ထင်ရှား ကျော်ကြား ထူးဆန်း ပုဂ္ဂိုလ်များ
4.မင်းသားကြီး နီကိုလပ်စ်ကေ့ခ်ျ ဟာ အော်တိုပတ်စ် ရေဘ၀ဲ တစ်ကောင် ပိုင်ဆိုင်ပြီး ရေဘ၀ဲ ဟာ သူ့ရဲ့ သရုပ်ဆောင်အိုက်တင် တွေကို ပိုမိုတိုးတက်အောင် ကူညီပေးလေ့ရှိတယ် လို့ အရူးအမူး ယုံကြည်သူ တစ်ဦးဖြစ်ပါတယ်။
Unicode
1.အော်စကာတစ်ကြို စာရင်းမှာ ၂ ကြိမ် အထိ ပါရှိခဲ့ပြီး (Now You Can see Me ဇာတ်ကား က မျက်လှည့်ဆရာ) မင်းသားကြီး Woody Harrelson ရဲ့ အဖေဖြစ်သူဟာ ကန်ထရိုက်ယူပြီး လူသတ်ပေးတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။
2.အမေရိကန် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Buzz Aldrin ဟာ Apollo 11 နဲ့အတူတူ လကမ္ဘာမြေပေါ်ကို ခြေချခွင့်ရခဲ့တဲ့ ဒုတိယလူသား တစ်ဦးပါ။ သူဟာ အဲဒီ ခရီးစဉ် က ပြန်ရောက်လာပြီး နှစ် ၄၀ ကြာခဲ့တဲ့အချိန်မှာတော့ “The Rocket Experience” လို့ အမည်ရတဲ့ ရက်ပ် တေးသွားတစ်ခု ကို ဖန်တီးခဲ့ပါတယ်။
3.အမေရိကန်ပြည်ထောင်စု ရဲ့ ဒုတိယသမ္မတဖြစ်တဲ့ ဂျွန်အဒမ် ဟာ ခွေးအရမ်းချစ်ပေမယ့် စေတန်နတ်ဆိုးကို အရမ်းကြောက်တဲ့သူအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်မှာ မွေးထားတဲ့ သူရဲ့ ခွေးအမည်ကိုတော့ စေတန် လို့ အမည်ပေးခဲ့ပါတယ်။
4.မင်းသားကြီး နီကိုလပ်စ်ကေ့ချ် ဟာ အော်တိုပတ်စ် ရေဘဝဲ တစ်ကောင် ပိုင်ဆိုင်ပြီး ရေဘဝဲ ဟာ သူ့ရဲ့ သရုပ်ဆောင်အိုက်တင် တွေကို ပိုမိုတိုးတက်အောင် ကူညီပေးလေ့ရှိတယ် လို့ အရူးအမူး ယုံကြည်သူ တစ်ဦးဖြစ်ပါတယ်။
5.ကျူးဘားခေါင်းဆောင် ဟာ ရုပ်ရှင်ကား ၂ ကား မှာ သရုပ်ဆောင်ဖူးခဲ့ပါတယ်။ ”Holiday in Mexico” နဲ့ “Easy To Wed” လို့ အမည်ရှိတဲ့ အဲဒီ ဟောလိ၀ုဒ် ရုပ်ရှင်ကား ၂ ကား မှာ သူ ဟာ အဓိက ဇာတ်ဆောင်ကို ပံ့ပိုးပေးရတဲ့ နေရာကနေ သရုပ်ဆောင်ခဲ့ဖူးပါတယ်။
6.စတားဝါး ဇာတ်ကား မှာ ပါ၀င်သရုပ်ဆောင်ခဲ့ကြတဲ့ ကီရာနိုက်တလေ နဲ့ နာတာလီပေါ့မန်း တို့ ၂ ယောက်ဟာ အမွှာညီအမ တွေလို့ ထင်ရလောက်အောင် ရုပ်ချင်းဆင်တူသူတွေ ဖြစ်ပါတယ်။ အဲဒီလို ရုပ်ချင်းဆင်လွန်းလှတဲ့ အတွက် အမေတွေကိုယ်တိုင် က ခွဲခြား မရအောင် ကို ဖြစ်ခဲ့ရဖူးပါတယ်။
