႐ုပ္ရွင္အညႊန္း : Joker (2019) (Non Spoiler)

ဒီဇာတ္ကားအေၾကာင္းကေတာ့ အခုတေလာ Facebook ေပၚမွာေရာ သတင္းဝဘ္ဆိုက္ေတြေပၚမွာေရာ ေနရာအႏွံ႔ယူထားတာကို အားလံုးပဲေတြ႔ေနရမယ္ထင္ပါတယ္။ အဲ့ဒီလိုေတြ႔ရဖို႔ေရာ တကယ္ထိုက္တန္တဲ့ ရုပ္ရွင္တစ္ခုျဖစ္ရဲ႕လား ဆိုတာကိုေတာ့ က်ေနာ္တို႔ နည္းနည္း ေဆြးေႏြးၾကည့္ၾကဖို႔လိုမယ္ထင္ပါတယ္။ တကယ္ေတာ့ က်ေနာ္ ဒီရုပ္ရွင္ကို Review ေတြေတာ္ေတာ္မ်ားမ်ားကို လည္းအားလံုးနီးပါးဖတ္ၿပီးသားျဖစ္မွာပါ ။ R Rated ကားတစ္ကားျဖစ္ၿပီး MIDB မွာ Rating အၾကမ္းႀကီးရထားတဲ့ ရုပ္ရွင္တစ္ကားကို Review လုပ္ရတာက ေတာ္ေတာ္တာဝန္ႀကီးပါတယ္။ ဒါေပမယ့္ Review ကိုေတာ့ Review ဆန္ဆန္ေရးၾကည့္ရမွာပါပဲ။ တစ္ခုႀကိဳတင္ဝန္ခံခ်င္တာကေတာ့ Review ေရးတဲ့သူဟာ DC ပရိသတ္တစ္ေယာက္ ျဖစ္ေနတာေၾကာင့္ တခ်ိဳ႕နရာေတြမွာ လိုတာထက္ပိုၿပီး အမႊမ္းတင္တာမ်ိဳးပါသြားခဲ့ရင္ေတာ့ သည္းခံခြင့္လႊတ္ေပးၾကဖို႔ ႀကိဳၿပီးေတာ့ ေတာင္းဆိုထားပါတယ္။

ဒီဇာတ္ကားကို ၾကည့္မယ္ဆိုေတာ့ က်ေနာ္တို႔စိတ္ထားမွာ အဓိကသရုပ္ေဆာင္ Joaqin Phoenix ရဲ႕သရုပ္ေဆာင္ ပညာပိုင္းကို စိုးရိမ္စရာမရိွေပမယ့္ ေရွ႕မွာရိွခဲ့တဲ့ The Dark Knight ထဲက Joker နဲ႔ႏိုင္းယွဥ္လိုစိတ္ေတြရိွေနခဲ့ပါတယ္။ ဒါေပမယ့္ ရံုထဲကိုေရာက္သြားၿပီးတဲ့အခ်ိန္ ဇာတ္ကား စလိုက္ၿပီဆိုတာနဲ႔ အဲ့ဒီစိတ္ေတြအကုန္လံုးဟာ ေပ်ာက္ကုန္ပါတယ္။ ဇာတ္ကားၾကည့္ေနတုန္းမွာလည္း Joker ေနရာကသရုပ္ေဆာင္ဖို႔ နာမည္ေတြထြက္ခဲ့တဲ့ Leonardo DiCaprio ဆိုရင္ ဆိုတဲ့အေတြးနဲ႔ နည္းနည္းေတာ့ ၿပံဳးရံုေလး ၿပံုးမိခဲ့ပါတယ္။ က်ေနာ္တို႔ဇာတ္လမ္းအေၾကာင္းေလးနည္းနည္းေျပာၾကည့္ၾကရေအာင္ ။



