ကွာရှင်းခဲ့ပေမယ့် ကလေးတစ်ယောက်တော့မွေးချင်တယ်ဆိုတဲ့ ရေဗက္ကာဝင်း

ပရိသတ်တွေချစ်တဲ့ ရေဗက္ကာဝင်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အဆိုတော် ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ ပရိသတ်နဲ့ မဆိုစလောက်လေး အဆက်ပြတ်သွားခဲ့တယ်ဆိုရမှာပါ။ ရေဗက္ကာဝင်းကမကြာသေးမီက သူမရဲ့ အမျိုးသားနဲ့ ကွာရှင်းပြတ်စဲထားခဲ့ပြီး လက်ရှိမှာတော့အနုပညာအလုပ်တွေကိုပဲအာရုံစိုက်နေသူပါ။ ရေဗက္ကာဝင်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိဘဝနေထိုင်ပုံနဲ့ ပတ်သက်ပြီးဖြေကြားသွားခဲ့သလို ကွာရှင်းထားပေမယ့် ကလေးတော့လိုချင်တယ်လို့လည်း ပြောထားခဲ့ပါတယ်။

ရေဗက္ကာဝင်းက ကွာရှင်းဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး “အစကတည်းက အဆင်မပြေဖြစ်နေတာတော့ နှစ်နဲ့ချီပြီပေ့ါနော်။ အဆင်မပြေဖြစ်တယ်။ အစ်မတို့ separate ဖြစ်တယ်ပေါ့နော်။ divorce မဖြစ်ခင်မှာ separate အရင်ဖြစ်တယ်။ ဒါပေမယ့် ပြန်အဆင်ပြေလာမလားဆိုပြီး နည်းလမ်းမျိုးစုံနဲ့လည်း ညှိနှိုင်းတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည် စုတ်ထိုးလေ။ အစ်မတို့က မြန်မာလူမျိုးတွေဖြစ်တယ်။ ကိုယ်ကဘယ်လောက်ပဲ သည်းမခံနိုင်ဘူးဆိုပေမယ့် ကိုယ်ရဲ့ ပတ်ဝန်းကျင် ကိုယ့်ရဲ့မိဘမျက်နှာကိုထောက်ဖို့လည်းလိုတယ်ပေါ့နော် ။ဆိုတော့ အတတ်နိုင်ဆုံးတော့လည်း ပြန်ပြီးတော့အဆင်ပြေအောင် ညှိနှိုင်းတယ်။ ကြိုးစားပါတယ်။ ဒါပေမယ့် ဘယ်လိုမှအဆင်မပြေတော့တဲ့နောက်ပိုင်းမှာ၊ အစ်မတို့က နှစ်နဲ့ချီပြီးတော့ အိမ်ထောင်ကိုပြေလည်မလားညှိနှိုင်းလိုက် အဆင်မပြေဘူးဆိုပြီးတော့ လမ်းခွဲဖို့ကြိုးစားလိုက် အဲ့လိုမျိုးဖြစ်ခဲ့တာပေ့ါနော်”လို့ ပြောပြထားပါတယ်။

ရေဗက္ကာဝင်းက ကွာရှင်းလိုက်ပေမယ့်လည်း ကလေးတော့မွေးချင်တယ်လို့လည်း “ကလေးဆိုတာက ကိုယ့်ရဲ့ အနာဂတ်၊ ကိုယ်အခုလက်ရှိမှာလည်း ပိုပြီး အလုပ်လုပ်ချင်အောင် တွန်းအားပေးတဲ့အရာတစ်ခုပေ့ါနော်။ ပြီးတော့ ကိုယ့်ရဲ့ မျှော်လင့်ချက်ပေ့ါနော်။ ကိုယ့်ရဲ့ next generation ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ ဒီလောကကြီးမှာ ကိုယ်မရှိတော့တဲ့အခါ ဆက်ပြီးတော့အကျိုးပြုမယ့် လူသားတစ်ယောက်ကို ကိုယ်က မွေးထုတ်ထားပေးခဲ့တယ်ပေ့ါနော်။ အိမ်ထောင်ဖက်ရှာတွေ့ရင်လည်း ရှာတွေ့၊ရှာမတွေ့ခဲ့ဘူးဆိုရင်လည်း နိုင်ငံခြားမှာကတော့ IBF လုပ်လို့ရတာကိုး ယိုးဒယားလောက်မှာတင် သွားလုပ်လို့ရတယ်။ Sperm Bank ရှိတယ်။ အဲဒီ bank လောက်မှာ doner တွေက လာပြီးတော့ လှူထားတယ်။ကိုယ်ကကိုယ့်ရဲ့ ovaries တွေနဲ့ fertilized လုပ်ပြီးတော့မှမွေးလို့ရတဲ့နည်းလမ်းတွေလည်းရှိတယ်ဆိုတော့ ဘယ်နည်းလမ်းဖြစ်မလဲတော့မပြောတတ်သေးပါဘူး။ နောက်လေးနှစ်မှာ ကလေးလေးတစ်ယောက်တော့ မွေးချင်နေတယ်ပေါ့နော်”လို့ ရင်ဖွင့်ထားပါတယ်။

နောက်ထပ်အိမ်ထောင်ထပ်ပြုဖြစ်မဖြစ်ကိုတော့ ရေဗက္ကာက “စကားကို အကုန်မပြောချင်ဘူးပေ့ါနော်။ အိမ်ထောင်ရေးပဲဖြစ်ဖြစ် အချစ်ရေးပဲ ဖြစ်ဖြစ် အားလုံးက အချစ်ဆိုတာလည်း အသစ်တစ်ဖန်မွေးဖွားနိုင်သလို အိမ်ထောင်ဆိုတာကလည်း နောက်ထပ်ပြုတဲ့လူတွေရှိသလို မပြုတော့တဲ့သူတွေလည်းရှိတယ်ဆိုတော့ ကိုယ်က ဘယ်ထဲမှာပါမလဲ။ ဘယ်လိုအသက်ရှင်သွားမယ်ဆိုတာ တစ်ထစ်ချကြီးတော့ ပြောလို့မရပါဘူး”လို့ ပြောပြထားပါတယ်။

Zawgyi