Unicode
၁၁ နှစ် အရွယ် ကောင်လေးရဲ့ လိင်အင်္ဂါမှာ ထည့်ထားတဲ့ ဘောစိဂေါ်လီ ၂၆ လုံးကို ဆရာဝန်တွေ ခွဲထုတ်ဖယ်ရှား
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ သဘာဝဖြစ်စဉ်သာ ကောင်းမွန်ညီညွတ်တဲ့ ကျန်းမာမှုကို ဖြစ်ပေးစေတာဖြစ်ပြီး ခန္ဓာအတွင်း သဘာဎမဟုတ်တဲ့ အရာတွေ အစားထိုးလုပ်ဆောင်မှုက ဆိုးကျိုးသာများတာဖြစ်ပါတယ်။
အခုဖော်ပြမယ့်အကြောင်းကတော့ 11 နှစ်အရွယ် Zhejiang ဆိုတဲ့ တရုတ်ပြည်အနောက်ပိုင်းက ဆိပ်ကမ်းဘက်က အလုပ်သမားကောင်လေးဟာ ကစားစရာဖြစ်တဲ့ သံလိုက်ဘောစိလေးတွေကို သူ့ရဲ့ လိင်အင်္ဂါအတွင်း ခွဲံထည့်ပြီး လပိုင်းအကြာမှာ ဆေးရုံရောက်ခဲ့တာဖြစ်ပါတယ်။
လိင်အင်္ဂါထဲ ဘောစိထည့်တာ ဂေါ်လီသွေးထည့်တာမျိုးကို အာရှမှာ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့ပြီး
ဒီနည်းတွေရဲ့ အစကို ကျွန်းကျနေတဲ့ အကျဉ်းသားတွေနဲ့ ထောင်ထဲကနေ စတင်ခဲ့တာဖြစ်ပါတယ်။
မိန်းမလိုက်စားသူတွေ ထည့်ခဲ့တာဖြစ်ပြီး ပြန်ခွဲထုတ်တာ အသားလုံးတည်သွားတာမျိုး ဖြစ်လို့ ခြစ်ထုတ်ရတွေ ရှိခဲ့ပြီး ဆိုးကျိုးများခဲ့ပါတယ်။
အခုလည်း ဒီကလေးကို ဆိပ်ကမ်းက အလုပ်သမားတွေ လုပ်ပေးခဲ့တာဖြစ်လောက်ပေမယ့် ကလေးက တစွန်းတစတောင် ဒီအကြောင်းကို ပြောကြားခြင်းမရှိပါဘူး။လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို ဒီအရွယ်ကလေးတွေကအစ လုပ်ဆောင်နေပြီလားဆိုတာ စုံစမ်းဆဲသာ ဖြစ်ပါတယ်။
အခု ကလေးရဲ့ အင်္ဂါတွင်းက ဘောစိငယ်တွေဟာ သံလိုက်ဖြစ်တဲ့အတွက် လိင်အင်္ဂါကို ပိုမိုဒုက္ခပေးတာဖြစ်ပြီး သူဟာ အလုံးပေါင်းမြောက်မြားစွာထည့်ပြီး ရှည်လာအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။တကယ့်ကို ဆိုးဝါးတဲ့ ကိစ္စဖြစ်ပြီး ဒီကလေးဟာ လူကျင့်ဝတ်ကို ဖောက်ပြန်တတ်အောင် နောက်ကွယ်က ပြုလုပ်ပေးတဲ့ လူကြီးရှိမယ်လို့ ဆရာဝန်က သုံးသပ်ခဲ့ပါတယ်။
ဒီလို ထည့်သွင်းပြီး လအနည်းငယ်အကြာမှာ အောင့်တာနဲ့ နာကျင်တာတွေ ဖြစ်ခဲ့ပြီး ဆီးသွားမှုလဲ အခက်အခဲ ရှိလာသလို ခါးတွေပါ ကိုက်လာတာဖြစ်ပါတယ်။အထဲမှာ အသားက ဘောစိငယ်တွေကို ငုံသွားတြ့အတွက် တင်းမတ်နာကျင်နေတာဖြစ်ပါတယ်။သံလိုက်တွေဖြစ်တဲ့အတွက် ဘောစ်တွေရဲ့ ဆက်ကြားမှာ အသားတွေ တင်းကြပ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
ဒီအတွက် ဆရာဝန်တွေက 2 နာရီကြာ ခွဲစိတ်မှု လုပ်ခဲ့ပြီး အဆိုပါ သံလိုက်ဘောစိတွေ ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ Dr. Wang Yongbiao ကတော့ ဒီကိစ္စကို အာဏာပိုင်တွေနဲ့ လူ့အဖွဲ့အစည်းက တင်းကြပ်စွာ ကိုင်တွယ်မှုမရှိရင် ဒီလို ပြဿာနာနဲ့ အလားသဏ္ဍာန်တူတာတွေဖြစ်လာဦးမှာ ဖြစ်ပြီး ဆေးရုံကို ရောက်နေဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဘောစိတွေကို အတန်း နှစ်တန်း စီရီပြီး ထည့်ထားတာဖြစ်ပြီး 0.12 လက်မ သုံးလုံးတစ်တန်းနဲ့ 0.24 လက်မ ခြောက်လုံးတစ်တန်း ကို ခွဲထုတ်ပစ်ခဲ့ရတာဖြစ်ပါတယ်။အခြားသော အလုံးတွေက ဆီးအိတ်ထဲ ရောက်နေတာဖြစ်ပါတယ်။