လက္႐ွိခ်ိန္မွာ ပရိသတ္အားအေပးဆံုးနဲ႔ ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲမင္းသားမ်ား

ရုပ္ရွင္ေတြဟာ ဘဝႀကီးကို လႊမ္းမိုးမႈေတြအမ်ားႀကီး ရိွလာပါၿပီ။ တကယ္ဆိုရင္ ကိုယ္ႀကိဳက္တဲ့ သရုပ္ေဆာင္ေတြအားလံုးကို အလန္းဆံုး သရုပ္ေဆာင္ေတြလုိ႔ထင္တက္ၾကပါတယ္။ ဒါဟာ တကယ္ေရာမွန္ေနတဲ့ အမွန္တရားတစ္ခုလား ။ တစ္ကိုယ္ရည္စာ အမွန္တရားေတြကေတာ့ ဘဝႀကီးမွာ အၿမဲတမ္းမွန္မေနႏိုင္ပါဘူး ။ အခု Ranker ကေနစစ္တမ္းေကာက္ယူထားတဲ့ ကမၻာႀကီးထဲက အလန္းဆံုး ေဟာလီဝုဒ္ သရုပ္ေဆာင္ေတြအေၾကာင္းကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ သင္ႀကိဳက္တဲ့ မင္းသားေတြဟာ Harrison Ford နဲ႔ Bruce Willi တို႕ျဖစ္ေနမယ္ဆုိရင္ေတာ့ ဒီစာရင္းထဲမွာ သူတို႔ပါဝင္ဖို႔ေမွ်ာ္လင့္မေနပါနဲ႔ ။ ဘာျဖစ္လို႕လဲဆိုရင္ေတာ့ ဒီစစ္တမ္းဟာ အခုလက္ရွိမင္းသား အသက္၅၀ ပတ္ဝန္းက်င္နဲ႕ေအာက္ကိုသာ ေကာက္ယူထားတဲ့စစ္တမ္းျဖစ္ေနလို႔ပါပဲ ။

Robert Downey Jr



Iron Man မင္းသားႀကီး RDJ တစ္ေယာက္ကေတာ့ ဒီစာရင္းမွာ ပါဝင္ေနတာ မဆန္းလွပါဘူး ။သူရဲ႕ ကာရိုက္တာအေပၚနစ္ေျမာႏိုင္မႈကိုကေတာ့ ရွားေလာ့ခ္ဟုမ္းနဲ႔ Iron Man ဇာတ္ေကာင္ေတြမွာ သရုပ္ေဆာင္မႈေတြကိုၾကည့္ၿပီးေတာ့ ဆံုးျဖတ္လိုက္ရင္ေတာင္မွ နံပါတ္တစ္ဆိုတဲ့ေနရာဟာ သူ႔အတြက္ ထိုက္တန္လြန္းလွပါတယ္။ အသက္၅၄ႏွစ္အရြယ္ရိွၿပီ ျဖစ္တဲ့ RDJ တစ္ေယာက္ ကေတာ့ Forbes ကစစ္တမ္းေကာက္ယူထားတဲ့ ကမၻာ့လႊမ္းမိုးမႈအရိွဆံုး လူအေယာက္တစ္ရာ စာရင္းထဲမွာ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ ပါဝင္ခဲ့ပါေသးတယ္ ။

Keanu Reeves




ကေနဒီးယန္း လူမ်ိဳးသရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အသက္၅၅ႏွစ္အရြယ္ သရုပ္ေဆာင္ ၊ စာေရးဆရာ ၊ ဒါရိုက္တာ တစ္ေယာက္ျဖစ္တဲ့ Keany Reeves တစ္ေယာက္ကလည္း ဒီစာရင္းရဲ႕ နံပါတ္၂ေနရာမွာေရာက္ေနပါတယ္။ အခုႏွစ္ပိုင္းမွာ ဆက္တိုက္ရိုက္ကူးရံုတင္ေနရတဲ့ Jhon Wick francise ဇာတ္ကားေတြဟာဆိုရင္လည္း အလြန္ေအာင္ျမင္တဲ့ ဇာတ္ကားေတြျဖစ္ေနပါတယ္။ တကယ္ကို ေအာင္ျမင္တဲ့ မင္းသားႀကီးတစ္ေယာက္ကေတာ့ ဒီလိုေနရာနဲ႕ အသင့္ေတာ္ဆံုးပါပဲ ။