7.သီအိုဒို ရုစဗဲ့ ဟာ သူရဲ့ သမ္မတတစ်လျှောက်လုံးကို တစ်ရက်မပြတ် စာဖတ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
8.အဂ်လန်-ဂျာမေကာ နွယ်ဖွားဖြစ်တဲ့ ဘော့မာလေ ဟာ လူမည်းဂီတလောက ကို သြဇာကြီးမားသူ ဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော်လူမည်း အဆိုတော် ဘော့မာလေ ရဲ့ ဖခင်ဖြစ်သူ ဟာ လူဖြူတစ်ယောက် ဖြစ်ပါတယ်။
9.Mမိုက်ကယ်ဂျော်ဒန် ဟာ သူ့ကို စပွန်ဆာပေးတဲ့ Nike ကုမ္ပဏီကနေ ငွေကြး အမြောက်အမြား ရရှိခဲ့ပါတယ်။ သူ ရရှိခဲ့တဲ့ ငွေကြေး ဟာ Nike ကုမ္ပဏီ ၀န်ထမ်း တွေရဲ့ လစာ ပေါင်းခြင်းထက် ပိုပြီးများပြားခဲ့ပါတယ်။
10.အိုင်ဆက်အာစီမော့ ဟာ စာအုပ်ပေါင်းများစွာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ စာအုပ်တွေကို ရက်တိုင်း ဖတ်ရှုမယ်ဆိုရင်တောင်မှ သူ့စာအုပ်တွေ အကုန်အစင် ပြီးဖို့ ၉ နှစ်တိတိ ဖတ်ရှုရပါလိမ့်မယ်။
11.ဘီလ်ဂိတ် ဟာ ကျောင်းနေတဲ့အချိန်အတွင်းမှာ ပရိုဂရမ်တစ်ခု ရေးဆွဲခဲ့ပါတယ်။ အဲဒီ ပရိုဂရမ် သူ့နေရာမှာ အစားထိုးသင်ယူဖို့ ကျောင်းသူတွေကို နေရာချ ပေးထားနိုင်တဲ့ ပရိုဂရမ်ဖြစ်ပြီး အဲဒီ ပရိုဂရမ်ကြောင့် ဆရာတွေဟာ ဘီလ်ဂိတ် အမှန်တကယ် ကျောင်းတက်၊ မတက် ဆိုတာကို မစစ်ဆေးပဲ မသိရှိနိုင်ပါဘူး ။
12.စတိဗ်ဂျော့ဘ် ဟာ သက်သတ်လွတ်စားသူ တစ်ဦး ဖြစ်ပါတယ်။ သူ စားရတဲ့အကြောင်းရင်း က မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ထုတ်နိုင်တယ် လို့ ယုံကြည်ခဲ့တဲ့အတွက်ပါပဲ။
13.အကယ်ဒမီ ဆုရ ဂီတပညာရှင် Vangelis ဟာ ဂီတရဲ့ Notes တွေကို မဖတ်နိုင်ပါဘူး။
14.ဟစ်တလာ ရဲ့ နှုတ်ခမ်းမွှေး ဟာ ဖက်ရှင်ကျတယ် လို့ အများက ယူဆပါတယ်။ ဒါပေမယ့် ဟစ်တလာကတော့ လူတစ်ယောက် ရဲ့ နှုတ်ခမ်းပေါ်မှာ ဒီလောက်ပဲ လိုအပ်တဲ့အတွက် အဲဒီလောက်မျှသာ ထားရှိခဲ့တာ ဖြစ်တယ် လို့ ပြောပါတယ်။
Unicode
7.သီအိုဒို ရုစဗဲ့ ဟာ သူရဲ့ သမ်မတတစျလြှောကျလုံးကို တစျရကျမပွတျ စာဖတျခဲ့သူ တစျယောကျဖွစျပါတယျ။