‌Hollywood မှာ အောင်မြင်မှုအရဆုံး အာဖရိကန် အမျိုးသမီးသရုပ်ဆောင်များ


Charlie Theron




Benu Mabhena





Lupita Nyong’o




Thandie Newton


Michelle Van Der Water


Unicode

လူမျိုးရေးခွဲခြားမှုတွေနဲ့ အရေထူနေတဲ့ ရုပ်ရှင် အသိုင်းဝိုင်းကြီးဟာ ပြီးခဲ့ရာစုနှစ်တစ်ခုစာလောက်မှာ ကျန်နေခဲ့ပါပြီ ။ ဒီနေ့ခေတ်မှာတော့ အာဖရီကန် အမျိားသမီးသရုပ်ဆောင်တွေဟာ Hollywood ရဲ့ပြေးလမ်းတွေပေါ်မှ။ အရှိန်ကောင်းစွာနဲ့ ပြေးနေတာကို အားလုံး လည်း သိကြပြီးသားဖြစ်မှာပါ ။ သူတို့အောင်မြင်မှုတွေကတော့ ယနေ့ခေတ်မှာ တကယ်ကို ကြောက်ခမန်းလိလိပါပဲ ။ အခု ‌ကျနော် တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ အကြောင်းရာလေးကတော့ ‌ယနေ့Hollywood မှာ အောင်မြင်ကျော်ကြားနေတဲ့ အာဖရီကန်အမျိုးသမီးသရုက်ဆောင် တွေပဲ ဖြစ်ပါတယ် ။

Charlie Theron

Charlie Theron လို့‌ခေါ်တဲ့ အာဖရိကန်အမေရိကန်လူမျိုး သရုပ်ဆောင် ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ကတော့ မြန်မ။ပရိသတ်ကြီးလည်း သိပ်မစိမ်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ ။ 1990ပြည့်နှစ်တွေကနေစပြီး သရုပ်ဆောင် အလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ သူကတော့ အမေရိက ရဲ့ ရုပ်ရှင်လောကမှာ အောင်မြင်ပုံကတော့ တကယ်ကို အကြမ်းကြီးပါပဲ ။ အကယ်ဒမီဆုတွေ ပိုင်ဆိုင်ကယူနိုင်တဲ့ Monster ဆိုတဲ့ ရုပ်ရှင်မှာတောင် ပါဝင် သရုပ်ဆောင်ခွင့်ရရှိထားတဲ့သူမကတော့ ဒီစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ် ။

Benu Mabhena

ဇင်ဘာဘွေ နိုင်ငံမှာ အနေများပြီး အင်္ဂလန် နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့တဲ့ Benu Mabhena ကလည်း ဒီစာရင်းမှာ ပါဝင်နေပါတယ် ။ သူကတော့ သူရဲ့ ငယ်ဘဝတစ်လျှောက်လုံးကို အာဖရိက ဒေသမှာပဲ ဖြတ်သန်းကုန်ဆုံးခဲ့ရသူတစ်ယောက် ဖြစ်ပါတယ် ။ မင်းသာကြီး Leonardo ရိုက်ကူးခဲ့ပြီး 2006ခုနှစ်ကထွက်ရှိခဲ့တဲ့ Blood Diamonds ရုပ်ရှင်မှာလည်း အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သူဖြစ်ပါတယ် ။

Lupita Nyong’o

မက္ကဆီကိုနိုင်ငံဖွား အသက် 35နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lupita Nyong’o တစ်ယောက်လည ဒီစာရင်းမှာ ပါဝင်နေပါတယ် ။ နိုင်ငံနှစ်နိုင်ငံနိုင်ငံသား အဖြစ်ခံယူထားတဲ့ ကင်ညာလူမျိုး မိဘနှစ်ပါးကနေ‌‌မွေးဖွားလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ် ။ သူကတော့ 12 Years Slave , Black Panther , Jungle Book စတဲ့နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ် ။ သရုပ်ဆောင်ထူးချွန်ဆုတွေအတွက် 56ကြိမ် လျာထားခံရပြီး 36ဆုကိုရယူထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ် ။

Thandie Newton

Hollywood ရဲ့ နာမည်ကြီး ရုပ်ရှင် တော်တော်များများမှာ သရုပ်ဆောင်ခွင့်ရရှိထားတဲ့ Thandie Newton တစ်ယောက်လည်း ဒီစာရင်းမှာ ပါဝင်နေပါတယ် ။သူကတော့ Mission Impossible2 မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ် ။ နာမည်ကို သိပ်မရင်းနီးကြပေမယ့်လို့ လူကိုတော့ မြန်မာပရိသတ်တွေ ကောင်းကောင်းသိကြလိမ့်မယ် ထင်ပါတယ် ။ သူဟာ သရုပ်ဆောင် ထူးချွန်သူတစ်ယောက်လည်း ဖြစ်တယ်လို့ လူတွေကအသိမှတ်ပြုခံထားရသူ တစ်ယောက်ပါပဲ ။

Michelle Van Der Water

ဒီစာရင်းမှာပါဝင်နေတ‌ဲ့ နောက်ထပ် အာဖရီကန်လူမျိုး အမျိုးသမီး သရုပ်ဆောင်တစ်ယောက်ကတော့ Michelle Van Der Water ပဲ ဖြစ်ပါတယ် ။ သူကတော့ Cape Twon မှာ မွေးဖွားခဲ့သူတစ်ယောက် ဖြစ်ပြီး သူ့ကိုမွေးပြီး မကြာချင်လေးမှာပဲ သူ့မိသားစုဟာ ဩစတေးလျကို ပြောင်းရွှေ့ခဲ့ကြပါတယ် ။ Art and Graphic Design နဲ့ ဘွဲ့ရထားသူတစ်ယောက်လည်းဖြစ်ပါတယ် ။ Minotaur,Crosshairs စတဲ့ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထား သူတစ်ယောက်ပါ။

Tags:

Leave a Reply