ကမာၻေပၚမွာ စည္းကမ္းအႀကီးဆုံး စစ္တပ္ မ်ား

စစ္တပ္တုိင္းဟာ မ တစ္ေထာင္သားေတြ တက္ေရာက္ၾကတဲ့ ၊ လာေရာက္ အမႈထမ္းၾကတဲ့ အဖဲြ႔အစည္း ျဖစ္တာနဲ႔ အညီ အုပ္ခ်ဳပ္ရတာ မလြယ္ကူလွပါဘူး ။ ဒါေၾကာင့္ စစ္တပ္တုိင္းလုိလုိမွာ စည္းကမ္းကုိ အဓိက ထားၿပီး တင္းတင္းၾကပ္ၾကပ္ တားျမစ္အုပ္ခ်ဳပ္ၿပီး စည္းကမ္း ေဖာက္ဖ်က္ ရင္လည္း ျပင္းျပင္းထန္ထန္ အေရးယူ အျပစ္ေပးေလ့ရွိပါတယ္။

ေအာာက္မွာ ေဖာ္ျပထားတာ က အဲဒီလုိ စည္းကမ္းတင္းက်ပ္ၿပီး အုပ္ခ်ဳပ္မႈစြမ္းရည္ေကာင္းတဲ့ စစ္တပ္ေတြထဲက ထိပ္ထပ္ၾကဲေတြ ကုိ ေရြးထုတ္ထားတာ ျဖစ္ပါတယ္။

၁၀ ၾသစေၾတးလ် ရဲ႕ Z Force

ဒုတိယကမာၻစစ္အတြင္းမွာ ထင္ရွားခဲ့တဲ့ စစ္သားေတြထဲမွာ အပါအ၀င္ ျဖစ္တဲ့ Z Special Unit ဟာ တက္ၾကြတဲ့ လူငယ္ေတြရဲ႕ စည္းကမ္းေသ၀ပ္မႈ ၊ အမိန္႔နာခံတတ္မႈေတြေၾကာင့္ အထူး ထင္ရွားခဲ့ပါတယ္။

အထူးသျဖင့္ ပစိဖိတ္သမုဒၵရာ ကေန ကမ္းတက္လာမယ့္ ဂ်ပန္ဖက္ဆစ္ေတြ ရဲ႕ အႏာၱယ္ကုိ တြန္းလွန္ဖုိ႔ အဓိက စုိင္းျပင္းခဲ့တာ ျဖစ္ၿပီး ဒုတိယကမာၻစစ္ ၄ ႏွစ္တာ ၾကာျမင့္ခဲ့ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ဖ်က္သိမ္းလုိက္ၿပီ ျဖစ္တဲ့ Z Special Unit ဟာ အဲဒီတုန္းက ေထာက္လွမ္းေရး ၊ တုိက္ခုိက္ေရး နဲ႔ လူနာျပဳစုေရး သုံးမ်ဳိး ကုိ အဓိက တာ၀န္ယူပါတယ္။

ၾသစေၾတးလ် ရဲ႕ နာမည္ေက်ာ္ တီဗီြစီးရီး ျဖစ္တဲ့ Spy Force မွာ သူတုိ႔ နဲ႔ ပတ္သက္တာေတြကုိ ျမင္ေတြ႔ႏုိင္မွာျဖစ္ပါတယ္။ အဲဒီထဲမွာ ဂ်ပန္ေတြ ဟာ စကၤာပူကၽြန္းနုိင္ငံကုိ ၀င္ေရာက္သိမ္းပုိက္ခ်ိန္မွာ ဂ်ပန္ေရတပ္သေဘာၤေတြကုိ ေကာင္းေကာင္းျမဳပ္ပစ္ႏုိင္ခဲ့တဲ့ တပ္ဖဲြ႔အျဖစ္ လူသိမ်ားၿပီး သူတုိ႔ ရဲ႕ ေအာင္ပဲြေတြဟာ စည္းကမ္းတင္းက်ပ္မႈကေန ရရွိခဲ့တယ္ လုိ႔ ဆုိပါတယ္။

၉ တရုတ္ျပည့္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္

မာနေထာင္လႊားမႈ နဲ႔ မ်ဳိးခ်စ္စိတ္ ဟာ ကဲြျပားျခားနားတဲ့အေၾကာင္း ကုိ ငယ္စဥ္ကတည္း က သင္ၾကားေပးတဲ့ တပ္မေတာ္တစ္ခု ျဖစ္ၿပီး ကမာၻေပၚမွာ အႀကီးဆုံး စစ္တပ္တစ္ခုလည္း ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံမွာ ဥပေဒ အရ စစ္မႈမထမ္းမေနရ ဥပေဒ ျပဌာန္းထားၿပီး အရြယ္ေရာက္တဲ့ ေယာက်္ားတုိင္းဟာ အနည္းဆုံး ၂ ႏွစ္ကေန ၃ ႏွစ္ အထိ စစ္မႈထမ္းရပါတယ္။  Zhurihe စစ္အေျခစုိက္စခန္းမွာ သင္ၾကားေပးတဲ့ သင္ခန္းစာေတြထဲမွာ ေျမျပင္တုိက္ပဲြ နဲ႔ အတူတူ ကမ္းတက္တုိက္ပဲြ ၊ ပင္လယ္ျပင္တုိက္ပဲြေတြကုိလည္း သင္ၾကားေပးၿပီး ေလေၾကာင္းတုိက္ပဲြေတြ အတြက္ေတာ့ သီးျခားေနရာတစ္ခု ထားရွိပါတယ္။ ေလေၾကာင္းပစ္ကူ နဲ႔ ေျမျပင္တုိက္ပဲြ နဲ႔ ေပါင္းစပ္ေလ့က်င့္ရမယ့္ ေနရာကလည္း သီးသန္႔ တစ္ခု ျဖစ္ၿပီး ၾကည္း၊ ေရ ၊ ေလ ၃ မ်ဳိးစလုံးအတြက္ကေတာ့ သင္တန္းတုိင္းကေန ထူးထူးၽခၽြန္ခၽြန္ နဲ႔ ေအာင္ျမင္လာခဲ့ၿပီး စစ္တပ္ထဲမွာလည္း ဆက္လက္ၿပီး အမႈထမ္းခ်င္တဲ့ သူေတြအတြက္ ရည္ရြယ္ၿပီး ဌာနခ်ဳပ္တစ္ခု ဖြင့္လွစ္ထားရွိပါတယ္။

တရုတ္ျပည့္သူ႔လြတ္လပ္ေရး တပ္မေတာ္မွာ အမ်ားအားျဖင့္ေတာ့ အျမဲတမ္း စစ္သည္အင္အား အမ်ာအးျပား ရွိေနပါတယ္။ ဘာေၾကာင့္ အဲဒီလုိ မ်ားျပားရသလဲဆုိေတာ့ ကြန္ျမဴနစ္ပါတီ မွာ ေကဒါ အဖဲြ႔၀င္မိသားစုေတြ အမ်ားအျပား ရွိပါတယ္။ အဲဒီ အဖဲြ႔၀င္ေတြထဲကမွ မိသားစုေတြ ရဲ႕ သား၊ သမီးေတြ ကုိ ငယ္စဥ္ကတည္းက စစ္တပ္ စည္းကမ္းအတုိင္း သင္ယူႏုိင္ဖုိ႔အတြက္ ေမာင္းႏွင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တရုတ္ တပ္မေတာ္ ဟာ ကမာၻေပၚမွာ အႀကီးဆုံး ျဖစ္ေနခဲ့ၿပိး အသက္အရြယ္ငယ္ငယ္ကတည္းက ေလ့လာက်က္မွတ္ခဲ့ရတဲ့ အေျခခံစည္းမ်ဥ္းေတြ က ေနသားက်ေနၿပီ ျဖစ္တဲ့အတြက္ အနာဂတ္မွာ တပ္မေတာ္ ဟာ အရည္အေသြး မ်ားစြာ ျပည့္၀ လာခဲ့ပါတယ္။ ငယ္စဥ္ကတည္းက ကေလးေတြကုိ ေထာက္ပံ့ေပးဖုိ႔ နဲ႔ စည္းကမ္းတက် ေမြးျမဴဖုိ႔ အတြက္ ရန္ပုံေငြ တစ္ခု ထားရွိၿပီး အနာဂတ္အတြက္ ျပင္ဆင္ၾကရပါတယ္။ သုိ႔ေပမယ့္ အသက္အရြယ္ရလာတဲ့အခ်ိန္မွာ တပ္မေတာ္မွာ မေပ်ာ္ခဲ့ရင္လည္း ထြက္ခြာဖုိ႔ အတြက္ အလြယ္တကူ ခြင့္ျပဳၿပီး ဘယ္လုိ စည္းမ်ဥ္းမွ ခ်ဳပ္ေႏွာင္ထားျခင္း မရွိပါဘူး ။ စစ္သား တစ္ေယာက္ ရဲ႕ ဘ၀ ဟာ မလြယ္ကူပါဘူး ။ ေနာက္ဆုံးတစ္ေန႔မွာေတာ့ တပ္မေတာ္က ႏုတ္ထြက္သြားတဲ့တုိင္ စည္းကမ္းလုိက္နာျခင္း ဆုိတဲ့ ပုံစံေကာင္းတစ္ခု ကုိ သင္ၾကားေပးလုိက္ႏုိင္ပါတယ္။

