ရွိရင္းစြဲ အသက္ထက္ ပိုႏုေနၾကတဲ့ ကမာၻေက်ာ္မ်ား

ေလာကႀကီးဟာ က်ေနာ္ တို႔မထင္မွတ္ထားတဲ့အရာေတြနဲ႔ ျပည့္ႏွက္ေနပါတယ္ ။ တစ္ခါတေလမွာဆိုရင္ေတာ့ တခ်ိဳ႕ကိစၥေတြဟာ အထင္နဲ႔အျမင္ တက္တက္ဆင္ေအာင္ လြဲေနတဲ့ ကိစၥမ်ိဳးေတြရွိပါတယ္ ။ တကယ္ေတာ့ က်ေနာ္ တို႔လိုက္မမီတဲ့ ကမာၻႀကီးရဲ႕ဆန္းက်ယ္မႈေတြဟာ အမ်ားႀကီးပါပဲ ။အဲ့ဒီလို ထူးဆန္းတဲ့ကိစၥေတြထဲမွာေတာ့ ကိုယ္ခ်စ္ခင္ႏွစ္သက္ရတဲ့ ကမာၻေက်ာ္ေတြရဲ႕ အသက္႐ြယ္ေတြဟယ ခန႔္မွန္းရခက္ပါတယ္ ။ အခုကေတာ့ က်ေနာ္တို႔ ေဖာ္ျပေပးသြားမယ့္အေၾကာင္းကေတာ့ က်ေနာ္တို႔ ထင္ထားတာထက္ အသက္႐ြယ္ ႀကီးရင့္ေနတဲ့ ဒါမွမဟုတ္ ရွိရင္းစြဲ အသက္ထက္ ႏုေနတဲ့ ကမၻေက်ာ္သ႐ုပ္ေဆာင္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္ ။

Jared Leo



Suicide Squad ထဲက ေဂ်ာ္ကာ အျဖစ္သ႐ုပ္ေဆာင္ထားတဲ့ Jared Leo ကိုေတာ့ ေတာ္ေတာ္မ်ားမ်ား မ်က္မွန္းတန္းမိ ရွိၾကမယ္ထင္ပါတယ္ ။ တကယ္တန္းဆိုရင္ သူ႔ကို လူေတာ္ေတာ္မ်ားမ်ားက အသက္ ၃၀ ဝန္းက်င္ေလာက္သာရွိလိမ့္မယ္ လို႔ထင္ ၾကမွာပါ။ တကယ္ေတာ့ ‌သူဟာ ၁၉၇၁ ခုႏွစ္ ဒီဇင္ဘာ၂၆ ရက္ေန႔မွာ ေမြးဖြားတာ ျဖစ္တဲ့အတြက္ အသက္႐ြယ္ကေတာ့ ၄၇ႏွစ္ရွိပါၿပီ ။

Paul Rudd




အခုဒီစာရင္းထဲမွာ ေနာက္ထပ္ပါဝင္လာတဲ့သူတစ္ေယာက္ကေတာ့ Ant-Man မင္းသား Paul Rudd ပါ သူရဲ႕ ပင္ကိုယ္ စ႐ိုက္က ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူမို႔ ႐ုပ္ႏုတယ္ လို႔ပဲ ‌ေျပာရမလားမသိပါဘူး ။ သူရဲ႕ အသက္ကေတာ့ ၄၉ ႏွစ္ရွိၿပီး ။ ၁၉၆၉ ဧၿပီလ ၆ ရက္ေန႔မွာ ေမြးခဲ့တဲ့ သူျဖစ္ပါတယ္ ။ ေနာက္ႏွစ္ဆို အသက္ ၅၀ ျပည့္ေတာ့မွာ ျဖစ္ေပမယ့္ ေတာ္ေတာ္ႏုတဲ့႐ုပ္ရည္ကို ပိုင္ဆိုင္ထားသူ တစ္ေယာက္ပါ ။