Hugh Jackman



၂၀၀၀ခုႏွစ္ကေန စတင္ရိုက္ကူးခဲ့တဲ့ Xmen ရုပ္ရွင္စီးရီးေတြထဲမွာ Logan အျဖစ္ ႏွစ္ေတြအၾကားႀကီးဇာတ္ေကာင္နဲ႔ တစ္သားတည္းက်ေအာင္ သရုပ္ေဆာင္ခဲ့တဲ့ ၾသစေတးလ်မင္းသားႀကီး Hugh Jackman နဲ႔ပတ္သက္ၿပီး က်ေနာ္တို႔အမ်ားႀကီး ေျပာျပေနစရာမလိုဘူးထင္ပါတယ္။ သူကေတာ့ အခုခ်ိန္မွာ အသက္၅၀အရြယ္ရိွၿပီ ျဖစ္ၿပီး ဒီစာရင္းမွာေတာ့ နံပါတ္၃ေနရာမွာ ေရာက္ရိွေနပါတယ္။

Chris Hemsworth

ေနာက္ထပ္ ဒီစာရင္းမွာပါဝင္လာတဲ့ ၾသစေတးလ်လူမိ်ဳးသရုပ္ဆာင္တစ္ေယာက္ကေတာ့ တူမင္းသားလို႔ ခ်စ္စႏိုးေခၚေဝၚၾကတဲ့ Chris Hemsworth ပါ ။ သူကေတာ့ အခုစာရင္းထဲမွာဆိုရင္ အသက္အငယ္ဆံုးတစ္ေယာက္ထဲမွာလည္း ပါဝင္ေနပါတယ္။ ၾသစေတ်းလ်ႏိုင္ငံ မယ္လဲဘုန္းၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ကိုကို Thor (Chris Hemsworth) ကေတာ့ ဒီစာရင္းမွာ နံပါတ္၄ေနရာမွာရပ္တည္ေနပါတယ္။

Benedict Cumberbatch

ဒီစာရင္းရဲဲ႕နံပါတ္ ၅ ေနရာမွာ ေရာက္ရိွေနတာကေတာ့ ေဒါက္တာေသာက္ဆန္းႀကီးလို႔ နာမည္ေျပာင္အေပးခံထားတရတဲ့ Doctor Strange ေနရာကသရုပ္ေဆာင္ အဂၤလိပ္လူမ်ိဳးသရုပ္ေဆာင္ အသက္၄၆ ႏွစ္အရြယ္ရိွၿပီ ျဖစ္တဲ့ Benedict Cumberbatch ပဲျဖစ္ပါတယ္။ အခုဒီစာရင္းထဲမွာ ပါဝင္ေနတဲ့ သူေတြေတာ္ေတာ္မ်ားမ်ားကေတာ့ DC မွာသရုပ္ေဆာင္ဖူးတဲ့သူဆိုလို႔ Keanu Reevs တစ္ေယာက္ပဲ ပါဝင္ေနတာကို ထူးဆန္းအ့ံၾသဖြယ္ရာေတြ႔ျမင္ရပါတယ္။

Unicode

ရုပ်ရှင်တွေဟာ ဘဝကြီးကို လွှမ်းမိုးမှုတွေအများကြီး ရှိလာပါပြီ။ တကယ်ဆိုရင် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေအားလုံးကို အလန်းဆုံး သရုပ်ဆောင်တွေလို့ထင်တက်ကြပါတယ်။ ဒါဟာ တကယ်ရောမှန်နေတဲ့ အမှန်တရားတစ်ခုလား ။ တစ်ကိုယ်ရည်စာ အမှန်တရားတွေကတော့ ဘဝကြီးမှာ အမြဲတမ်းမှန်မနေနိုင်ပါဘူး ။ အခု Ranker ကနေစစ်တမ်းကောက်ယူထားတဲ့ ကမ္ဘာကြီးထဲက အလန်းဆုံး ဟောလီဝုဒ် သရုပ်ဆောင်တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သင်ကြိုက်တဲ့ မင်းသားတွေဟာ Harrison Ford နဲ့ Bruce Willi တို့ဖြစ်နေမယ်ဆိုရင်တော့ ဒီစာရင်းထဲမှာ သူတို့ပါဝင်ဖို့မျှော်လင့်မနေပါနဲ့ ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီစစ်တမ်းဟာ အခုလက်ရှိမင်းသား အသက်၅၀ ပတ်ဝန်းကျင်နဲ့အောက်ကိုသာ ကောက်ယူထားတဲ့စစ်တမ်းဖြစ်နေလို့ပါပဲ ။