၈ ဖိလစ္ပိုင္ NAVSOG & CGSOG

ဖိလစ္ပုိင္တပ္မေတာ္ကုိ လူသိမမ်ားေပမယ့္ ဖိလစ္ပုိင္ေတာင္ပုိင္းမွာ ေျပာက္က်ားစစ္ေတြ ဆင္ႏႊဲေနရတဲ့ သူပုန္ေတြ နဲ႔ တုိက္ခုိက္ေနရတာ က တစ္ေၾကာင္း ၊ ေရတပ္စခန္း လာဖြင့္ထားတဲ့ အေမရိကန္စစ္ပညာေတြကို သင္ၾကားေနရတာက တမ်ဳိး။ အဲဒါေတြေၾကာင့္ပဲ တုိက္ရည္ခုိက္ရည္ ျပည့္၀ၿပီး ႏုိင္ငံတကာ စင္ျမင့္မွာ ထင္ေပၚစျပဳလာပါတယ္။

စည္းကမ္းျပည့္၀ဖုိ႔အတြက္ ရုပ္ပုိင္းဆုိင္ရာ စည္းကမ္းကုိသာ စည္းကမ္း လုိ႔ မွတ္ယူခဲ့ရင္ေတာ့ မွားပါလိမ့္မယ္။ စည္းကမ္း သေဘာတရားမွာ စိတ္ပုိင္းဆုိင္ရာ ပါ ပါရွိပါတယ္။

ဖိလစ္ပုိင္ဗုိလ္မွဴးတစ္ေယာက္ ဟာ အရက္အလြန္အကၽြံ႔ေသာက္ၿပီး ျပန္လာခဲ့ရင္ သူ႔ထက္ အဆင့္နိမ့္တဲ့ (တပ္သားအဆင့္) လွည့္ကင္းေတြနဲ႔ ေတြ႔ခဲ့တဲ့ အခါမ်ဳိးေတြမွာ အေရးယူ အျပစ္ေပးခံရပါမယ္။ အဲဒီ သံမဏိ ကုိ ဖိလစ္ပုိင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္အထိ သိရွိနားလည္ထားပါတယ္။

အရက္ေသာက္ခြင့္ မရွိဘူး လား ဆုိေတာ့ မဟုတ္ပါ။ ေသာက္ခြင့္ ရွိေပမယ့္ စစ္ေဆးေရးက စစ္ေဆးလုိက္တဲ့အခါမွာ အရမ္းကုိ ဆုိးရြားလြန္းတဲ့ အေျခအေန ေရာက္ခဲ့ရင္ သူ ဟာ သူ႔ရဲ႕ တပ္ကုိ ဘယ္လုိ ေစာင့္ေရွာက္ႏုိင္မလဲ .. ? အခု အခ်ိန္မွာ စခန္းထဲကုိ ရန္သူ ၀င္လာခ့ဲရင္ သူ ဘယ္လုိ ခုခံမလဲ ??? ဆုိတဲ့အခ်က္ေတြနဲ႔ အတူတူ ကြာတားခ်ၿပီး ဖုိင္းတပ္ခံရပါလိမ့္မယ္။ ေျခာက္မုိင္ေလာက္ကုိ မရပ္မနား ေျပားရပါမယ္။ ၁၈ မုိင္ ေလာက္ကုိ မရပ္မနား  ေရကူး ရပါမယ္။ အရင္က အမည္းစက္ေတြလည္း ရွိခဲ့မယ္ ဆုိရင္ေတာ့ ရာထူးျဖဳတ္၊ စစ္ေထာင္ပုိ႔ ၿပီး စစ္သားဘ၀ ကို တစ္ခါတည္း ႏႈတ္ဆက္ရပါလိမ့္မယ္။

အခု အခ်ိန္ထိေတာ့ ဆုိးဆုိးရြားရြား ဥပမာ ေတြ မရွိေသးေပမယ့္ အထက္အရာရွိတုိင္းကေတာ့ သူ႔လက္ေအာက္ငယ္သား တစ္ေယာက္ေယာက္ က သူ႔ကုိ ျပန္လည္ ဖမ္းဆီးသြားမွာကုိ ေၾကာက္ၾကတဲ့အတြက္ ထိန္းသိမး္ၾကပါေတာ့တယ္။

ဒါဟာ စိတ္ပုိင္းဆုိင္ရာ ေလ့က်င့္ေပးလုိက္မႈ ပဲ ျဖစ္ၿပီး သတိေပးခ်က္ ဒုတိယအဆင့္မွာတင္ အားလုံးက စည္းကမ္းကုိ နားလည္သြားၾကပါတယ္။

7.အေမရိကန္ေရတပ္ NAVY SEALs

အေမရိကန္ ေရတပ္ ေနဗီဆီးလ္ ကုိ ေတာ့ သိၾကမွာပါ။ ပင္လယ္ဖ်ံ လုိ႔ အမည္ေျပာင္ မွည့္ေခၚထားၿပီး အေမရိကန္ႏုိင္ငံက အထူးစစ္ဆင္ေရး အဖဲြ႔ ျဖစ္ပါတယ္။ အေမရိကန္ေရတပ္ရဲ႕ အဖြဲ႕ခြဲတစ္ခု ျဖစ္ၿပီးေတာ့ နာမည္က SEAL ဆိုတဲ့ စကားလုံးရဲ႕ အဓိပၸာယ္ကေတာ့ ပင္လယ္ (SEa) ၊ ေလေၾကာင္း (Air) နဲ႕ ကုန္းေၾကာင္း (Land) တို႔ကို ဆိုလိုတာပါ။ ျပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ကမာၻေက်ာ္ အၾကမ္းဖက္ ေခါင္းေဆာင္ အုိစမာဘင္လာဒင္ ကုိ ဖမ္းဆီးသတ္ျဖတ္ႏုိင္ခဲ့တဲ့ အေမရိကန္ အေသခံတပ္သား လက္မရြံ႔ေတြလည္း ျဖစ္ပါတယ္။

ေနဗီဆီးလ္ ေတြကို ၁ ကေန ၈ အထိ ဖြဲ႕စည္း ထားပါတယ္..။ တစ္ဖြဲ႕စီမွာ တပ္စု ၆စု စီ ရွိျပီး တပ္စုတစ္စုစီမွာေတာ့ တပ္ဖြဲ႕ဝင္ ၁၆ ေယာက္ ရွိပါတယ္။

စစ္သည္ ၁၃ ေယာက္ အရာရွိႏွစ္ေယာက္နဲ႕ ကြန္မန္ဒါ တစ္ေယာက္စီ နဲ႕ ဖြဲ႕စည္းပါတယ္..။ တပ္စု တစ္စုလံုး လႈပ္ရွားတာ နည္းပါတယ္ ..။ ေတာ္ေတာ္ၾကီးတဲ့ မစ္ရွင္က်မွ တပ္စုတစ္စုလံုး သံုးျပီး အမ်ားအားျဖင့္ကေတာ့ တပ္စိတ္ ႏွစ္စိတ္ ခြဲျပီး အဲဒီ ထဲကမွ တပ္ဖြဲ႕ဝင္ ေလးေယာက္စီနဲ႕ လႈပ္ရွားေလ့ရွိပါတယ္..။

ဘက္ေပါင္းစုကေန ထူးခၽြန္ထက္ျမက္ေေနေအာင္ အျမဲမျပတ္ ေလ့က်င့္ေနၾကတဲ့ အေမရိကန္ ေရတပ္ရဲ႕ စစ္သားေတြဟာ အရမ္းကုိ စည္းကမ္းလုိက္နာ ရၿပီး တေသြမတိမ္း တိက်ရတဲ့အဆင့္ထိ ေလ့က်င့္ရပါတယ္။ ေရတပ္က အဖြဲ႕ခြဲတစ္ခု ျဖစ္ေပမယ့္လို႔ ၾကည္း၊ေရ၊ေလ စစ္ဆင္ေရးေတြမွာ ကြ်မ္းက်င္ေအာင္ ေလ့က်င့္ခံထားရသူေတြပါပဲ။

သင္တန္းသား အသစ္စုေဆာင္းတဲ့ေနရမွာေတာ့ သင္တန္းအလုိက္ ရာခုိင္ႏႈန္းကုိ မွတ္သားထားၿပီး သင္တန္းၿပီးဆုံးခ်ိန္မွာ ၇၅ ရာခုိင္ႏႈန္းအထက္ ေအာင္ခ်က္ မရွိရင္ ထုတ္ပယ္ခံရပါတယ္။

6.အိႏၵိယ ၾကည္းတပ္

အိႏၵိယ စစ္တပ္မွာ သုံးစဲြတဲ့ တစ္ခုတည္းေသာ စကားလုံးက “စည္းကမ္း” ပဲ ျဖစ္ပါတယ္။ အထက္တန္းမွာ အမွတ္ေကာင္းလုိ႔ တပ္ထဲ ေရာက္လာခဲ့လည္း စည္းကမ္းပုိင္း နဲ႔ ရုပ္ပုိင္းဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာ ဖြံ႔ျဖဳိးမႈ နည္ပါးတယ္ ဆုိရင္ ၃ လ နဲ႔ တပ္ကေန ႏႈတ္ဆက္ရေလ့ရွိပါတယ္။

