2020 မှာ အမေရိကန်သမ္မတဝင်အရွေးခံမယ့် ကမ္ဘာကျော်များ

0
73

အမေရိကန်နိုင်ငံဟာ မဖြစ်နိုင်တာတွေဖြစ်လာနိုင်တဲ့ ထူးဆန်းအံ့သြဖွယ် မှော်နိုင်ငံတော်ကြီးလို့ တစ်ကမ္ဘာလုံးကယူဆထားခဲ့ကြတာတွေက တကယ်အမှန်ပဲလို့ဆိုရမှာပါ။ ဘာမှ နိုင်ငံရေးအတွေ့အကြုံသိပ်မရှိလှပဲ ပိုက်ဆံပဲရှိတဲ့ Donald Trump တစ်ယောက်အမေရိကန်သမ္မတဖြစ်လာပြီးနောက်မှာတော့ ဒီအဆိုတွေက ပိုမိုမှန်ကန်လာခဲ့သလိုပါပဲ။ မဖြစ်နိုင်တာတွေဖြစ်လာခဲ့ပြီလေ။ ကမ္ဘာကျော်ဆယ်လီတွေထဲမှာ သမ္မတနေရာအတွက် ဝင်အရွေးခံချင်တဲ့သူတွေနဲ့ပြည့်နေတယ်ဆိုတဲ့ ကောလဟလကအခုရက်ပိုင်းအတွင်း လွင့်ပျံလာခဲ့တာမကြာသေးပါဘူး။ နိုင်ငံတကာသတင်း website တွေကရေးသားဖော်ပြလာခဲ့ကြတဲ့ 2020 မှာ အမေရိကန်သမ္မတအဖြစ်ဝင်အရွေးခံမယ့် ကမ္ဘာကျော်ဆယ်လီတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေကတော့…

The Rock (Dwayne Johnson)

Dwayne Johnson ဟာ ကမ္ဘာ့ထိပ်တန်း အက်ရှင်မင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ The Rock ရဲ့ ပရိသတ်တွေဆိုတာ လက်ညိုးထိုးမလွဲရှိနေတာပါ။ Dwayne ဟာ လူတွေကိုကူညီဖို့လက်နှေးလေ့မရှိပဲ ပရဟိတလုပ်ငန်းတွေမှာ ပျော်မွေ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ Dwayne က သူ့အနေနဲ့ အမေရိကန်သမ္မတအဖြစ် ပြည်သူတွေကိုကူညီဖို့စိတ်ဝင်စားကြောင်းဖြေခဲ့ဖူးပြီး Twitter မှာလည်း တစ်နေ့နေ့မှာတော့ အိမ်ဖြူတော်ဟာသူ့အတွက်ဖြစ်လာမယ်လို့ ယူဆရတဲ့ စာသားမျိုးရေးခဲ့ဖူးပါတယ်။ ဒါကြောင့် Action မင်းသားကြီး Dwayne တစ်ယောက် 2020 မှာအမေရိကန်သမ္မတဝင်အရွေးခံမယ်ဆိုရင်လည်း အံ့သြစရာမရှိပါဘူး။

Katy Perry

Katy Perry ဟာ အရင်တစ်ခါရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ရဲ့ထောက်ခံသူစစ်စစ်ဖြစ်ခဲ့ပါတယ်။ မဲဆွယ်စည်းရုံးပွဲတွေ ဟောပြောပွဲတွေကိုလည်း Katy Perry က ကိုယ်တိုင်ကိုယ်ကျပါဝင်စည်းရုံးခဲ့ဖူးပါတယ်။ ဒါကြောင့် ကေတီပယ်ရီသာ သမ္မတအဖြစ်ရွေးကောက်ပွဲဝင်ခဲ့မယ်ဆိုရင် ဘာမှတောင်သိပ်ပြီးပြင်ဆင်စရာမလိုတဲ့အခြေအနေမှာရှိနေပါတယ်။ တစ်နိုင်ငံလုံးအနှံ့ပရိသတ်တွေကလည်း ရှိနေတယ်လေ။ ဒါကြောင့် ပရိသတ်တွေကတော့ နိုင်ငံရေးကိုစိတ်ပါဝင်စားတဲ့ Katy Perry တစ်ယောက် အမေရိကန်သမ္မတအဖြစ်ဝင်အရွေးခံတော့မယ်ဆိုတဲ့ ကောလဟလကိုယုံကြည်လျက်ရှိကြပါတယ်။

Will Smith

ဘာမှမပြောခင် သူ့ရဲ့အသားအရောင်ကိုသာအရင်ကြည့်လိုက်ပါ။ သူဟာ Obama နောက်တစ်ယောက်ဖြစ်လာနိုင်တယ်မဟုတ်လား။ ကမ္ဘာကျော်မင်းသားကြီး Will Smith ဟာ နိုင်ငံရေးလောကထဲကိုဝင်တော့မယ့်အကြောင်း CBS သတင်းဌာနကို ပြောခဲ့ပါတယ်တဲ့။ “ကျွန်တော်က သမ္မတဖြစ်မယ့်လူပဲ။ သမ္မတဖြစ်ဖို့ကလွဲပြီးဘာများကြိုးစားရဦးမှာလဲ”လို့ အတည်လိုလို စနောက်တာလိုလို စကားတစ်ခွန်းပြောခဲ့တယ်လို့သိရပါတယ်။ ကဲ… Obama နေရာကိုဆက်ခံမယ့်သူက Will Smith များဖြစ်နေလေမလား။

Taylor Swift

အမေရိကန်ရဲ့ နှလုံးသည်းပွတ်လေး.. “America’s Sweetheart”ဆိုတဲ့ ဂုဏ်ပုဒ်ကို Taylor Swift ဟာ အလကားရထားတာဟုတ်ဟန်မတူပါဘူး။ အမေရိကန်တစ်နိုင်ငံလုံးက Taylor Swift အတွက်ဆို အသက်ပါပေးရဲတယ်ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေရှိကြတာပါ။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာရှိနေတဲ့ Taylor Swift ရဲ့ ပရိသတ်တွေအင်အားကလည်း နည်းမှမနည်းပေတာပဲ။ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး Tay Tay လေးဟာ နိုင်ငံရေးကိုစိတ်ပါဝင်စားပုံပြလာခဲ့တာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း မဲဆွယ်စည်းရုံးရေးတွေတတ်အားသမျှလုပ်ခဲ့တဲ့အပြင် ရွေးကောက်ပွဲကိုယ်စားလှယ်တွေအပေါ်သူမရဲ့အမြင်ကိုပဲပွင့်ပွင့်လင်းလင်းပဲဖော်ပြလာခဲ့တာပါ။ ဒီတော့… Tay Tay တစ်ယောက် အမေရိကန်သမ္မတဖြစ်ဖို့စိတ်ပါဝင်စားမှုရှိနေတယ်ဆိုတဲ့သတင်းတွေက ပရိသတ်တွေကိုဝမ်းသာစေခဲ့ပြီး အချို့ပရိသတ်တွေဆို နိုင်ငံတော်သီချင်းကို Tay Tay အသစ်ရေးပေးရင်ကောင်းမှာပဲလို့တောင်တောင့်တနေကြလေရဲ့။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီထဲက ဘယ်သူ့ကိုအမေရိကန်သမ္မတဖြစ်လာစေချင်လဲ။ ဒီထဲမှာမပါတဲ့ ကမ္ဘာကျော်တွေထဲကရော အမေရိကန်သမ္မတဖြစ်စေချင်တဲ့သူတွေရှိလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say