Robert Downey Jr

Iron Man မင်းသားကြီး RDJ တစ်ယောက်ကတော့ ဒီစာရင်းမှာ ပါဝင်နေတာ မဆန်းလှပါဘူး ။သူရဲ့ ကာရိုက်တာအပေါ်နစ်မြောနိုင်မှုကိုကတော့ ရှားလော့ခ်ဟုမ်းနဲ့ Iron Man ဇာတ်ကောင်တွေမှာ သရုပ်ဆောင်မှုတွေကိုကြည့်ပြီးတော့ ဆုံးဖြတ်လိုက်ရင်တောင်မှ နံပါတ်တစ်ဆိုတဲ့နေရာဟာ သူ့အတွက် ထိုက်တန်လွန်းလှပါတယ်။ အသက်၅၄နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ RDJ တစ်ယောက် ကတော့ Forbes ကစစ်တမ်းကောက်ယူထားတဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး လူအယောက်တစ်ရာ စာရင်းထဲမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ပါဝင်ခဲ့ပါသေးတယ် ။

Keanu Reeves
ကနေဒီးယန်း လူမျိုးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အသက်၅၅နှစ်အရွယ် သရုပ်ဆောင် ၊ စာရေးဆရာ ၊ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Keany Reeves တစ်ယောက်ကလည်း ဒီစာရင်းရဲ့ နံပါတ်၂နေရာမှာရောက်နေပါတယ်။ အခုနှစ်ပိုင်းမှာ ဆက်တိုက်ရိုက်ကူးရုံတင်နေရတဲ့ Jhon Wick francise ဇာတ်ကားတွေဟာဆိုရင်လည်း အလွန်အောင်မြင်တဲ့ ဇာတ်ကားတွေဖြစ်နေပါတယ်။ တကယ်ကို အောင်မြင်တဲ့ မင်းသားကြီးတစ်ယောက်ကတော့ ဒီလိုနေရာနဲ့ အသင့်တော်ဆုံးပါပဲ ။

Hugh Jackman
၂၀၀၀ခုနှစ်ကနေ စတင်ရိုက်ကူးခဲ့တဲ့ Xmen ရုပ်ရှင်စီးရီးတွေထဲမှာ Logan အဖြစ် နှစ်တွေအကြားကြီးဇာတ်ကောင်နဲ့ တစ်သားတည်းကျအောင် သရုပ်ဆောင်ခဲ့တဲ့ သြစတေးလျမင်းသားကြီး Hugh Jackman နဲ့ပတ်သက်ပြီး ကျနော်တို့အများကြီး ပြောပြနေစရာမလိုဘူးထင်ပါတယ်။ သူကတော့ အခုချိန်မှာ အသက်၅၀အရွယ်ရှိပြီ ဖြစ်ပြီး ဒီစာရင်းမှာတော့ နံပါတ်၃နေရာမှာ ရောက်ရှိနေပါတယ်။

Chris Hemsworth
နောက်ထပ် ဒီစာရင်းမှာပါဝင်လာတဲ့ သြစတေးလျလူမျိုးသရုပ်ဆာင်တစ်ယောက်ကတော့ တူမင်းသားလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ Chris Hemsworth ပါ ။ သူကတော့ အခုစာရင်းထဲမှာဆိုရင် အသက်အငယ်ဆုံးတစ်ယောက်ထဲမှာလည်း ပါဝင်နေပါတယ်။ သြစတျေးလျနိုင်ငံ မယ်လဲဘုန်းမြို့မှာ မွေးဖွားခဲ့တဲ့ ကိုကို Thor (Chris Hemsworth) ကတော့ ဒီစာရင်းမှာ နံပါတ်၄နေရာမှာရပ်တည်နေပါတယ်။

Benedict Cumberbatch

ဒီစာရင်းရဲ့နံပါတ် ၅ နေရာမှာ ရောက်ရှိနေတာကတော့ ဒေါက်တာသောက်ဆန်းကြီးလို့ နာမည်ပြောင်အပေးခံထားတရတဲ့ Doctor Strange နေရာကသရုပ်ဆောင် အင်္ဂလိပ်လူမျိုးသရုပ်ဆောင် အသက်၄၆ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Benedict Cumberbatch ပဲဖြစ်ပါတယ်။ အခုဒီစာရင်းထဲမှာ ပါဝင်နေတဲ့ သူတွေတော်တော်များများကတော့ DC မှာသရုပ်ဆောင်ဖူးတဲ့သူဆိုလို့ Keanu Reevs တစ်ယောက်ပဲ ပါဝင်နေတာကို ထူးဆန်းအံ့သြဖွယ်ရာတွေ့မြင်ရပါတယ်။