သူတုိ႔ကေတာ့ အခ်ိန္ဇယား အတုိင္း ေ့လက်င့္ၿပီး အဲဒီ အခ်ိန္ဇယားေတြမွာ အိပ္ခ်ိန္၊ နဲ႔ အနားယူခ်ိန္၊ အားကစား အခ်ိန္ေတြပါ သမမွ်တေအာင္ ေရာစပ္ထားတဲ့အတြက္ နည္းနည္း မွ ခုိကပ္ေနလုိ႔ မရပါဘူး။

ေရခဲတမွ် ေအးစက္တဲ့ ေရထဲမွာ နာရီေပါင္း မ်ားစြာ စိမ္ခံရျခင္း၊ ေျမၾကီးေပၚမွာ စုတ္ျပတ္သတ္ေနေအာင္ မိေက်ာင္းသြား သြားရျခင္း နဲ႔ တျခား ၾကမ္းတမ္းတဲ့ ျပစ္ဒဏ္မ်ားစြာကုိ ျပဌာန္းထားပါတယ္။

5.အစၥေရး Shayetet 13

အစၥေရး ဟာ အယူအဆမတူညီတဲ့ ႏုိင္ငံေတြၾကားမွာ ေနထုိင္ရတဲ့ ႏုိင္ငံပီပီ သူရဲ႕ စစ္တပ္ကုိလည္း ထူးခၽြန္ထက္ျမက္ေနေအာင္ အျမဲလုိ ျပင္ဆင္ေနေလ့ရွီပါတယ္။

အဲဒီ အစၥေရးတပ္မေတာ္ထဲကေန တုိးထြက္လာၿပီး ထူးခၽြန္တဲ့စစ္ဆင္ေရးေတြနဲ႔ အတူတူ လူသိမ်ားလာတာက Shayetet 13 ပါ။ Shayetet 13 ဟာ အေမရိကန္ က ထိပ္ထိပ္ၾကဲ တပ္ဖဲြ႔ေတြနဲ႔ အတူတူ စစ္ေရး ေလ့က်င့္ခြင့္ရလုိက္ျခင္း က ထိပ္တန္းအဆင့္ တပ္ဖဲြတစ္ခု ျဖစ္လာေစတယ္ လုိ႔ ယူဆလုိ႔ရပါတယ္။

အတူတူ ပူးတဲြၿပီး ၾကည္း၊ ေရ ၊ ေလ စစ္ဆင္ေရးေတြကုိ ပူးတဲြေလ့က်င့္ေနတဲ့ အဖြဲ႔ေတြထဲမွာ ေနဗီဆီးလ္ အေၾကာင္း ကုိ သိၿပီး ေလာက္ၿပီဆုိရင္ ေနာက္ထပ္တဖဲြ႔ျဖစ္တဲ့ Delta Force အေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။

Delta Force (အေမရိကန္) အဖြဲ႔ ဟာ နာမည္မ်ိဳးစုံရွိၿပီး သတင္းအခ်က္အလက္ေတြနဲ႔ သူတုိ႔ ရဲ႕ တပ္ဖဲြ႔အေၾကာင္း၊ တပ္ဖဲြ႔မိသားစု၀င္ေတြ အေၾကာင္းကုိ ေျခရာခံလုိ႔ မရေအာင္ အျမဲတမ္းလုိ ကိုယ္ေယာက္ေဖ်ာက္ေနေလ့ရွိတဲ့ တပ္ဖဲြ႔တစ္ခု ျဖစ္ပါတယ္။ Delta Force ဆုိတဲ့ အမည္နာမ နဲ႔ ၁၉၉၇ ခုႏွစ္အထိ ရပ္တည္ခဲ့ပါတယ္။ ကမၻာေက်ာ္ စစ္ဆင္ေရး အထူးတပ္ဖြဲ႔ျဖစ္ၿပီး အေမရိကန္ရဲ႕ အလွ်ိဳ႔၀ွက္ဆုံးတပ္ဖဲြ႔တစ္ခု လည္း ျဖစ္ပါတယ္။ ၿဗိတိန္ ရဲ႕ အထူးေထာက္လွမ္းေရး Special Agent Service (SAS တပ္ဖြဲ႔) ကေန စတင္ၿပီး အုတ္ျမစ္ခ် ဖဲြ႔စည္းေပးလုိက္တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ အဖဲ႔ြဟာ စစ္တပ္မဆန္ဘဲ သူလွ်ဳိ နဲ႔ ေထာက္လွမ္းေရး ဘက္ျခမ္းကုိ ပုိၿပီး လွဳပ္ရွားဖုိ႔ ရည္ရြယ္ပါတယ္။ အထူးသျဖင့္ အၾကမ္းဖက္္ႏွိမ္ႏွင္းေရး၊ ဓားစာခံကယ္တင္ျခင္း စတဲ့ အထူးစီးနင္း တုိက္ခုိက္မႈေတြကုိ ႏုိင္ငံျခားေရး၀န္ၾကီး ရဲ႕ အမိန္႔အရ ေဆာင္ရြက္ပါတယ္။ Delta Force က ျပည္ထဲေရးဌာန နဲ႔ ပုိၿပီး ဆက္ႏြယ္ေနေပမယ့္ ၀န္ထမ္ေးတြကေတာ့ အေမရိကန္စစ္တပ္အတြင္း ကေန သာ ေလွ်ာက္ထားခြင့္ရွိၿပီး အျပင္လူ လုံးလုံး လက္မခံပါ။ နည္​းစနစ္​ပိုင္​း၊ ပစ္ခတ္မႈ အပုိင္း ၊ ကယ္တင္မႈ အပုိင္း ၊ ႏွိမ္နင္းမႈ အပုိင္း ေတြနဲ႔ အတူတူ က်ဥ္းထဲၾကပ္ထဲ မွာ ရုန္းထြက္ဖုိ႔ နဲ႔ တိုက္ခုိက္ဖုိ႔ ေတြကုိ ပုိၿပီး ဦးစားေပး သင္ၾကားပါတယ္။ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၃ ရွိတဲ့အတြက္ ထူးခၽြန္တဲ့ ပညာရပ္ေတြနဲ႔ အတူတူ တုိက္ခိုက္ရည္ျပည့္၀ျခင္း ၊ အမိန္႔နာခံျခင္း ၊ စည္းကမ္းေသ၀ပ္ျခင္း တုိ႔ က သူတုိ႔ရဲ႕ ဂုဏ္ၿဒပ္ေတြပဲ ျဖစ္ပါတယ္။

Shayetet 13 ဟာ ကမာၻေက်ာ္တပ္ဖဲြ႔ေတြနဲ႔ အတူတူ ယွဥ္တဲြေလ့က်င့္ခြင့္ရၿပီး ေနာက္ တစ္စစ အစြမ္းပုိထက္လာေပမယ့္ သူတုိ႔ရဲ႕ တုိက္ခုိက္ေရး နည္းပညာတြနဲ႔ ကာကြယ္ေရး အင္အားစုကုိေတာ့ ဘယ္ေတာ့မွ ေပၚေပၚတင္တင္ ထုတ္ေဖာ္မေျပာၾကားပါဘူး ။

4ျဗိတိန္နိုင္ငံ ရဲ႕ MI6

တကယ္လုိ႔ ဂ်ိမ္းစ္ဘြန္းဇာတ္ကားေတြကုိ ၾကည့္ခဲ့ဖူးတယ္ ဆုိရင္ MI6 ကုိ သိရွိမွာပါ။ အနည္းဆုံးေတာ့ Mr.Bean မစၥတာဘင္းကုိ ၾကည့္ဖူးရင္ေတာင္မွ ဒီ အဖဲြ႔ကုိ သိမွာပါ။ သူတုိ႔ ဟာ အထူးေထာက္လွမ္းေရး တပ္ဖဲြ႔ပါ။ ဒါေပမယ့္ သူတုိ႔ကုိ ေထာက္လွမ္းေရး ေတြလုိ႔ မေခၚပဲ လ်ဳိ႕၀ွက္လူသတ္သမားမ်ား အျဖစ္သာ ေခၚဆုိၾကပါတယ္။

ကမာၻေပၚမွာ ရွိတဲ့ လူသစ္ေတြကုိ စုေဆာင္းတဲ့ေနရာမွာ အဲဒီ လူငယ္ ဟာ ဘယ္လုိ မ်ဳိး စည္းကမ္းေတြကုိ လုိက္နာတတ္သလဲ ဆုိတဲ့ အခ်က္ ၁ ခ်က္ကုိပါ ထည့္သြင္း စဥ္းစားပါတယ္။

သူတုိ႔ရဲ တပ္ဖဲြ႔ဟာ Secret Intelligence Service (SIS) ေအာက္မွာ ရွိၿပီး အဲဒီ အဖဲြ႔ကုိေတာ့ MI6 လုိ႔ ေခၚပါတယ္။ ကၽြန္ေတာ္တုိ႔ ထင္ထင္ရွားရွား သိတဲ့ ဂ်ိမ္းစ္ဘြန္း ဟာ MI6 က လွ်ဳိ႕၀ွက္ေထာက္လွမ္းေရး သမား အမွတ္စဥ္ (၀၀၇) ျဖစ္ပါတယ္။