ဇာတ္လမ္းအက်ဥ္း

1981 ခုႏွစ္က Gotham ၿမိဳ႕ရဲ႕ အေျခခံလူတန္းစားေတြေနထိုင္တဲ့ ရပ္ကြက္ထဲမွာ Arthur Fleck ဆိုတဲ့ အမ်ိုးသားတစ္ေယာက္က လူရႊင္ေတာ္လုပ္ၿပီး ေဖ်ာ္ေျဖေရးလုပ္ရတဲ့အလုပ္တစ္ခုကိုလုပ္ကိုင္ၿပီး အသက္ႀကီးရင့္ေနၿပီျဖစ္တဲ့ အေမနဲ႔ေနထိုင္ၾကပါတယ္။ ့္ လူေတြရဲ႕ ႏွိမ့္ခ်ဆက္ဆံျခင္းကို ခံရတဲ့ Arthur တစ္ေယာက္ အလုပ္လုပ္ေနရင္း တစ္ရက္မွာ မေမွ်ာ္လင့္ထားတဲ့ အျဖစ္ပ်က္တစ္ခုေၾကာင့္ အလုပ္ကို ဆံုးရႈးံခဲ့ရ တာကေနစၿပီး ဇာတ္လမ္းတစ္ခုလံုးကို အရိွန္ျပင္းျပင္းနဲ႔ ျမွင့္သြားပါတယ္။ ဒီဇာတ္ကားဟာ Gotham ၿမိဳ႕သားတစ္ေယာက္ရဲ႕ အေၾကာင္းကိုရိုက္ထားတဲ့အျဖစ္တဲ့အတြက္ Wyane မိသားစုအေၾကာင္းေတြ Arkham စိတၱဇေဆးရံုပါတာေတြကေတာ့ အထူးတလည္လုပ္ၿပီး ေျပာျပေနစရာလိုမယ္မထင္ပါဘူး ။လာမယ့္ Batman ကားအတြက္ အစျဖစ္လာစရာ Ester egg ေတြလည္း ပါဝင္ေနတာကို ေတြ႔ျမင္ရမွာျဖစ္တဲ့ဇာတ္လမ္းအေၾကာင္းေျပာျပတာကို ဒီေလာက္နဲ႔ပဲ ရပ္ထားလိုက္ပါေတာ့မယ္။




ရုပ္ရွင္အေၾကာင္း

ဒီရုပ္ရွင္ကို ဒါရိုက္တာ အျဖစ္တာဝန္ယူရိုကူးခဲ့တဲ့သူကေတာ့ Hangover Trilogy ကိုရိုက္ကူးခဲ့တဲ့ Todd Phillips ပါ ။ ဇာတ္ညႊန္းပိုင္းကိုလည္းTodd Phillipsက ပါဝင္အားျဖည့္ထားၿပီး 8 Mile ဇာတ္လမ္းကို ေရးသားခဲ့သူတစ္ဦးျဖစ္တဲ့ Scott Silver ကအဓိကေရးသားခဲ့ပါတယ္။ ဒီဇာတ္ကားထုတ္လုပ္မႈအပိုင္းထဲမွာေတာ့ နာမည္ေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Bradley Cooper နဲ႔ အဖြဲ႕ တာဝန္ယူခဲ့တာပါ။ ျဖန္႔ခ်ိေရးကေတာ့ Warner Bros Picture ပါ ။ ၾသဂတ္ ၃၁ ရက္ေန႔စတင္က်င္းပခဲ့တဲ့ ၇၆ ႀကိမ္ေျမာက္ Venice ပြဲမွာ စတင္ျပသခဲ့ၿပီး Golden Lion ဆုကိုလည္း ရယူဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေလာေလာဆယ္အထိေတာ့ Best Soundtrack တစ္ဆု အပါအဝင္ ဆု ၃ဆုကိုေတာ့ ပိုင္ဆိုင္ထားၿပီး စစ္စာမ်က္ႏွာ အဖြင့္လွခဲ့ရံုမကဘဲ အခုခ်ိန္မွာ စံခ်ိန္တစ္ခုၿပီးတစ္ခု ရိုက္ခ်ိဳးေနတဲ့ ရုပ္ရွင္တစ္ခုျဖစ္ေနပါၿပီ။



ၾကည့္႐ႈသူအျမင္

အကယ္၍သာ ဒီဇာတ္ကားရဲ႕ အဓိကသရုပ္ေဆာင္ေနရာမွာ Joaquin Phoenix မဟုတ္ခဲ့ဘူးဆိုရင္ေတာ့ က်ေနာ္တို႔ ၾကည့္ခဲ့ရတဲ့ Joker(2019) ဟာဒီေလာက္ေကာင္းမွမဟုတ္ပါဘူး ။ Leonardo Decaprio ႀကီးျဖစ္ေနရင္ေတာင္ေကာင္းမွာမဟုတ္ပါဘူး ။ Arthur Fleck အျဖစ္သရုပ္ေဆာင္ခ်က္ေတြ ဝမ္းနည္းရာကေန ထြက္လာတဲ့ ရယ္သံေတြ ထိန္းခ်ဳပ္မႈေတြ မ်က္ႏွာကေနေဖာ္ျပရတဲ့ ခံစားသက္ဝင္မႈေတြဟာ တကယ့္ကို ေကာင္းေကာင္းခံစားခဲ့ရတဲ့အျပင္ အသံပိုင္းမွာလည္း ဟိုးအေဝးကေနအနီးကို ေရာက္လာခဲ့တဲ့ ပတ္ဝန္းက်င္အသံေတြ ေနာက္ၿပီး စီးကရက္ ရိႈက္ဖြာသံေတြဟာ ဒီဇတ္ကားကို အေကာင္းဆံုးေထာက္ပံ့ေပးႏိုင္ခဲ့တဲ့တာပါ ။ Gotham ၿမိဳ႕ႀကီးဟာ က်ေနာ္တို႔ျမင္ေနက်ပံုစံလိုမ်ိဳး မိုးေတြအျမဲတမ္းအံု႔ဆိုင္းမေနပါဘူး ေနာက္ၿပီး Camera Work ပိုင္းမွာ Close Up ရိုက္တဲ့အပိုင္းေတြဟာ က်ေနာ္႔စိတ္ကို အဆြဲေခၚႏိုင္ဆံုး အပိုင္းေတြပါပဲ။

