ထင်မှတ်မထားလောက် အောင် ချမ်းသာကြတဲ့ Korea Idol များ

K wave ခေတ်ကြီးလို့ ပြောလို့ရအောင် ထိ ကျနော်တို့ရဲ့ ဖုန်းတွေ ၊ ကွန်ပျူတာ တွေထဲက wallpaper တွေကစလို့ လူမှု့ကွန်ယက်ပေါ်က Postတွေအထိ နေရာယူထားတာကတော့ Korea က Idol တွေပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်အစောပိုင်းတွေကစပြီး Korea လှိုင်းလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံကို ဝင်ရောက်ရိုက်ခတ်ခဲ့ပါတယ်။ အဲ့ဒီလိုရိုက်ခတ်မှုတွေကတော့ ကျနော်တို့ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတင်မဟုတ်ပဲ ကမ္ဘာ့အနှံ့မှာပါ သူတို့ရဲ့ အောင်မြင်မှုလှိုင်းလုံးတွေဟာ အရှိဟုန်ကောင်းကောင်းနဲ့ ဝင်ရောက်သွားပါပြီ။ သူတို့ရဲ့ အောင်မြင်မှုတွေနဲ့အတူ နောက်က ကပ်ပါလာတာကတော့ ငွေကြေးချမ်းသာမှုတွေပါပဲ ။ အခုကျနော်တို့ မိတ်ဆွေတွေကို တင်ဆက်ပေးသွားချင်တဲ့အကြောင်းအရာကတော့ ငွေကြေးအချမ်းသာဆုံး Korea Idol တွေပဲ ဖြစ်ပါတယ်။

PSY



Gangnam Style Music Video နဲ့ ကမ္ဘာ တစ်လွှားက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ PSY ကတော့ အချမ်းသာဆုံး ကိုရီယားစတားတွေထဲမှာ နံပါတ် တစ်နေရာက ရပ်တည်နေပါတယ်။ ၃.၂ သန်းထိကြည့်ရှုသူအရေအတွက်ဆိုတာ Music Video တစ်ခုအတွက်တော့ ရဖို့မလွယ်ကူလှပါဘူး ။PSY ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၄၅ သန်းပဲ ဖြစ်ပါတယ်။ နည်းနည်းနောနော် ချမ်းသာ ကြွယ်ဝမှုကြီးလား ဗျာ။

Choisi Won




၉၀ ခုနှစ်ဖွား ကောင်မလေးတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့တဲ့ Super Junior အဖွဲ့ဝင် Choisi Won ကလည်း ဒီစာရင်းမှာ ဒုတိယနေရာကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကိုတော့ ကိုရီးယားရဲ့ အသည်းနှလုံးလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့ ။ မော်ဒယ် ၊ သရုပ်ဆောင် ၊ အဆိုတော် ဘဝတွေအကုန်လုံးမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ သူရဲ့ ချမ်းသာမှုကတော့ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်ရှိပါတယ် ။

G-Dragon



မိတ်ဆွေတွေကို မိတ်ဆက်ပေးဖို့ မလိုလောက်အောင်ကို နာမည်ကျော်ကြားတဲ့ သူတစ်ယောက်ပါ ။ သူကလည်း ဒီစာရင်းမှာ တတိယနေရာမှာ ရပ်တည်နေပါတယ် ။ Korea ရဲ့ ခေတ်သစ်ဂီတလောကရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့ဖူးတဲ့ Big Bang အဖွဲ့ရဲ့ အဖွဲ့ဝင် G – Dargon ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၂၁ သန်းပါ။ တစ်ဦးတည်း အဆိုတော် အဖြစ်လည်း ရပ်တည်သလို ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုနဲ့ လည်း ပစ္စည်းတွေထုတ်လုပ်ရောင်းချနေတဲ့ သူ့အတွက်ကလည်း ဒီစာရင်းမှာ ပါဝင်နေတာ မထူးဆန်းပါဘူး ။

Rain

သာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ဘဝမှာ Hollywood ထိ ခြေဆန့်နိုင်ခဲ့တဲ့ Rain ကတော့ ကျနော်တို့မြန်မာလူမျိုးတွေ နှစ်သက်အားပေးခဲ့တဲ့ လီရောင်ဂျေး ဇာတ်ကောင်နဲ့ လည်း အာရှတစ်ခွင်မှာ ပြဲပြဲစင်အောင် အောင်မြင်ခဲ့သူတစ်ယောက်ပါ။ Idol အချင်းချင်းတောင် မနာလိုဖြစ်ရအောင် အောင်မြင်ခဲ့တဲ့ သူရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာသန်း ၂၀ ဖြစ်ပါတယ်။ ချစ်ရတဲ့ ကင်ထယ်ဟီးနဲ့ လည်း နှစ်တွေအကြာကြီး လက်တွဲနိုင်ပါစေ ။

Sandara Park

2NE1 ဆိုတဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ကတော့ တကယ့်ကို ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့ အမျိုးသမီး အဆိုတော်အဖွဲ့ပါပဲ ။ အဲ့ဒီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sandra Park ကလည်း ဒီစာရင်းမှာ နံပါတ် ငါးနေရာမှာ ပါဝင်နေပါတယ်။ သူကတော့ မြန်မာပြည်က ပရိသတ်တွေနဲ့ မစိမ်းသလို လွန်ခဲ့ရက်ပိုင်းကပဲ မြန်မာပြည်ကို ရောက်လာခဲ့ပါသေးတယ်။ သူရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၆ သန်းပါ ။ Sandra လေးဒီထက်အောင်မြင်ပါစေနော် ။

Tags: