ပရိသတ်တွေဆီက သိန်းရာကျော်တန်ကားတွေ လက်ဆောင်ရခဲ့တဲ့ အနုပညာရှင်များ

အနုပညာပါရမီရင့်သန်ပြီး ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေဆိုတာ ခေတ်အလိုက်တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာသလို သူတို့ကိုအားပေးတဲ့ ပရိသတ်တွေကလည်း များစွာရှိနေခဲ့တယ်ဆိုရင်မမှားပါဘူး။ အခုနောက်ပိုင်းမှာဆိုရင် အနုပညာရှင်တွေကိုအားပေးရာမှာ ပရိသတ်တွေက Fandom တွေနဲ့ စုစုစည်းစည်းလေးတွေဖြစ်လာကြတာတွေ့ရပါတယ်။ ရဲရင့်အောင်ရဲ့ Fandom နာမည်ဆိုရင် YamilY ဖြစ်ပြီး Bunny Phyoe ဆိုရင် B Army၊ အဲဒီလိုပဲ Hlwan Paing ဆိုရင်တော့ Rocketeer စသဖြင့် Fandom နာမည်လေးတွေနဲ့ စည်းလုံးစွာအားပေးလာကြသလို Fandom တစ်ခုနဲ့တစ်ခု War တာတွေလည်းသိပ်မရှိလှပဲ ချစ်ချစ်ခင်ခင်နဲ့ အတူယှဉ်တွဲနေထိုင်ပြီး ကိုယ်အားပေးတဲ့ အနုပညာရှင်ကို Support လုပ်ပေးနေကြတာလည်းတွေ့ရပါတယ်။အခုနောက်ပိုင်းမှာ Myanmar Idol က မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်တွေကိုတော့ ပရိသတ်တွေက အားပေးကြမ်းတယ်လို့ဆိုရမှာပါ။ဒီတစ်ခါမှာတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ပရိသတ်တွေဆီက သိန်းရာကျော်တန်ကားသစ်ကြီးတွေလက်ဆောင်ရခဲ့ကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Benjamin Sum

ဆံပင်ကောက်ကောက်လေးတွေနဲ့ သီချင်းကို လိုသလို ဆွဲငင်သီဆိုတတ်ပြီး အနုပညာပါရမီအားကောင်းတဲ့ Benjamin Sum ကိုတော့ ပရိသတ်တွေသတိထားမိကြမှာပါ။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ Benjamin Sum ကတော့ Myanmar Idol Season 4 ရဲ့ Runner Up ဆုရှင်ဖြစ်ပြီး ပရိသတ်တွေအထူးတလည်ချစ်မြတ်နိုးတာ ခံရသူဆိုရင်လည်းမမှားပါဘူး။ မကြာသေးမီက Benjamin Sum ရဲ့ ပရိသတ် Summer လေးတွေက Benjamin ကို ကားသစ်ကြီးတစ်စီး surprise လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီကားသစ်ကြီးကတော့ 2003 suak Alphard model, engine power hi 3.9 ဖြစ်ကြောင်းသိရပြီး မြန်မာငွေနဲ့ သိန်း (၄၀၀)ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။ Benjamin ကတော့ ဝမ်းသာကြည်နူးလွန်းလို့ မျက်ရည်တောင်လည်ပါတယ်တဲ့။

Billy La Min Aye

ပြိုင်ပွဲတစ်လျှောက်လုံး ပရိသတ်တွေရဲ့အသည်းနှလုံးကိုသိမ်းပိုက်ထားပြီး သတင်းမီဒီယာတွေရဲ့ စိတ်ဝင်စားမှုမြင့်တက်ခဲ့ရတဲ့ ဘီလီလမင်းအေးကတော့ ပြီးခဲ့တဲ့ 22.3.2020 မှာ အသက်နှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့ပွဲလေးကျင်းပခဲ့ပါတယ်။ အဲဒီမွေးနေ့လေးမှာပဲ Billy ရဲ့ ပရိသတ် Billions တွေက Billy ကို သိန်း (၃၀၀)ကျော်တန် Hyundai ကားသစ်ကြီးတစ်စီးကို Surprise မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာပါ။ Billy က သူမရဲ့ အသက် (၂၅) နှစ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်၊ The Secret Spot Restaurant မှာ Billions တွေနဲ့အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့တယ်လို့လည်း သိရပါတယ်။

အက္စတာ

Myanmar Idol Season 4 ရဲ့ Winner ဆုကို ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့ ထပ်တူ ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တဲ့ အက်စတာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၈) ရက်နေ့က သူမရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေရဲ့ အတူတူချစ်ခင်စွာဖြတ်သန်းဖို့ Fan meeting လေးလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ Fan Meeting လေးမှာပဲ အက်စတာက ပရိသတ်တွေ surprise လုပ်တာခံလိုက်ရပြီး Honda Civic ကားသစ်ကြီး လက်ဆောင်ရခဲ့ပါတယ်။ အက်စတာကတော့ ဘယ်လိုမှမထင်မှတ်ထားတဲ့ ကားသစ်ကြီးလက်ဆောင်ရခဲ့တာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အနုပညာအလုပ်တွေအများကြီး ဆက်လုပ်သွားမယ်လို့ ပြောထားခဲ့ပါတယ်။

ချမ်းမြေ့မောင်ချို

မောင်ချိုလေးကတော့ Myanmar Idol ပြိုင်ပွဲတစ်လျှောက်လုံး ပရိသတ်တွေရဲ့မေတ္တာတွေလက်ခံရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲပြီးသွားတော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်မသွားပဲ ပရိသတ်တွေရဲ့ အားပေးမှုတွေဆက်လက်ရရှိနေဆဲအနုပညာရှင်တစ်ဦးပါ။ မောင်ချိုက ပြီးခဲ့တဲ့ စက်တင်ဘာက သူမရဲ့ အသက်နှစ်ဆယ်ပြည့်မွေးနေ့မှာ ပရိသတ်တွေပေးတဲ့ ကားသစ်ကြီးလက်ဆောင်ရခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ထင်မှတ်မထားတဲ့ surprise လုပ်တာခံလိုက်ရတဲ့ မောင်ချိုက မျက်ရည်တွေတောင်လည်ရတယ်လို့ဆိုပါတယ်။

တန်ခွန်ကျော်

ပရိသတ်တွေ ချစ်တာခံရတဲ့ တန်ခွန်ကျော်ကတော့ ရိုးသားအေးဆေးတဲ့ အမူအရာလေးတွေနဲ့အသံပါဝါအားကောင်းပြီး သီချင်းအဆိုပိုင်နိုင်သူတစ်ဦးပါ။ Myanmar Idol Season 4 wild card winner တန်ခွန်ကျော်ကို သူ့ရဲ့ ပရိသတ်တွေဖြစ်တဲ့ We Love Tan Khun Kyaw အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ သိန်းပေါင်း (၃၈၅) သိန်းတန် Toyota Lexus ကားတစ်စီးကို surprise လက်ဆောင်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုမထင်မှတ်ထားတဲ့ လက်ဆောင်ကြောင့် တန်ခွန်ကျော်က အရမ်းဝမ်းသာပြီးပျော်ရွှင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

အခုပြောပြသွားတာတွေကတော့ ပရိသတ်တွေဆီက မထင်မှတ်ထားတဲ့ ကားအသစ်စက်စက်ကြီးတွေ လက်ဆောင်ရရှိခဲ့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ နောက်လည်း ဘယ်လို Fandom တွေက သူတို့ချစ်တဲ့ အနုပညာရှင်တွေကို ဘယ်လိုလက်ဆောင်မျိုးတွေနဲ့ surprise လုပ်ကြဦးမလဲဆိုတာကတော့ ရင်ခုန်စွာဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးမှာရော တန်ဖိုးကြီး ပစ္စည်းတွေနဲ့ surprise လုပ်ရလောက်အောင် အားပေးရတဲ့ အနုပညာရှင်တွေရှိကြလား။ ရှိရင် ဘယ်လိုတွေ surprise လုပ်ချင်လဲ ပြောခဲ့ကြပါဦး။

Zawgyi