းလိုနေရာမျိုးမှာတော့ လက်လွတ်စပယ် သွားမအိပ်လိုက်ပါနဲ့ ကံများဆိုးရင် တကိုယ်လုံးပြောက်ကျကွက်ဖြစ်သွားနိုင်တယ် ။ ၇ ။ ဒီပုံရဲ့မူရင်တင်ထားတဲ့သူကတော့ ငါသူ့ကို လေဆိပ်မှာတွေ့ခဲ့တာ မင်းဘာဖြစ်လို့ အဲ့ဒီလို ထားတာလဲမေးတော့ ငါထားချင်လို့ထားတာတဲ့ နော် ချိဖတို့လည်းအားကျပြီး ထားကြည့်ချင်သွားပြီ မဟုတ်လား ။