Mission: Impossible
Casino Royale
Spider-Man
4.“Paris Café Scene”
Jurassic Park
The Dark Knight
The Lord of the Rings
Unicode
CGI ဆိုတဲ့ ကွန်ပြူတာနည်းပညာကို အနည်းငယ်သာ သုံးခဲ့ပြီး ကိုယ်တိုင်သရုပ်ဆောင်ခဲ့ကြသော ဟောလိဝုဒ်ဇာတ်ဝင်ခန်းများ
နိုင်ငံခြားရုပ်ရှင်တကားထွက်လာရင် သူတို့နောက်ကွယ်က ဖန်တီးမှုတွေအကြောင်းပါ လူတိုင်းသိချင်လောက်တဲ့ အထိ လွှမ်းမိုးခဲ့ပါတယ်။သူတို့ရိုက်ကူးရေး အခန်းတွေ ပြင်ဆင်မှုတွေအကြောင်းကို သိချင်လာလောက်တဲ့ အကြောင်းပြချက်ရှိလာလောက်တဲ့အထိ ရိုက်ကွင်း ရိုက်ကွက်တွေ ကောင်းပြီး ဇာတ်ကားတဲ့ ဖန်တီးမှုတစ်စွန်းတစကို ဖော်ပြပေးလိုက်ပါတယ်။
Mission: Impossible
Burj Khalifa ဟာ ပေပေါင်း 1700 ပေရှိပြီး ဒီအခန်းမှာ လူစားလဲမလဲသလို CG ဆိုတဲ့  (computer-generated) ပြုလုပ်မပါပဲ သူကိုယ်တိုင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Mission: Impossible မှာ Tom Cruise ရဲ့ စွန့်စားမှုကြောင့် ဇာတ်ကားဟာ ပိုနာမည်ကြီးခဲ့ပါတယ်။
Casino Royale
Casino Royale ဆိုတဲ့ ဂျိမ်းစ်ဘွန်းကားထဲမှာ Adam Kirley ဆိုတဲ့ စတန့်မင်းသားက Daniel Craig ရဲ့ နေရာမှာ ဝင်ရောက် သရုပ်ဆောင်ခဲ့ပြီး ကားကြီးကို ပေါက်ကွဲအောင် ဒုံးနဲ့ ထုလွှတ်လိုက်တဲ့ပြီး ခုနှစ်ပတ်လောက်လည်သွားတဲ့ကားကို ရှောင်ခဲ့တာဖြစ်ပါတယ်။
Spider-Man
Spider-Man ရဲ့ ပထမဆုံးကားဆိုတော့ ဒီအခန်းကို ကောင်းကောင်းမှတ်မိကြမှာပါ။ Tobey Maguire ဟာ ပီတာပက်ကာနေရာမှာ သရုပ်ဆောင်ရတာဖြစ်ပြီး သူဟာ လင်ဗန်းနဲ့ စားစရာတွေကို ပြန်ဖမ်းရတဲ့အခန်းမှာ ကွန်ပြူတာမသုံးပဲ ကိုယ်တိုင်ဖမ်းခဲ့တာဖြစ်ပါတယ်။
4.“Paris Café Scene”
Christopher Nolan ဟာ “Paris Café Scene” ဆိုတဲ့ကားမှာ ပစ္စည်းတွေ လွှင့်စင်ပေါက်ကွဲသွားတဲ့ ဇာတ်ဝင်ခန်းကို အနှေးပြကွက်နဲ့ ပြခဲ့တာဖြစ်ပြီး ဒီ ပေါက်ကွဲမှုကို ရိုက်ချက်ပေါင်း 1500 လောက်ရိုက်ခဲ့ပြီး အခန်းဆက်ခဲ့တာဖြစ်ပါတယ်။ဒါဟာ စက္ကန့်ပိုင်းလောက်သာ ကြာခဲ့ပေမယ့် သူတို့ဟာ အကောင်းစားကင်မရာတွေ အသုံးပြုခဲ့တာဖြစ်ပါတယ်။
Jurassic Park
လွန်ခဲ့တဲ့ 24 နှစ်လောက်က ထွက်ခဲ့တဲ့ Jurassic Park ကားမှာ အရုပ်ငယ်လေးတွေကို ဒိုင်နိုဆောလို ဖန်တီးတဲ့ ခေတ်မဟုတ်ပဲ တကယ့်ဒိုင်နိုဆောဝတ်စုံကြီးတွေ ဝတ်ဆင်ပြီး လူတွေသရုပ်ဆောင်ခဲ့ပြီးမှ အကောင်းစား ပြုပြင်ပြောင်းလဲမှုကို Stan Winston ပြုလုပ်ခဲ့ပြီး အကယ်ဒမီဆုရရှိခဲ့ပါတယ်။
Eternal Sunshine of the Spotless Mind
Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ Eternal Sunshine of the Spotless Mind ကားထဲမှာ သူ့ရည်းစားကို အကြပ်ကိုင် အကြမ်းဖက်မှုမျိုးကို ခပ်ကြမ်းကြမ်းသရုပ်ဆောင်တဲ့အခန်းတွေမှာ အနည်းငယ်ထိတွေ့မှုသာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကို CGI ရဲ့ special effect တွေ သုံးခဲ့တာဖြစ်ပါတယ်။
The Dark Knight
The Dark Knight ရုပ်ရှင်ကားထဲက ကားရဲ့ ဒီဇိုင်းဟာ အပြင်မှာ အကြီးစားဖန်တီးမှုမဟုတ်ပဲ ကားငယ်လေးသာ တီထွင်ခဲ့ပြီး ပစ်ခတ်တဲ့ ဂမ်းတွေ ထည့်သွင်းထားကာ ပစ်တာ ခတ်တာပြုလုပ်ပြီး ဒါကို ပုံကြီးချဲ့ကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
The Lord of the Rings
The Lord of the Rings မှာ 3D camera တွေ သုံးခဲ့တာဖြစ်ပြီး Peter Jackson ဟာ ရုပ်ဆိုးဆိုး Orcs နေရာမှာ သရုပ်ဆောင်ရာ သူ့ပင်ကိုယ် ရုပ်အတိုင်း သရုပ်ဆောင်ခဲ့ပြီးမှ ရုပ်ကို ပြောင်းလဲမှု လုပ်ခဲ့တာဖြစ်ပါတယ်။တချို့အခန်းတွေမှာတော့ CGI အနည်းငယ်သာ သုံးခဲ့ပြီး မိတ်ကပ်ပညာနဲ့သဘာဝအတိုင်း သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။