MI5 ကေတာ့ တစ္ႏုိင္ငံလုံးရဲ႕ လုံျခဳံေရး တာ၀န္ခံံ The Security Service ကုိ ေခၚဆုိတာျဖစ္ၿပီး ျဗိတိန္ဘုရင္မ ရဲ႕ လက္ေအာက္မွာ ထားရွိၿပီး ဘုရင္မကုိယ္တုိင္ တုိက္ရုိက္အုပ္ခ်ဳပ္ပါတယ္။

အဲဒီမွာ ၅ တုိ႔ ၊ ၆ တုိ႔ ဆုိတဲ့ နံပါတ္ေတြဟာ သက္ဆုိင္ရာ Section ကုိ ကုိယ္စားျပဳတာ ျဖစ္ပါတယ္။ ဘဏ္ခဲြ ၃ တုိ႔ ၊ ဘဏ္ခဲြ ၄ တုိ႔ နဲ႔ ဆင္တူၿပီး နံပါတ္ေတြကဲြျပား သလုိ လုပ္ေဆာင္ခ်က္လည္း ကဲြျပားေပမယ့္ MI (Military Intelligence) ဌာနခ်ဳပ္ကေတာ့ တစ္ခုတည္း ပါပဲ ။

ဂ်ိမ္းစ္ဘြန္းကားေတြထဲမွာ သ႑န္လုပ္ ပါ၀င္တဲ့ Agent Q ဆုိတာ အျပင္မွာလည္း တကယ္ ရွိတာ ျဖစ္ၿပီး Agent Q ဟာ အဖဲြ႔၀င္တုိင္းအတြက္ လက္နက္ခဲယမ္းမီးေက်ာက္၊ ပစၥည္းကိရိယာ နဲ႔ နည္းပညာေတြကို ပံ့ပုိးဖုိ႔ တာ၀န္ယူရပါတယ္။ ဒါေပမယ့္ ရုပ္ရွင္ထဲမွာလုိေတာ့ မိန္းကေလး ေတြနဲ႔ ရႈပ္ေပြေနလုိ႔ မရဘဲ စည္းကမ္းကုိ အတင္းၾကပ္ဆုံး ဥပေဒ အျဖစ္ သေဘာထားရပါတယ္။ ဒီေနရမွာ MI6 အဖဲြ႔၀င္တုိင္းအဖုိ႔ သူတုိ႔ကုိယ္စီ ရဲ႕ စည္းကမ္း ဟာ သူတုိ႔ကိုယ္စီ ရဲဲ႕ “ အသက္ “ ပဲ ျဖစ္ပါတယ္။ စည္းကမ္းေဖာက္ရင္ “ အသက္” ေပးလုိက္ရမွာ ေသခ်ာပါတယ္။

3ေျ.မာက္ကိုရီးယားရဲ့ မုန္တိုင္း တပ္ဖဲြ႔

ေျမာက္ကုိးရီးယားစစ္တပ္ဟာလည္း စည္းကမး္လုိက္နာမႈ အရွိဆုံး နဲ႔ အထူးခၽြန္ဆုံး တပ္သားေတြ အျဖစ္ ေရြးထုတ္ျပရမွာပါပဲ။

ဘာလုိ႔လဲဆုိေတာ့ ကုိရီးယား ကၽြန္းဆြယ္ ရဲ႕ ေကာင္းကင္မွာ တိမ္ေတြ မရွိေတာ့ဘဲ ေလးရာသီလုံးလုံး စစ္ရိပ္၊ စစ္ေငြ႔ ေတြသာ ယွက္သန္းေနေလ့ရွိတယ္ လုိ႔ ေျပာျပရင္ လြန္လိမ့္မယ္ မထင္ပါဘူး ။ ေခတ္မွီလြန္းလွတဲ့ လက္နက္ ေတြေၾကာင့္ ေျမာက္ကုိရီးယား စစ္တပ္ကုိ ေတာ္ရုံ နဲ႔ ေတာ့ အထင္မေသးရဲပါဘူး။ ေနာက္တစ္ေၾကာင္း က စစ္တပ္ရဲ႕ လုပ္အားႏႈန္းပါပဲ။ သဲအိတ္ထုိး ေလ့က်င့္ခန္းေတြ၊ သဲေသာင္ျပင္ေပၚမွာ ေလ့က်င့္ရတာေတြ အျပင္ မေရမတြက္ႏုိင္ေအာင္ မ်ားျပားလြန္းတဲ့ ေလ့က်င့္ခန္းေတြေၾကာင့္ ေအးျမတဲ့ ရာသီဥတု ရွိေပမယ့္ စစ္သားေတြဟာ ေၾကးနီေရာင္သန္းေနတဲ့ ကိုယ္ခႏၵာေတြကို ပုိင္ဆုိင္လာရပါတယ္။

တကယ္လုိ႔ ေျမာက္ကုိးရီးယား စစ္သားတစ္ေယာက္ က သူတုိ႔ လုိက္နာရတဲ့ စည္းကမ္းေတြ ၊ ထိန္းခ်ဳပ္ရတဲ့ က်င့္၀တ္ေတြနဲ႔ တတ္ကၽြမ္းတဲ့ ပညာရပ္ေတြ အေၾကာင္း ကုိ ေျပာျပတဲ့အခါမွာ ကၽြန္ေတာ္တုိ႔ အေနနဲ႔ လက္ခံခ်င္မွ လက္ခံမိပါလိမ့္မယ္။ ဒါေပမယ့္ သူ႔ကုိ လက္ဆဲြႏႈတ္ဆဲြၾကည့္ပါ။ အဲဒါဆုိရင္ေတာ့ လက္ခံသြားပါၿပီ။ ဘာလုိ႔လဲဆုိေတာ့ သူတုိ႔ လက္ေတြဟာ ေက်ာက္ခဲလုိ မာေၾကာေနတာကုိ ေတြ႔ရမွာပဲ ျဖစ္လုိ႔ပါ။

2.ရုရွား ရဲ့ Spetsnaz

ဒုတိယကမာၻစစ္တုန္းက ရြပ္ရြပ္ခၽြံခၽြံ တုိက္ခုိက္ခဲ့တဲ့အတြက္ ထင္ရွားခဲ့တဲ့ အဖဲြ႔အစည္းေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ အဲဒါကေတာ့ ဆုိဗီယက္ တပ္နီေတာ္ ပါ။ အဲဒီတုန္းက ဆုိဗီယက္ျပည္ေထာင္စု အေနနဲ႔ ရွိခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ျပည္နယ္ေတြကေန ႏုိင္ငံေတြအျဖစ္ ခဲြထြက္သြားတဲ့အတြက္ ရုရွ ႏုိင္ငံ အေနနဲ႔ ျပန္လည္ တည္ရွိခဲ့တဲ့ ကမာၻ႔ဒုတိယ အင္အားအႀကီးဆုံး စစ္တပ္ထဲမွာ တပ္နီေတာ္ ရဲ႕ ေသြးမ်ဳိးဆက္ေတြ ခိုေအာင္းလုိ႔ ေနပါတယ္။

အဲဒီထဲမွာ ထင္ရွားတာက ရုရွား Spetznet အထူးစစ္ဆင္ေရးတပ္ဖဲြ႔ ျဖစ္ပါတယ္။ Spetznet အထူးတပ္ဖဲြ႔၀င္ေတြဟာ ရုရွားေထာက္လွမ္းေရး တပ္ဖဲြ႕ GRU ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိေနပါတယ္။နာမည္ေက်ာ္ KGB၊ MVD အဖဲြ႔ေတြထက္ လည္း ႏွစ္ ၂၀ နီးပါးေလာက္ ေစာၿပီး ဒုတိယကမာၻစစ္ မျဖစ္ခင္ ၁၉၄၀ မွာ စတင္ေပၚေပါက္လာတာျဖစ္ပါတယ္။

စတင္ၿပီး ဖဲြ႔စည္းတုန္းက တပ္နီေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးကေန တိုက္ရုိက္ကြပ္ကဲခဲ့ၿပီး ၁၉၄၉ စစ္ၿပီးဆုံးခ်ိန္မွာေတာ့ သီးျခား တိုက္ခိုက္ေရးတပ္ခဲြ တစ္ခု အျဖစ္ ရပ္တည္ခဲ့ပါတယ္။ တာ၀န္ က စစ္ပဲြကာလအတြင္းမွာ ရန္သူ႔ ေနာက္ပိုင္းကုိ စိမ့္၀င္ၿပီး (အသြင္အမ်ိဳးမ်ိဳး) နဲ႔ ဆက္သြယ္ေရး၊ အေထာက္အပံ့ေတြ မွန္သမွ်ကုိ ေျခမႈန္းဖုိ႔ပဲ ျဖစ္ပါတယ္။