ဒီဇာတ္ကားကို ရံုထဲမွာ သြားမၾကည့္ဘဲ အိမ္မွာပဲ ၾကည့္မယ္ ဒါမွမဟုတ္ Download Link ေတြကေနတဆင့္ၾကည့္မယ္ဆိုရင္ေတာ့ Audio Device ေကာင္းေကာင္းနဲ႔ၾကည့္ေစခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဒီဇာတ္ကားမွာသံုးထားတဲ့ အသံပိုင္းဆိုင္ရာ အရသာေတြကို အျပည့္အဝ ခံစားေစရဖို႔ျဖစ္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ဒီဇာတ္ကားကို ရုပ္ရွင္ရံုထဲမွာ သြားၾကည့္သင့္ပါတယ္။ တကယ္လို႔ ဒီဇာတ္ကားကို ကိုယ္ပိုင္ Rating တစ္ခုအျဖစ္ သတ္မွတ္ေပးရမယ္ဆိုရင္ေတာ့ 9.9/10 ေပးခ်င္ပါတယ္။ ဘာေၾကာင့္1ေလ်ာ့ေပးထားရလည္းဆိုရင္ေတာ့ က်ေနာ္မႀကိဳက္လိုက္တဲ့ အခန္းတစ္ခန္းပါေနလို႔ပါပဲ။ အဲ့ဒီတစ္ခန္းကိုေျပာျပလိုက္ရင္လည္း Spoiler ျဖစ္သြားမွာစိုးလို႔မေျပာေတာ့ပါဘူး။ ေနာက္ထပ္တစ္ခ်က္ကေတာ့ ျမန္မာ ႏိုင္ငံက ဆင္ဆာျဖတ္တယ္ဆိုတဲ့အရာေတြေၾကာင့္ ရုပ္ရွင္ကုိ ရုပ္ရွင္လိုသိပ္မၾကည့္ခဲ့သလိုခံစားရလို႔ပါ ။ေနာက္ၿပီး R Rated ကားတစ္ကားျဖစ္တာေၾကာင့္ အရြယ္မေရာက္ေသးတဲ့သူေတြကိုေတာ့ မျပၾကပါနဲ႔ ။အားလံုးပဲ Put on a Happy Face ! ပါဗ်ာ ။

Unicode

ရုပ်ရှင်အညွှန်း : Joker (2019) (Non Spoiler)

ဒီဇာတ်ကားအကြောင်းကတော့ အခုတလော Facebook ပေါ်မှာရော သတင်းဝဘ်ဆိုက်တွေပေါ်မှာရော နေရာအနှံ့ယူထားတာကို အားလုံးပဲတွေ့နေရမယ်ထင်ပါတယ်။ အဲ့ဒီလိုတွေ့ရဖို့ရော တကယ်ထိုက်တန်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ရဲ့လား ဆိုတာကိုတော့ ကျနော်တို့ နည်းနည်း ဆွေးနွေးကြည့်ကြဖို့လိုမယ်ထင်ပါတယ်။ တကယ်တော့ ကျနော် ဒီရုပ်ရှင်ကို Review တွေတော်တော်များများကို လည်းအားလုံးနီးပါးဖတ်ပြီးသားဖြစ်မှာပါ ။ R Rated ကားတစ်ကားဖြစ်ပြီး MIDB မှာ Rating အကြမ်းကြီးရထားတဲ့ ရုပ်ရှင်တစ်ကားကို Review လုပ်ရတာက တော်တော်တာဝန်ကြီးပါတယ်။ ဒါပေမယ့် Review ကိုတော့ Review ဆန်ဆန်ရေးကြည့်ရမှာပါပဲ။ တစ်ခုကြိုတင်ဝန်ခံချင်တာကတော့ Review ရေးတဲ့သူဟာ DC ပရိသတ်တစ်ယောက် ဖြစ်နေတာကြောင့် တချို့နရာတွေမှာ လိုတာထက်ပိုပြီး အမွှမ်းတင်တာမျိုးပါသွားခဲ့ရင်တော့ သည်းခံခွင့်လွှတ်ပေးကြဖို့ ကြိုပြီးတော့ တောင်းဆိုထားပါတယ်။