Keanu Reeves



အံ့အားသင့္စရာေကာင္းတာတစ္ခုျပဆိုရင္ေတာ့ Keanu Reeves ဟာ မအိုေဆးမ်ားေတြ႕ထားသလားလို႔ေတာင္ ထင္မွတ္ရေလာက္တဲ့ အထိ ႐ုပ္ရည္ ႏုနယ္တာ ေျပာျပစရာေတာင္ လိုမယ္ မထင္ပါဘူး ။ သူကေတာ့ ၁၉၆၄ စက္တင္ဘာ ၂ ရက္ေန႔မွာ ေမြးဖြားခဲ့တာ ျဖစ္တဲ့အတြက္ အခုခ်ိန္မွာ အသက္ ၅၅ ႏွစ္ နီးပါးရွိေနပါၿပီ ။ နတ္ေရကန္ထဲမ်ား ခုခ်ထားသလ မွတ္ရပါတယ္ ။

Robert Downey Jr

ဒီစာရင္းမွာ ေနာက္ထပ္ပါလာတဲ့တစ္ေယာက္ကေတာ့ က်ေနာ္တို႔ရဲ႕အခ်စ္ေတာ္ Iron Man မင္းသားႀကီး RDJ ပဲ ျဖစ္ပါတယ္ ။ သူကေတာ့ အသက္႐ြယ္ တစ္ခုရလာမွ ကံတက္လာတယ္လို႔ေျပာရမလားမသိပါဘူး ။ သူရဲ႕ေအာင္ျမင္မႈေတြဟာ အခုခ်ိန္မွာ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေအာင္ ေအာင္ျမင္ေနသူတစ္ေယာက္ ပါ။ သူအသက္ကေတာ့ ၅၄ ႏွစ္ရွိပါၿပီ ။

Will Smith

ေနာက္ဆုံး ဒီစာရင္းမွာ ပါ၀င္လာတဲ့သူကေတာ့ Will Smith ပဲ ျဖစ္ပါတယ္ ။ သူကေတယ့တကယ္ကို ႐ုပ္ရည္ႏုတဲ့သူတစ္ေယာက္ပါ ။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခုေလာက္က သူ႔ဇာတ္ကားေတြကိုျပန္ၾကည့္ၿပီး သူရဲ႕ အခုလက္ရွိအ‌ေျခေနကို ျပန္ၾကည့္လိုက္မယ္ ဆိုရင္ သိပ္မကြာသလိုပဲ ခံစားေစရမွာပါ ။ သူ႔အသက္ကေတာ့ ၅၁ ႏွစ္ရွိၿပီျဖစ္ပါတယ္ ။

Unicode

လောကကြီးဟာ ကျနော် တို့မထင်မှတ်ထားတဲ့အရာတွေနဲ့ ပြည့်နှက်နေပါတယ် ။ တစ်ခါတလေမှာဆိုရင်တော့ တချို့ကိစ္စတွေဟာ အထင်နဲ့အမြင် တက်တက်ဆင်အောင် လွဲနေတဲ့ ကိစ္စမျိုးတွေရှိပါတယ် ။ တကယ်တော့ ကျနော် တို့လိုက်မမီတဲ့ ကမ္ဘာကြီးရဲ့ဆန်းကျယ်မှုတွေဟာ အများကြီးပါပဲ ။အဲ့ဒီလို ထူးဆန်းတဲ့ကိစ္စတွေထဲမှာတော့ ကိုယ်ချစ်ခင်နှစ်သက်ရတဲ့ ကမ္ဘာကျော်တွေရဲ့ အသက်ရွယ်တွေဟယ ခန့်မှန်းရခက်ပါတယ် ။ အခုကတော့ ကျနော်တို့ ဖော်ပြပေးသွားမယ့်အကြောင်းကတော့ ကျနော်တို့ ထင်ထားတာထက် အသက်ရွယ် ကြီးရင့်နေတဲ့ ဒါမှမဟုတ် ရှိရင်းစွဲ အသက်ထက် နုနေတဲ့ ကမ္ဘကျော်သရုပ်ဆောင်တွေအကြောင်းပဲ ဖြစ်ပါတယ် ။