Spetznet တပ္ဖဲြ႔ တပ္သားတုိင္း ဟာ အထူးလက္နက္ကိုင္တြယ္မႈသင္တန္း၊ ေဖာက္ခဲြေရးသင္တန္း၊ လက္ေျဖာင့္သင္တန္း၊ အၾကမ္းဖက္ ႏွိမ္ႏွင္းေရး သင္တန္း၊ အနီးကပ္ တိုက္ခိုက္ေရး သင္တန္းေတြအျပင္ သူနာျပဳသင္တန္း ေတြကုိပါ တက္ေရာက္ သင္ၾကားရပါတယ္။ Spetznet အဖဲြ႔ဟာ ေထာက္လွမ္းေရး ကုိ အေျခခံတဲ့ အဖဲြ႔ျဖစ္ေပမယ့္ စစ္တပ္ထက္ေတာင္ ပုိၿပီး စြမ္းရည္ျမင့္မား ရတဲ့ အခ်က္က သူတုိ႔ ဟာ စစ္ပညာကုိေရာ ၊ လွ်ဳိ႕၀ွက္ေထာက္လွမ္းေရး ပညာကုိပါ သင္ၾကားရအတြက္ပဲ ျဖစ္ပါတယ္။ Spetznet တပ္ဖဲြ႔ရဲ႕ ယုံၾကည္ခ်က္ က ဒါဟာ စစ္ပဲြျဖစ္တယ္။ ဒါေၾကာင့္ နာက်င္မယ္။ ဒါေၾကာင့္ နာက်င္မႈ ဒဏ္ကုိ ခံႏုိင္ရည္ ရွိဖုိ႔ တင္ႀကိဳ ေလ့က်င့္ဖုိ႔ လုိတယ္။ အဲဒီ ေလ့က်င့္မႈအတြက္ တင္းက်ပ္တဲ့ စည္းကမ္းေတြ ကုိ ခ်မွတ္ထားၿပီး တပ္သားတုိင္း ဟာ စည္းကမ္းတုိင္းကုိ မျဖစ္မေန လုိက္နာရပါတယ္

1. South Africa’s Elite Military

ေတာင္အာဖရိက ဟာ ခက္ခဲၾကမ္းတမ္းတဲ့ ေျမမ်က္ႏွာသြင္ျပင္ နဲ႔ အတူတူ စစ္မက္ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြနဲ႔ ဖဲြ႔စည္းထားပါတယ္။ အဲဒီအတြက္ ေတာင္အာဖရိက တပ္ဖဲြ႔ေတြဟာ ရုပ္ပုိင္းဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာ ေတြကုိ သူမ်ားတပ္ဖဲြ႔ေတြထက္ ၂ ဆ နီးပါး ပုိမုိ ျမွင္တင္ၿပီး က်င့္ယူပါတယ္။

ဥပမာ မတ္တပ္ရပ္ရင္းနဲ႔ အိပ္ေပ်ာ္ႏုိင္ေအာင္ ႀကိဳးစားတာ၊ အစာမရွိပဲ ေနႏုိင္ေအာင္ ႀကိဳးစားတာေတြ အျပင္ စိတ္ဓါတ္ပုိင္းဆုိင္ရာ မာေၾကာမႈအတြက္လညး္ ျပင္ဆင္ထားၾကတယ္။

တပ္သားတုိင္းဟာ ရဲသင္တန္း၊ ေထာက္လွမ္းေရး သင္တန္းေတြအျပင္ ၊ စစ္သင္တန္းေတြပါ တက္ေရာက္ရတဲ့အတြက္ တပ္သားတစ္ေယာက္ ဟာ ၃ မ်ဳိးစလုံး တတ္သိနားလည္ေနပါတယ္။

ထရိန္နင္ လုပ္တဲ့ ေလ့က်င့္ေရးစခန္းေတြမွာဆုိရင္ တစ္ခါတေလ ရိကၡာခဲြတမ္း မခ်ေပးဘဲ ေလ့က်င္ေစၿပီး ရွိတဲ့ေနရာက ေတြ႔တဲ့ သစ္သီးသစ္ဖု နဲ႔ အသက္ဆက္ၿပီး ႀကံ့ခုိင္ေစဖုိ႔ ေမာင္းႏွင္ေပးၿပီး စည္းကမ္းမလုိက္နာႏုိင္ပါကလည္း တပ္က ထုတ္ပစ္ဖုိ႔ ဗႏွာင့္ေႏွးေနျခင္း မရွိပါ။

Unicode

စစ်တပ်တိုင်းဟာ မ တစ်ထောင်သားတွေ တက်ရောက်ကြတဲ့ ၊ လာရောက် အမှုထမ်းကြတဲ့ အဖွဲ့အစည်း ဖြစ်တာနဲ့ အညီ အုပ်ချုပ်ရတာ မလွယ်ကူလှပါဘူး ။ ဒါကြောင့် စစ်တပ်တိုင်းလိုလိုမှာ စည်းကမ်းကို အဓိက ထားပြီး တင်းတင်းကြပ်ကြပ် တားမြစ်အုပ်ချုပ်ပြီး စည်းကမ်း ဖောက်ဖျက် ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးလေ့ရှိပါတယ်။

အောာက်မှာ ဖော်ပြထားတာ က အဲဒီလို စည်းကမ်းတင်းကျပ်ပြီး အုပ်ချုပ်မှုစွမ်းရည်ကောင်းတဲ့ စစ်တပ်တွေထဲက ထိပ်ထပ်ကြဲတွေ ကို ရွေးထုတ်ထားတာ ဖြစ်ပါတယ်။

၁၀ သြစတြေးလျ ရဲ့ Z Force

ဒုတိယကမ္ဘာစစ်အတွင်းမှာ ထင်ရှားခဲ့တဲ့ စစ်သားတွေထဲမှာ အပါအဝင် ဖြစ်တဲ့ Z Special Unit ဟာ တက်ကြွတဲ့ လူငယ်တွေရဲ့ စည်းကမ်းသေဝပ်မှု ၊ အမိန့်နာခံတတ်မှုတွေကြောင့် အထူး ထင်ရှားခဲ့ပါတယ်။

အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာ ကနေ ကမ်းတက်လာမယ့် ဂျပန်ဖက်ဆစ်တွေ ရဲ့ အန္တာယ်ကို တွန်းလှန်ဖို့ အဓိက စိုင်းပြင်းခဲ့တာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ၄ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ Z Special Unit ဟာ အဲဒီတုန်းက ထောက်လှမ်းရေး ၊ တိုက်ခိုက်ရေး နဲ့ လူနာပြုစုရေး သုံးမျိုး ကို အဓိက တာဝန်ယူပါတယ်။

သြစတြေးလျ ရဲ့ နာမည်ကျော် တီဗွီစီးရီး ဖြစ်တဲ့ Spy Force မှာ သူတို့ နဲ့ ပတ်သက်တာတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျပန်တွေ ဟာ စင်္ကာပူကျွန်းနိုင်ငံကို ၀င်ရောက်သိမ်းပိုက်ချိန်မှာ ဂျပန်ရေတပ်သဘောင်္တွေကို ကောင်းကောင်းမြုပ်ပစ်နိုင်ခဲ့တဲ့ တပ်ဖွဲ့အဖြစ် လူသိများပြီး သူတို့ ရဲ့ အောင်ပွဲတွေဟာ စည်းကမ်းတင်းကျပ်မှုကနေ ရရှိခဲ့တယ် လို့ ဆိုပါတယ်။

၉ တရုတ်ပြည့်သူ့ လွတ်မြောက်ရေး တပ်မတော်

မာနထောင်လွှားမှု နဲ့ မျိုးချစ်စိတ် ဟာ ကွဲပြားခြားနားတဲ့အကြောင်း ကို ငယ်စဉ်ကတည်း က သင်ကြားပေးတဲ့ တပ်မတော်တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်တပ်တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဥပဒေ အရ စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းထားပြီး အရွယ်ရောက်တဲ့ ယောကျ်ားတိုင်းဟာ အနည်းဆုံး ၂ နှစ်ကနေ ၃ နှစ် အထိ စစ်မှုထမ်းရပါတယ်။  Zhurihe စစ်အခြေစိုက်စခန်းမှာ သင်ကြားပေးတဲ့ သင်ခန်းစာတွေထဲမှာ မြေပြင်တိုက်ပွဲ နဲ့ အတူတူ ကမ်းတက်တိုက်ပွဲ ၊ ပင်လယ်ပြင်တိုက်ပွဲတွေကိုလည်း သင်ကြားပေးပြီး လေကြောင်းတိုက်ပွဲတွေ အတွက်တော့ သီးခြားနေရာတစ်ခု ထားရှိပါတယ်။ လေကြောင်းပစ်ကူ နဲ့ မြေပြင်တိုက်ပွဲ နဲ့ ပေါင်းစပ်လေ့ကျင့်ရမယ့် နေရာကလည်း သီးသန့် တစ်ခု ဖြစ်ပြီး ကြည်း၊ ရေ ၊ လေ ၃ မျိုးစလုံးအတွက်ကတော့ သင်တန်းတိုင်းကနေ ထူးထူးျချွန်ချွန် နဲ့ အောင်မြင်လာခဲ့ပြီး စစ်တပ်ထဲမှာလည်း ဆက်လက်ပြီး အမှုထမ်းချင်တဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဌာနချုပ်တစ်ခု ဖွင့်လှစ်ထားရှိပါတယ်။