ဒီဇာတ်ကားကို ကြည့်မယ်ဆိုတော့ ကျနော်တို့စိတ်ထားမှာ အဓိကသရုပ်ဆောင် Joaqin Phoenix ရဲ့သရုပ်ဆောင် ပညာပိုင်းကို စိုးရိမ်စရာမရှိပေမယ့် ရှေ့မှာရှိခဲ့တဲ့ The Dark Knight ထဲက Joker နဲ့နိုင်းယှဉ်လိုစိတ်တွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရုံထဲကိုရောက်သွားပြီးတဲ့အချိန် ဇာတ်ကား စလိုက်ပြီဆိုတာနဲ့ အဲ့ဒီစိတ်တွေအကုန်လုံးဟာ ပျောက်ကုန်ပါတယ်။ ဇာတ်ကားကြည့်နေတုန်းမှာလည်း Joker နေရာကသရုပ်ဆောင်ဖို့ နာမည်တွေထွက်ခဲ့တဲ့ Leonardo DiCaprio ဆိုရင် ဆိုတဲ့အတွေးနဲ့ နည်းနည်းတော့ ပြုံးရုံလေး ပြုံးမိခဲ့ပါတယ်။ ကျနော်တို့ဇာတ်လမ်းအကြောင်းလေးနည်းနည်းပြောကြည့်ကြရအောင် ။

ဇာတ်လမ်းအကျဉ်း

1981 ခုနှစ်က Gotham မြို့ရဲ့ အခြေခံလူတန်းစားတွေနေထိုင်တဲ့ ရပ်ကွက်ထဲမှာ Arthur Fleck ဆိုတဲ့ အမျိုးသားတစ်ယောက်က လူရွှင်တော်လုပ်ပြီး ဖျော်ဖြေရေးလုပ်ရတဲ့အလုပ်တစ်ခုကိုလုပ်ကိုင်ပြီး အသက်ကြီးရင့်နေပြီဖြစ်တဲ့ အမေနဲ့နေထိုင်ကြပါတယ်။့် လူတွေရဲ့ နှိမ့်ချဆက်ဆံခြင်းကို ခံရတဲ့ Arthur တစ်ယောက် အလုပ်လုပ်နေရင်း တစ်ရက်မှာ မမျှော်လင့်ထားတဲ့ အဖြစ်ပျက်တစ်ခုကြောင့် အလုပ်ကို ဆုံးရှုးံခဲ့ရ တာကနေစပြီး ဇာတ်လမ်းတစ်ခုလုံးကို အရှိန်ပြင်းပြင်းနဲ့ မြှင့်သွားပါတယ်။ ဒီဇာတ်ကားဟာ Gotham မြို့သားတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ထားတဲ့အဖြစ်တဲ့အတွက် Wyane မိသားစုအကြောင်းတွေ Arkham စိတ္တဇဆေးရုံပါတာတွေကတော့ အထူးတလည်လုပ်ပြီး ပြောပြနေစရာလိုမယ်မထင်ပါဘူး ။လာမယ့် Batman ကားအတွက် အစဖြစ်လာစရာ Ester egg တွေလည်း ပါဝင်နေတာကို တွေ့မြင်ရမှာဖြစ်တဲ့ဇာတ်လမ်းအကြောင်းပြောပြတာကို ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတော့မယ်။