Jared Leo

Suicide Squad ထဲက ဂျော်ကာ အဖြစ်သရုပ်ဆောင်ထားတဲ့ Jared Leo ကိုတော့ တော်တော်များများ မျက်မှန်းတန်းမိ ရှိကြမယ်ထင်ပါတယ် ။ တကယ်တန်းဆိုရင် သူ့ကို လူတော်တော်များများက အသက် ၃၀ ဝန်းကျင်လောက်သာရှိလိမ့်မယ် လို့ထင် ကြမှာပါ။ တကယ်တော့ ‌သူဟာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ၂၆ ရက်နေ့မှာ မွေးဖွားတာ ဖြစ်တဲ့အတွက် အသက်ရွယ်ကတော့ ၄၇နှစ်ရှိပါပြီ ။

Paul Rudd

အခုဒီစာရင်းထဲမှာ နောက်ထပ်ပါဝင်လာတဲ့သူတစ်ယောက်ကတော့ Ant-Man မင်းသား Paul Rudd ပါ သူရဲ့ ပင်ကိုယ် စရိုက်က ပျော်ပျော်နေတတ်တဲ့သူမို့ ရုပ်နုတယ် လို့ပဲ ‌ပြောရမလားမသိပါဘူး ။ သူရဲ့ အသက်ကတော့ ၄၉ နှစ်ရှိပြီး ။ ၁၉၆၉ ဧပြီလ ၆ ရက်နေ့မှာ မွေးခဲ့တဲ့ သူဖြစ်ပါတယ် ။ နောက်နှစ်ဆို အသက် ၅၀ ပြည့်တော့မှာ ဖြစ်ပေမယ့် တော်တော်နုတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ ။

Keanu Reeves

အံ့အားသင့်စရာကောင်းတာတစ်ခုပြဆိုရင်တော့ Keanu Reeves ဟာ မအိုဆေးများတွေ့ထားသလားလို့တောင် ထင်မှတ်ရလောက်တဲ့ အထိ ရုပ်ရည် နုနယ်တာ ပြောပြစရာတောင် လိုမယ် မထင်ပါဘူး ။ သူကတော့ ၁၉၆၄ စက်တင်ဘာ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်တဲ့အတွက် အခုချိန်မှာ အသက် ၅၅ နှစ် နီးပါးရှိနေပါပြီ ။ နတ်ရေကန်ထဲများ ခုချထားသလ မှတ်ရပါတယ် ။

Robert Downey Jr

ဒီစာရင်းမှာ နောက်ထပ်ပါလာတဲ့တစ်ယောက်ကတော့ ကျနော်တို့ရဲ့အချစ်တော် Iron Man မင်းသားကြီး RDJ ပဲ ဖြစ်ပါတယ် ။ သူကတော့ အသက်ရွယ် တစ်ခုရလာမှ ကံတက်လာတယ်လို့ပြောရမလားမသိပါဘူး ။ သူရဲ့အောင်မြင်မှုတွေဟာ အခုချိန်မှာ ကြောက်စရာကောင်းလောက်အောင် အောင် အောင်မြင်နေသူတစ်ယောက် ပါ။ သူအသက်ကတော့ ၅၄ နှစ်ရှိပါပြီ ။

Will Smith

နောက်ဆုံး ဒီစာရင်းမှာ ပါ၀င်လာတဲ့သူကတော့ Will Smith ပဲ ဖြစ်ပါတယ် ။ သူကတေယ့တကယ်ကို ရုပ်ရည်နုတဲ့သူတစ်ယောက်ပါ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်က သူ့ဇာတ်ကားတွေကိုပြန်ကြည့်ပြီး သူရဲ့ အခုလက်ရှိအ‌ခြေနေကို ပြန်ကြည့်လိုက်မယ် ဆိုရင် သိပ်မကွာသလိုပဲ ခံစားစေရမှာပါ ။ သူ့အသက်ကတော့ ၅၁ နှစ်ရှိပြီဖြစ်ပါတယ် ။

Tags: