ရုပ်ရှင်လောကတိုးတက်လာဖို့ ကျစ်လစ်တဲ့ ဇာတ်ညွှန်းတွေလိုအပ်တယ်ဆိုတဲ့ ဇာဏ်ခီ

0
56

လက်ရှိမြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ မင်းသား ဇာဏ်ခီနဲ့အမျိုးသမီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ဦးဟာ မတူညီတဲ့ ဇာတ်လမ်းဇာတ်ကွက်တည်ဆောက်မှု ရိုက်ကူးမှုတွေကြောင့် ပရိသတ်အားပေးမှု အလျင်အမြန်ရရှိလာခဲ့ပါတယ်။ မင်းသားဇာဏ်ခီကတော့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကတိုးတက်လာဖို့က လိုနေသေးပေမယ့် ကောင်းတဲ့ တိုးတက်လာတဲ့အရာတွေလည်း ရှိကြောင်း ဖြစ်စေချင်တာက ဇာတ်ညွှန်းပိုင်းကို ကျစ်ကျစ်လစ်လစ်ဖြစ်စေကြောင်း မီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောက တိုးတက်လာရေးနဲ့ပတ်သက်ပြီး ဇာဏ်ခီက “ပြောရမယ်ဆိုရင် ၉နှစ်၁၀နှစ်အတွင်းမှာ ကြိုးစားလာတဲ့ ကိစ္စတွေအကုန်လုံးက အဲ့ Directionကိုသွားချင်လို့ ကျွန်တော်တို့ကြိုးစားလာတယ်။ အခုအဲ့လို့ဖြစ်လာတဲ့အတွက် အရမ်းလည်းကျေနပ်တယ်။ ပရိသတ်ကလည်း အခုဆိုရင် Expectation မြင့်လာပြီ။ ဘာလို့လဲဆိုတော့ ဒီလိုရိုက်လို့လည်းရတာပဲဆိုတဲ့ အသိက ဝင်သွားတဲ့ အချိန်မှာ အားလုံးက ဒီလိုရိုက်မှဖြစ်တော့မယ်ဆိုတဲ့ အသိလည်း ပရိုဂျူဆာပိုင်းတွေ ဒါရိုက်တာပိုင်းတွေလည်း ဝင်လာတယ်။ အဲ့လိုဝင်လာတာနဲ့ အမျှ ကျွန်တော်တို့အခု နောက်ပိုင်းထွက်တဲ့ ကားတွေမြင်ရတယ် Quality အရမ်းတက်လာတယ် Production Qualityအရမ်းတက်လာတယ်။ အရမ်းကောင်းတဲ့ ပြောင်းလဲမှုတစ်ခုပါ။

Qualityဘက်ကို ဦးတည်ပြီဆိုကတည်းကတော့ ကောင်းဖို့ ဖြစ်လာတာပေါ့နော် အခုလောလောဆယ် နိုင်ငံတကာကားတွေနဲ့ ယှဉ်မယ်ဆိုရင် အများကြီး ကျန်နေသေးတယ် ဒါပေမဲ့ ကျွန်တော်တို့ လမ်းကြောင်းမှန်လာတယ်လို့ ကျွန်တော်မြင်တယ်ပေါ့နော်။ Camera Workတွေ Lighting တွေအရင်တုန်းကလို ဖြစ်သလိုမလုပ်ကြတော့ဘူး။ အားလုံးက Presentation ကောင်းမှလူတွေက ကြိုက်တယ်။ ပြီးတော့ ယှဉ်စရာကားတွေကလည်း အခုနောင်ပိုင်းမှာ အရမ်းများလာပြီ I flexလည်း ကြည့်လို့ရတယ် နိုင်ငံခြားကားတွေက အများကြီးဆိုတော့ ယှဉ်စရာတွေက အများကြီးရှိလာတော့ ကျွန်တော်တို့ Local Production အနေနဲ့က လိုက်လို့ကိုမရတော့ဘူး နောက်ဆိုပိုဆိုးမှာ သူတို့ကလည်း ဆက်သွားနေတာလေ။ ကိုယ်တွေက အခုမှလိုက်နေတုန်း သူတို့ကလည်း ဆက်သွားနေတော့ ကိုယ်က အရမ်းကို လိုက်နိုင်မှရတာ။

ဖြစ်စေချင်တာကတော့ အနုပညာပိုင်းမှာ အများကြီးလိုနေသေးတယ် Script တွေအရမ်းကို ကျစ်ကျစ်လစ်လစ်ရှိဖို့အတွက် မြန်မာပြည်မှာ Script workshopတွေအများကြီးဖိတ်ခေါ်ဖို့လိုတယ်။ Screen Writer တွေ တကယ်ကို တတ်သိပြီး လုပ်စားနေတဲ့ Screen Writer တွေရှိတယ်။ သူတို့ကို ဖိတ်ပြီး ဒီမှာ Workshopတွေအများကြီး လုပ်ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ ဒီမှာက ရေးနိုင်တဲ့ လူငယ်တွေအများကြီးရှိတယ် Challenge ရှိတယ်ပေါ့နော်။ ဒါပေမဲ့ Format ကျကျရုပ်ရှင်အတွက် Scriptရေးတာကျတော့ ပညာတစ်ခုဖြစ်သွားပြီ အဲ့တာက လုံးဝသင်ကိုသင်ယူမှရတဲ့ ပညာတစ်ခုဖြစ်နေတော့ Script Writer တွေအများကြီးလိုပါတယ်။ အဲ့တာကြောင့် တိုက်တွန်းပါတယ် Script Writing Workshop တွေ နိုင်ငံခြားကနေခေါ်ပေးပါ။”လို့ ပြောသွားခဲ့ပါတယ်။