တရုတ်ပြည့်သူ့လွတ်လပ်ရေး တပ်မတော်မှာ အများအားဖြင့်တော့ အမြဲတမ်း စစ်သည်အင်အား အမျာအးပြား ရှိနေပါတယ်။ ဘာကြောင့် အဲဒီလို များပြားရသလဲဆိုတော့ ကွန်မြူနစ်ပါတီ မှာ ကေဒါ အဖွဲ့ဝင်မိသားစုတွေ အများအပြား ရှိပါတယ်။ အဲဒီ အဖွဲ့ဝင်တွေထဲကမှ မိသားစုတွေ ရဲ့ သား၊ သမီးတွေ ကို ငယ်စဉ်ကတည်းက စစ်တပ် စည်းကမ်းအတိုင်း သင်ယူနိုင်ဖို့အတွက် မောင်းနှင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ် တပ်မတော် ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဖြစ်နေခဲ့ပြိး အသက်အရွယ်ငယ်ငယ်ကတည်းက လေ့လာကျက်မှတ်ခဲ့ရတဲ့ အခြေခံစည်းမျဉ်းတွေ က နေသားကျနေပြီ ဖြစ်တဲ့အတွက် အနာဂတ်မှာ တပ်မတော် ဟာ အရည်အသွေး များစွာ ပြည့်ဝ လာခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို ထောက်ပံ့ပေးဖို့ နဲ့ စည်းကမ်းတကျ မွေးမြူဖို့ အတွက် ရန်ပုံငွေ တစ်ခု ထားရှိပြီး အနာဂတ်အတွက် ပြင်ဆင်ကြရပါတယ်။ သို့ပေမယ့် အသက်အရွယ်ရလာတဲ့အချိန်မှာ တပ်မတော်မှာ မပျော်ခဲ့ရင်လည်း ထွက်ခွာဖို့ အတွက် အလွယ်တကူ ခွင့်ပြုပြီး ဘယ်လို စည်းမျဉ်းမှ ချုပ်နှောင်ထားခြင်း မရှိပါဘူး ။ စစ်သား တစ်ယောက် ရဲ့ ဘဝ ဟာ မလွယ်ကူပါဘူး ။ နောက်ဆုံးတစ်နေ့မှာတော့ တပ်မတော်က နုတ်ထွက်သွားတဲ့တိုင် စည်းကမ်းလိုက်နာခြင်း ဆိုတဲ့ ပုံစံကောင်းတစ်ခု ကို သင်ကြားပေးလိုက်နိုင်ပါတယ်။

၈ ဖိလစ်ပိုင် NAVSOG & CGSOG

ဖိလစ်ပိုင်တပ်မတော်ကို လူသိမများပေမယ့် ဖိလစ်ပိုင်တောင်ပိုင်းမှာ ပြောက်ကျားစစ်တွေ ဆင်နွှဲနေရတဲ့ သူပုန်တွေ နဲ့ တိုက်ခိုက်နေရတာ က တစ်ကြောင်း ၊ ရေတပ်စခန်း လာဖွင့်ထားတဲ့ အမေရိကန်စစ်ပညာတွေကို သင်ကြားနေရတာက တမျိုး။ အဲဒါတွေကြောင့်ပဲ တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး နိုင်ငံတကာ စင်မြင့်မှာ ထင်ပေါ်စပြုလာပါတယ်။

စည်းကမ်းပြည့်ဝဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ စည်းကမ်းကိုသာ စည်းကမ်း လို့ မှတ်ယူခဲ့ရင်တော့ မှားပါလိမ့်မယ်။ စည်းကမ်း သဘောတရားမှာ စိတ်ပိုင်းဆိုင်ရာ ပါ ပါရှိပါတယ်။

ဖိလစ်ပိုင်ဗိုလ်မှူးတစ်ယောက် ဟာ အရက်အလွန်အကျွံ့သောက်ပြီး ပြန်လာခဲ့ရင် သူ့ထက် အဆင့်နိမ့်တဲ့ (တပ်သားအဆင့်) လှည့်ကင်းတွေနဲ့ တွေ့ခဲ့တဲ့ အခါမျိုးတွေမှာ အရေးယူ အပြစ်ပေးခံရပါမယ်။ အဲဒီ သံမဏိ ကို ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အထိ သိရှိနားလည်ထားပါတယ်။

အရက်သောက်ခွင့် မရှိဘူး လား ဆိုတော့ မဟုတ်ပါ။ သောက်ခွင့် ရှိပေမယ့် စစ်ဆေးရေးက စစ်ဆေးလိုက်တဲ့အခါမှာ အရမ်းကို ဆိုးရွားလွန်းတဲ့ အခြေအနေ ရောက်ခဲ့ရင် သူ ဟာ သူ့ရဲ့ တပ်ကို ဘယ်လို စောင့်ရှောက်နိုင်မလဲ .. ? အခု အချိန်မှာ စခန်းထဲကို ရန်သူ ၀င်လာခဲ့ရင် သူ ဘယ်လို ခုခံမလဲ ??? ဆိုတဲ့အချက်တွေနဲ့ အတူတူ ကွာတားချပြီး ဖိုင်းတပ်ခံရပါလိမ့်မယ်။ ခြောက်မိုင်လောက်ကို မရပ်မနား ပြေားရပါမယ်။ ၁၈ မိုင် လောက်ကို မရပ်မနား  ရေကူး ရပါမယ်။ အရင်က အမည်းစက်တွေလည်း ရှိခဲ့မယ် ဆိုရင်တော့ ရာထူးဖြုတ်၊ စစ်ထောင်ပို့ ပြီး စစ်သားဘဝ ကို တစ်ခါတည်း နှုတ်ဆက်ရပါလိမ့်မယ်။

အခု အချိန်ထိတော့ ဆိုးဆိုးရွားရွား ဥပမာ တွေ မရှိသေးပေမယ့် အထက်အရာရှိတိုင်းကတော့ သူ့လက်အောက်ငယ်သား တစ်ယောက်ယောက် က သူ့ကို ပြန်လည် ဖမ်းဆီးသွားမှာကို ကြောက်ကြတဲ့အတွက် ထိန်းသိမး်ကြပါတော့တယ်။

ဒါဟာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးလိုက်မှု ပဲ ဖြစ်ပြီး သတိပေးချက် ဒုတိယအဆင့်မှာတင် အားလုံးက စည်းကမ်းကို နားလည်သွားကြပါတယ်။

7.အမေရိကန်ရေတပ် NAVY SEALs

အမေရိကန် ရေတပ် နေဗီဆီးလ် ကို တော့ သိကြမှာပါ။ ပင်လယ်ဖျံ လို့ အမည်ပြောင် မှည့်ခေါ်ထားပြီး အမေရိကန်နိုင်ငံက အထူးစစ်ဆင်ရေး အဖွဲ့ ဖြစ်ပါတယ်။ အမေရိကန်ရေတပ်ရဲ့ အဖွဲ့ခွဲတစ်ခု ဖြစ်ပြီးတော့ နာမည်က SEAL ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ ပင်လယ် (SEa) ၊ လေကြောင်း (Air) နဲ့ ကုန်းကြောင်း (Land) တို့ကို ဆိုလိုတာပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကမ္ဘာကျော် အကြမ်းဖက် ခေါင်းဆောင် အိုစမာဘင်လာဒင် ကို ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့တဲ့ အမေရိကန် အသေခံတပ်သား လက်မရွံ့တွေလည်း ဖြစ်ပါတယ်။

နေဗီဆီးလ် တွေကို ၁ ကနေ ၈ အထိ ဖွဲ့စည်း ထားပါတယ်..။ တစ်ဖွဲ့စီမှာ တပ်စု ၆စု စီ ရှိပြီး တပ်စုတစ်စုစီမှာတော့ တပ်ဖွဲ့ဝင် ၁၆ ယောက် ရှိပါတယ်။

စစ်သည် ၁၃ ယောက် အရာရှိနှစ်ယောက်နဲ့ ကွန်မန်ဒါ တစ်ယောက်စီ နဲ့ ဖွဲ့စည်းပါတယ်..။ တပ်စု တစ်စုလုံး လှုပ်ရှားတာ နည်းပါတယ် ..။ တော်တော်ကြီးတဲ့ မစ်ရှင်ကျမှ တပ်စုတစ်စုလုံး သုံးပြီး အများအားဖြင့်ကတော့ တပ်စိတ် နှစ်စိတ် ခွဲပြီး အဲဒီ ထဲကမှ တပ်ဖွဲ့ဝင် လေးယောက်စီနဲ့ လှုပ်ရှားလေ့ရှိပါတယ်..။

ဘက်ပေါင်းစုကနေ ထူးချွန်ထက်မြက်ေနေအောင် အမြဲမပြတ် လေ့ကျင့်နေကြတဲ့ အမေရိကန် ရေတပ်ရဲ့ စစ်သားတွေဟာ အရမ်းကို စည်းကမ်းလိုက်နာ ရပြီး တသွေမတိမ်း တိကျရတဲ့အဆင့်ထိ လေ့ကျင့်ရပါတယ်။ ရေတပ်က အဖွဲ့ခွဲတစ်ခု ဖြစ်ပေမယ့်လို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးတွေမှာ ကျွမ်းကျင်အောင် လေ့ကျင့်ခံထားရသူတွေပါပဲ။

သင်တန်းသား အသစ်စုဆောင်းတဲ့နေရမှာတော့ သင်တန်းအလိုက် ရာခိုင်နှုန်းကို မှတ်သားထားပြီး သင်တန်းပြီးဆုံးချိန်မှာ ရ၅ ရာခိုင်နှုန်းအထက် အောင်ချက် မရှိရင် ထုတ်ပယ်ခံရပါတယ်။

6.အိန္ဒိယ ကြည်းတပ်

အိန္ဒိယ စစ်တပ်မှာ သုံးစွဲတဲ့ တစ်ခုတည်းသော စကားလုံးက “စည်းကမ်း” ပဲ ဖြစ်ပါတယ်။ အထက်တန်းမှာ အမှတ်ကောင်းလို့ တပ်ထဲ ရောက်လာခဲ့လည်း စည်းကမ်းပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နည်ပါးတယ် ဆိုရင် ၃ လ နဲ့ တပ်ကနေ နှုတ်ဆက်ရလေ့ရှိပါတယ်။

သူတို့ကတော့ အချိန်ဇယား အတိုင်း ေ့လကျင့်ပြီး အဲဒီ အချိန်ဇယားတွေမှာ အိပ်ချိန်၊ နဲ့ အနားယူချိန်၊ အားကစား အချိန်တွေပါ သမမျှတအောင် ရောစပ်ထားတဲ့အတွက် နည်းနည်း မှ ခိုကပ်နေလို့ မရပါဘူး။

ရေခဲတမျှ အေးစက်တဲ့ ရေထဲမှာ နာရီပေါင်း များစွာ စိမ်ခံရခြင်း၊ မြေကြီးပေါ်မှာ စုတ်ပြတ်သတ်နေအောင် မိကျောင်းသွား သွားရခြင်း နဲ့ တခြား ကြမ်းတမ်းတဲ့ ပြစ်ဒဏ်များစွာကို ပြဌာန်းထားပါတယ်။

5.အစ္စရေး Shayetet 13

အစ္စရေး ဟာ အယူအဆမတူညီတဲ့ နိုင်ငံတွေကြားမှာ နေထိုင်ရတဲ့ နိုင်ငံပီပီ သူရဲ့ စစ်တပ်ကိုလည်း ထူးချွန်ထက်မြက်နေအောင် အမြဲလို ပြင်ဆင်နေလေ့ရှီပါတယ်။

အဲဒီ အစ္စရေးတပ်မတော်ထဲကနေ တိုးထွက်လာပြီး ထူးချွန်တဲ့စစ်ဆင်ရေးတွေနဲ့ အတူတူ လူသိများလာတာက Shayetet 13 ပါ။ Shayetet 13 ဟာ အမေရိကန် က ထိပ်ထိပ်ကြဲ တပ်ဖွဲ့တွေနဲ့ အတူတူ စစ်ရေး လေ့ကျင့်ခွင့်ရလိုက်ခြင်း က ထိပ်တန်းအဆင့် တပ်ဖွဲတစ်ခု ဖြစ်လာစေတယ် လို့ ယူဆလို့ရပါတယ်။

အတူတူ ပူးတွဲပြီး ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးတွေကို ပူးတွဲလေ့ကျင့်နေတဲ့ အဖွဲ့တွေထဲမှာ နေဗီဆီးလ် အကြောင်း ကို သိပြီး လောက်ပြီဆိုရင် နောက်ထပ်တဖွဲ့ဖြစ်တဲ့ Delta Force အကြောင်းကို ပြောပြချင်ပါတယ်။

Delta Force (အမေရိကန်) အဖွဲ့ ဟာ နာမည်မျိုးစုံရှိပြီး သတင်းအချက်အလက်တွေနဲ့ သူတို့ ရဲ့ တပ်ဖွဲ့အကြောင်း၊ တပ်ဖွဲ့မိသားစုဝင်တွေ အကြောင်းကို ခြေရာခံလို့ မရအောင် အမြဲတမ်းလို ကိုယ်ယောက်ဖျောက်နေလေ့ရှိတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ Delta Force ဆိုတဲ့ အမည်နာမ နဲ့ ၁၉၉၇ ခုနှစ်အထိ ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာကျော် စစ်ဆင်ရေး အထူးတပ်ဖွဲ့ဖြစ်ပြီး အမေရိကန်ရဲ့ အလျှို့ဝှက်ဆုံးတပ်ဖွဲ့တစ်ခု လည်း ဖြစ်ပါတယ်။ ဗြိတိန် ရဲ့ အထူးထောက်လှမ်းရေး Special Agent Service (SAS တပ်ဖွဲ့) ကနေ စတင်ပြီး အုတ်မြစ်ချ ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ အဖွဲ့ဟာ စစ်တပ်မဆန်ဘဲ သူလျှို နဲ့ ထောက်လှမ်းရေး ဘက်ခြမ်းကို ပိုပြီး လှုပ်ရှားဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက််နှိမ်နှင်းရေး၊ ဓားစာခံကယ်တင်ခြင်း စတဲ့ အထူးစီးနင်း တိုက်ခိုက်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး ရဲ့ အမိန့်အရ ဆောင်ရွက်ပါတယ်။ Delta Force က ပြည်ထဲရေးဌာန နဲ့ ပိုပြီး ဆက်နွယ်နေပေမယ့် ၀န်ထမ်ေးတွကတော့ အမေရိကန်စစ်တပ်အတွင်း ကနေ သာ လျှောက်ထားခွင့်ရှိပြီး အပြင်လူ လုံးလုံး လက်မခံပါ။ နည်​းစနစ်​ပိုင်​း၊ ပစ်ခတ်မှု အပိုင်း ၊ ကယ်တင်မှု အပိုင်း ၊ နှိမ်နင်းမှု အပိုင်း တွေနဲ့ အတူတူ ကျဉ်းထဲကြပ်ထဲ မှာ ရုန်းထွက်ဖို့ နဲ့ တိုက်ခိုက်ဖို့ တွေကို ပိုပြီး ဦးစားပေး သင်ကြားပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၃ ရှိတဲ့အတွက် ထူးချွန်တဲ့ ပညာရပ်တွေနဲ့ အတူတူ တိုက်ခိုက်ရည်ပြည့်ဝခြင်း ၊ အမိန့်နာခံခြင်း ၊ စည်းကမ်းသေဝပ်ခြင်း တို့ က သူတို့ရဲ့ ဂုဏ်ဒြပ်တွေပဲ ဖြစ်ပါတယ်။

Shayetet 13 ဟာ ကမ္ဘာကျော်တပ်ဖွဲ့တွေနဲ့ အတူတူ ယှဉ်တွဲလေ့ကျင့်ခွင့်ရပြီး နောက် တစ်စစ အစွမ်းပိုထက်လာပေမယ့် သူတို့ရဲ့ တိုက်ခိုက်ရေး နည်းပညာတွနဲ့ ကာကွယ်ရေး အင်အားစုကိုတော့ ဘယ်တော့မှ ပေါ်ပေါ်တင်တင် ထုတ်ဖော်မပြောကြားပါဘူး ။

4ဗြိတိန်နိုင်ငံ ရဲ့ MI6

တကယ်လို့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကို ကြည့်ခဲ့ဖူးတယ် ဆိုရင် MI6 ကို သိရှိမှာပါ။ အနည်းဆုံးတော့ Mr.Bean မစ္စတာဘင်းကို ကြည့်ဖူးရင်တောင်မှ ဒီ အဖွဲ့ကို သိမှာပါ။ သူတို့ ဟာ အထူးထောက်လှမ်းရေး တပ်ဖွဲ့ပါ။ ဒါပေမယ့် သူတို့ကို ထောက်လှမ်းရေး တွေလို့ မခေါ်ပဲ လျို့ဝှက်လူသတ်သမားများ အဖြစ်သာ ခေါ်ဆိုကြပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ လူသစ်တွေကို စုဆောင်းတဲ့နေရာမှာ အဲဒီ လူငယ် ဟာ ဘယ်လို မျိုး စည်းကမ်းတွေကို လိုက်နာတတ်သလဲ ဆိုတဲ့ အချက် ၁ ချက်ကိုပါ ထည့်သွင်း စဉ်းစားပါတယ်။

သူတို့ရဲ တပ်ဖွဲ့ဟာ Secret Intelligence Service (SIS) အောက်မှာ ရှိပြီး အဲဒီ အဖွဲ့ကိုတော့ MI6 လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ထင်ထင်ရှားရှား သိတဲ့ ဂျိမ်းစ်ဘွန်း ဟာ MI6 က လျှို့ဝှက်ထောက်လှမ်းရေး သမား အမှတ်စဉ် (၀၀၇) ဖြစ်ပါတယ်။

MI5 ကတော့ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေး တာဝန်ခံံ The Security Service ကို ခေါ်ဆိုတာဖြစ်ပြီး ဗြိတိန်ဘုရင်မ ရဲ့ လက်အောက်မှာ ထားရှိပြီး ဘုရင်မကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်ပါတယ်။

အဲဒီမှာ ၅ တို့ ၊ ၆ တို့ ဆိုတဲ့ နံပါတ်တွေဟာ သက်ဆိုင်ရာ Section ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ဘဏ်ခွဲ ၃ တို့ ၊ ဘဏ်ခွဲ ၄ တို့ နဲ့ ဆင်တူပြီး နံပါတ်တွေကွဲပြား သလို လုပ်ဆောင်ချက်လည်း ကွဲပြားပေမယ့် MI (Military Intelligence) ဌာနချုပ်ကတော့ တစ်ခုတည်း ပါပဲ ။