ရုပ်ရှင်အကြောင်း

ဒီရုပ်ရှင်ကို ဒါရိုက်တာ အဖြစ်တာဝန်ယူရိုကူးခဲ့တဲ့သူကတော့ Hangover Trilogy ကိုရိုက်ကူးခဲ့တဲ့ Todd Phillips ပါ ။ ဇာတ်ညွှန်းပိုင်းကိုလည်းTodd Phillipsက ပါဝင်အားဖြည့်ထားပြီး 8 Mile ဇာတ်လမ်းကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Scott Silver ကအဓိကရေးသားခဲ့ပါတယ်။ ဒီဇာတ်ကားထုတ်လုပ်မှုအပိုင်းထဲမှာတော့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Bradley Cooper နဲ့ အဖွဲ့ တာဝန်ယူခဲ့တာပါ။ ဖြန့်ချိရေးကတော့ Warner Bros Picture ပါ ။ သြဂတ် ၃၁ ရက်နေ့စတင်ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် Venice ပွဲမှာ စတင်ပြသခဲ့ပြီး Golden Lion ဆုကိုလည်း ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။ လောလောဆယ်အထိတော့ Best Soundtrack တစ်ဆု အပါအဝင် ဆု ၃ဆုကိုတော့ ပိုင်ဆိုင်ထားပြီး စစ်စာမျက်နှာ အဖွင့်လှခဲ့ရုံမကဘဲ အခုချိန်မှာ စံချိန်တစ်ခုပြီးတစ်ခု ရိုက်ချိုးနေတဲ့ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။

ကြည့်ရှုသူအမြင်
အကယ်၍သာ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်နေရာမှာ Joaquin Phoenix မဟုတ်ခဲ့ဘူးဆိုရင်တော့ ကျနော်တို့ ကြည့်ခဲ့ရတဲ့ Joker(2019) ဟာဒီလောက်ကောင်းမှမဟုတ်ပါဘူး ။ Leonardo Decaprio ကြီးဖြစ်နေရင်တောင်ကောင်းမှာမဟုတ်ပါဘူး ။ Arthur Fleck အဖြစ်သရုပ်ဆောင်ချက်တွေ ဝမ်းနည်းရာကနေ ထွက်လာတဲ့ ရယ်သံတွေ ထိန်းချုပ်မှုတွေ မျက်နှာကနေဖော်ပြရတဲ့ ခံစားသက်ဝင်မှုတွေဟာ တကယ့်ကို ကောင်းကောင်းခံစားခဲ့ရတဲ့အပြင် အသံပိုင်းမှာလည်း ဟိုးအဝေးကနေအနီးကို ရောက်လာခဲ့တဲ့ ပတ်ဝန်းကျင်အသံတွေ နောက်ပြီး စီးကရက် ရှိုက်ဖွာသံတွေဟာ ဒီဇတ်ကားကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့တဲ့တာပါ ။ Gotham မြို့ကြီးဟာ ကျနော်တို့မြင်နေကျပုံစံလိုမျိုး မိုးတွေအမြဲတမ်းအုံ့ဆိုင်းမနေပါဘူး နောက်ပြီး Camera Work ပိုင်းမှာ Close Up ရိုက်တဲ့အပိုင်းတွေဟာ ကျနော့်စိတ်ကို အဆွဲခေါ်နိုင်ဆုံး အပိုင်းတွေပါပဲ။

ဒီဇာတ်ကားကို ရုံထဲမှာ သွားမကြည့်ဘဲ အိမ်မှာပဲ ကြည့်မယ် ဒါမှမဟုတ် Download Link တွေကနေတဆင့်ကြည့်မယ်ဆိုရင်တော့ Audio Device ကောင်းကောင်းနဲ့ကြည့်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဇာတ်ကားမှာသုံးထားတဲ့ အသံပိုင်းဆိုင်ရာ အရသာတွေကို အပြည့်အဝ ခံစားစေရဖို့ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီဇာတ်ကားကို ရုပ်ရှင်ရုံထဲမှာ သွားကြည့်သင့်ပါတယ်။ တကယ်လို့ ဒီဇာတ်ကားကို ကိုယ်ပိုင် Rating တစ်ခုအဖြစ် သတ်မှတ်ပေးရမယ်ဆိုရင်တော့ 9.9/10 ပေးချင်ပါတယ်။ ဘာကြောင့်1လျော့ပေးထားရလည်းဆိုရင်တော့ ကျနော်မကြိုက်လိုက်တဲ့ အခန်းတစ်ခန်းပါနေလို့ပါပဲ။ အဲ့ဒီတစ်ခန်းကိုပြောပြလိုက်ရင်လည်း Spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး။ နောက်ထပ်တစ်ချက်ကတော့ မြန်မာ နိုင်ငံက ဆင်ဆာဖြတ်တယ်ဆိုတဲ့အရာတွေကြောင့် ရုပ်ရှင်ကို ရုပ်ရှင်လိုသိပ်မကြည့်ခဲ့သလိုခံစားရလို့ပါ ။နောက်ပြီး R Rated ကားတစ်ကားဖြစ်တာကြောင့် အရွယ်မရောက်သေးတဲ့သူတွေကိုတော့ မပြကြပါနဲ့ ။အားလုံးပဲ Put on a Happy Face ! ပါဗျာ ။