ဂျိမ်းစ်ဘွန်းကားတွေထဲမှာ သဏ္ဍန်လုပ် ပါ၀င်တဲ့ Agent Q ဆိုတာ အပြင်မှာလည်း တကယ် ရှိတာ ဖြစ်ပြီး Agent Q ဟာ အဖွဲ့ဝင်တိုင်းအတွက် လက်နက်ခဲယမ်းမီးကျောက်၊ ပစ္စည်းကိရိယာ နဲ့ နည်းပညာတွေကို ပံ့ပိုးဖို့ တာဝန်ယူရပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာလိုတော့ မိန်းကလေး တွေနဲ့ ရှုပ်ပွေနေလို့ မရဘဲ စည်းကမ်းကို အတင်းကြပ်ဆုံး ဥပဒေ အဖြစ် သဘောထားရပါတယ်။ ဒီနေရမှာ MI6 အဖွဲ့ဝင်တိုင်းအဖို့ သူတို့ကိုယ်စီ ရဲ့ စည်းကမ်း ဟာ သူတို့ကိုယ်စီ ရဲဲ့ “ အသက် “ ပဲ ဖြစ်ပါတယ်။ စည်းကမ်းဖောက်ရင် “ အသက်” ပေးလိုက်ရမှာ သေချာပါတယ်။

3ေြ.မာက်ကိုရီးယားရဲ့ မုန်တိုင်း တပ်ဖွဲ့

မြောက်ကိုးရီးယားစစ်တပ်ဟာလည်း စည်းကမး်လိုက်နာမှု အရှိဆုံး နဲ့ အထူးချွန်ဆုံး တပ်သားတွေ အဖြစ် ရွေးထုတ်ပြရမှာပါပဲ။

ဘာလို့လဲဆိုတော့ ကိုရီးယား ကျွန်းဆွယ် ရဲ့ ကောင်းကင်မှာ တိမ်တွေ မရှိတော့ဘဲ လေးရာသီလုံးလုံး စစ်ရိပ်၊ စစ်ငွေ့ တွေသာ ယှက်သန်းနေလေ့ရှိတယ် လို့ ပြောပြရင် လွန်လိမ့်မယ် မထင်ပါဘူး ။ ခေတ်မှီလွန်းလှတဲ့ လက်နက် တွေကြောင့် မြောက်ကိုရီးယား စစ်တပ်ကို တော်ရုံ နဲ့ တော့ အထင်မသေးရဲပါဘူး။ နောက်တစ်ကြောင်း က စစ်တပ်ရဲ့ လုပ်အားနှုန်းပါပဲ။ သဲအိတ်ထိုး လေ့ကျင့်ခန်းတွေ၊ သဲသောင်ပြင်ပေါ်မှာ လေ့ကျင့်ရတာတွေ အပြင် မရေမတွက်နိုင်အောင် များပြားလွန်းတဲ့ လေ့ကျင့်ခန်းတွေကြောင့် အေးမြတဲ့ ရာသီဥတု ရှိပေမယ့် စစ်သားတွေဟာ ကြေးနီရောင်သန်းနေတဲ့ ကိုယ်ခန္ဒာတွေကို ပိုင်ဆိုင်လာရပါတယ်။

တကယ်လို့ မြောက်ကိုးရီးယား စစ်သားတစ်ယောက် က သူတို့ လိုက်နာရတဲ့ စည်းကမ်းတွေ ၊ ထိန်းချုပ်ရတဲ့ ကျင့်ဝတ်တွေနဲ့ တတ်ကျွမ်းတဲ့ ပညာရပ်တွေ အကြောင်း ကို ပြောပြတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ လက်ခံချင်မှ လက်ခံမိပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို လက်ဆွဲနှုတ်ဆွဲကြည့်ပါ။ အဲဒါဆိုရင်တော့ လက်ခံသွားပါပြီ။ ဘာလို့လဲဆိုတော့ သူတို့ လက်တွေဟာ ကျောက်ခဲလို မာကြောနေတာကို တွေ့ရမှာပဲ ဖြစ်လို့ပါ။

2.ရုရှား ရဲ့ Spetsnaz

ဒုတိယကမ္ဘာစစ်တုန်းက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့အတွက် ထင်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒါကတော့ ဆိုဗီယက် တပ်နီတော် ပါ။ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စု အနေနဲ့ ရှိခဲ့ပြီး အခုအချိန်မှာတော့ ပြည်နယ်တွေကနေ နိုင်ငံတွေအဖြစ် ခွဲထွက်သွားတဲ့အတွက် ရုရှ နိုင်ငံ အနေနဲ့ ပြန်လည် တည်ရှိခဲ့တဲ့ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး စစ်တပ်ထဲမှာ တပ်နီတော် ရဲ့ သွေးမျိုးဆက်တွေ ခိုအောင်းလို့ နေပါတယ်။

အဲဒီထဲမှာ ထင်ရှားတာက ရုရှား Spetznet အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။ Spetznet အထူးတပ်ဖွဲ့ဝင်တွေဟာ ရုရှားထောက်လှမ်းရေး တပ်ဖွဲ့ GRU ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပါတယ်။နာမည်ကျော် KGB၊ MVD အဖွဲ့တွေထက် လည်း နှစ် ၂၀ နီးပါးလောက် စောပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင် ၁၉၄၀ မှာ စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

စတင်ပြီး ဖွဲ့စည်းတုန်းက တပ်နီတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ တိုက်ရိုက်ကွပ်ကဲခဲ့ပြီး ၁၉၄၉ စစ်ပြီးဆုံးချိန်မှာတော့ သီးခြား တိုက်ခိုက်ရေးတပ်ခွဲ တစ်ခု အဖြစ် ရပ်တည်ခဲ့ပါတယ်။ တာဝန် က စစ်ပွဲကာလအတွင်းမှာ ရန်သူ့ နောက်ပိုင်းကို စိမ့်ဝင်ပြီး (အသွင်အမျိုးမျိုး) နဲ့ ဆက်သွယ်ရေး၊ အထောက်အပံ့တွေ မှန်သမျှကို ခြေမှုန်းဖို့ပဲ ဖြစ်ပါတယ်။

Spetznet တပ်ဖွဲ့ တပ်သားတိုင်း ဟာ အထူးလက်နက်ကိုင်တွယ်မှုသင်တန်း၊ ဖောက်ခွဲရေးသင်တန်း၊ လက်ဖြောင့်သင်တန်း၊ အကြမ်းဖက် နှိမ်နှင်းရေး သင်တန်း၊ အနီးကပ် တိုက်ခိုက်ရေး သင်တန်းတွေအပြင် သူနာပြုသင်တန်း တွေကိုပါ တက်ရောက် သင်ကြားရပါတယ်။ Spetznet အဖွဲ့ဟာ ထောက်လှမ်းရေး ကို အခြေခံတဲ့ အဖွဲ့ဖြစ်ပေမယ့် စစ်တပ်ထက်တောင် ပိုပြီး စွမ်းရည်မြင့်မား ရတဲ့ အချက်က သူတို့ ဟာ စစ်ပညာကိုရော ၊ လျှို့ဝှက်ထောက်လှမ်းရေး ပညာကိုပါ သင်ကြားရအတွက်ပဲ ဖြစ်ပါတယ်။ Spetznet တပ်ဖွဲ့ရဲ့ ယုံကြည်ချက် က ဒါဟာ စစ်ပွဲဖြစ်တယ်။ ဒါကြောင့် နာကျင်မယ်။ ဒါကြောင့် နာကျင်မှု ဒဏ်ကို ခံနိုင်ရည် ရှိဖို့ တင်ကြို လေ့ကျင့်ဖို့ လိုတယ်။ အဲဒီ လေ့ကျင့်မှုအတွက် တင်းကျပ်တဲ့ စည်းကမ်းတွေ ကို ချမှတ်ထားပြီး တပ်သားတိုင်း ဟာ စည်းကမ်းတိုင်းကို မဖြစ်မနေ လိုက်နာရပါတယ်

1. South Africa’s Elite Military

တောင်အာဖရိက ဟာ ခက်ခဲကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင် နဲ့ အတူတူ စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီအတွက် တောင်အာဖရိက တပ်ဖွဲ့တွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တွေကို သူများတပ်ဖွဲ့တွေထက် ၂ ဆ နီးပါး ပိုမို မြှင်တင်ပြီး ကျင့်ယူပါတယ်။

ဥပမာ မတ်တပ်ရပ်ရင်းနဲ့ အိပ်ပျော်နိုင်အောင် ကြိုးစားတာ၊ အစာမရှိပဲ နေနိုင်အောင် ကြိုးစားတာတွေ အပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာ မာကြောမှုအတွက်လညး် ပြင်ဆင်ထားကြတယ်။

တပ်သားတိုင်းဟာ ရဲသင်တန်း၊ ထောက်လှမ်းရေး သင်တန်းတွေအပြင် ၊ စစ်သင်တန်းတွေပါ တက်ရောက်ရတဲ့အတွက် တပ်သားတစ်ယောက် ဟာ ၃ မျိုးစလုံး တတ်သိနားလည်နေပါတယ်။

ထရိန်နင် လုပ်တဲ့ လေ့ကျင့်ရေးစခန်းတွေမှာဆိုရင် တစ်ခါတလေ ရိက္ခာခွဲတမ်း မချပေးဘဲ လေ့ကျင်စေပြီး ရှိတဲ့နေရာက တွေ့တဲ့ သစ်သီးသစ်ဖု နဲ့ အသက်ဆက်ပြီး ကြံ့ခိုင်စေဖို့ မောင်းနှင်ပေးပြီး စည်းကမ်းမလိုက်နာနိုင်ပါကလည်း တပ်က ထုတ်ပစ်ဖို့ ဗနှာင့်နှေးနေခြင်း မရှိပါ။