Unicode
ဒုတိယကမ္ဘာစစ်က ပင်လယ်ထဲ ရက်ပေါင်း 133 ရက်ကြာမြောခဲ့ပြီး အသက်ရှင်ခဲ့တဲ့ တရုတ်နိုင်ငံသား
ဒုတိယကမ္ဘာစစ်အတွင်းမှာ တရုတ်ကနေ ဗြိတိသျှကို သွားတဲ့ သင်္ဘောမှောက်ပြီး Poon Lim ဆိုတဲ့ တရုတ်နိုင်ငံသားတစ်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။သူအပါအဝင် သင်္ဘောမှာ လူ 52 ယောက်ပါရှိပြီး Cape Town ကနေ Surinam ကို သွားတာဖြစ်ပါတယ်။အမေဇုံရဲ့ မိုင်ပေါင်း 750 ခရီးကို ဖြတ်သန်းသွားစရတာဖြစ်ပါတယ်။သင်္ဘောဟာ ဗုံးဒဏ်သင့်ပြီး ပျက်စီးခဲ့ရာကနေ ပင်လယ်ထဲ တစစီဖြစ်သွားခဲ့ပါတယ်။
Poon Lim ဟာ က့ကောင်းစွာ အသက်ရှင်ခဲ့ပြီး အပျက်အစီးတွေကြားက ကောင်းနိုးရာရာတွေစုပြီး သူဟာ ဖောင်ပုံစံလုပ်ပြီး နေထိုင်ခဲ့ပါတယ်။အမြဲတမ်းအတွက် ဒါဟာ မလွယ်ကူခဲ့ပါဘူး။သူဟာ ဆယ်ရယ်အကျော်မှာ အစားအစာ ပြတ်လပ်ပြီး စိတ်ဓာတ်အကြီးအကျယ်ကျလာတာဖြစ်ပါတယ်။ဒါပေမယ့် သူဟာ ဂျပန်တွေ စစ်ရှုံးရင် သူဟာ ပင်လယ်ပြင်မှာ သေသွားလည်း ဂရုမစိုက်တော့ဘူးလို့ ပြောပါတယ်။အကြောင်းကတော့ တရုတ်ပြည်မှာ ကျန်ခဲ့တဲ့ မိဘတွေကို စစ်ဘေးသင့် ပြည်သူဖြစ်မှာ စိုးရိမ်တဲ့အတွက် သူဟာ အသက်ရှင်ဖို့ လိုအပ်တယ်လို့ တွေးခဲ့တာဖြစ်ပါတယ်။
သူဟာ ပင်လယ်ရဲ့ မုန်တိုင်းကို အမြဲကြောက်လန့်ခဲ့ရပြီး မနက်ဖြန်မှာ ကယ်ဆယ်ရေး ဒါမှမဟုတ် သင်္ဘောတစ်စီးလာပါစေလို့တောင် ဆုတောင်းဖို့ မေ့ခဲ့ပြီး မုန်တိုင်းမလာပါစေနဲ့လို့သာ ဆုတောင်းခဲ့တာဖြစ်ပါတယ်။
သူဟာ ရက်ပေါင်း 133 တိတိ ပင်လယ်ထဲ နေခဲ့ရပြီး သမိုင်းမှာ ရက်အကြာဆုံး ပင်လယ်ထဲ ဖောင်နဲ့ သေဘေးက လွတ်မြောက်ခဲ့သူအဖြစ် ဂရင်းနစ်ဝင်ခဲ့ပါတယ်။သူအတွက် ရက် 20 လောက်မှာ ခက်ခဲပင်ပမ်းလွန်းလာပြီး အစားအစာနဲ့ ရေအတွက် သူဟာ သွေးဖောက်ချပြီး ငါးမန်းကို မျှားခဲ့ရပါတယ်။သာမာန်ငါးလေးတွေကို သူဖမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ရေသတ္တဝါတွေဟာ ရေထဲမှာ လျင်မြန်တဲ့ ကူးခတ်မှုကြောင့် သူ့အေနနဲ့ ရေနစ်သေသွားနိုင်ပါတယ်။ပအကျိုးထူးမှာ မဟုတ်တဲ့ ကြီးမားတဲ့ ငါးမန်းကို ဖမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ သူ့ဆီရောက်ခဲ့တဲ့ ငါးမန်းက အကောင်အရမ်းမကြီးပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။သူဟာ ငါးမန်းကို အနိုင်ယူပြီးတဲ့ အချိန်မှာတော့ သွေးတွေကို သောက်စရာလုပ်ဖို့ ထုတ်ခြ့ပြီး အသားတွေကို နေလှန်းခဲ့တာဖြစ်ပါတယ်။ဒါဟာ သူ့အတွက် အသက်ဆက်စေခဲ့တဲ့ ပင်မအောကာင်းအရင်းဖြစ်ခဲ့ပြီး သူဟာ သွေးကို အာဆွတ်ရုံသာ သော်ကခဲ့ရတာဖြစ်ပါတယ်။ရက်ပေါင်း 133 ဟာ သုံးလကျော်ဖြစ်ပြီး သူဟာ အစစအရာရာကို ချွေတာခဲ့ရပြီး အသားကိုလဲ တဖတ်လောက်သာ စားပြီး နောက်နေ့တွေ အတွက်ချန်ခဲ့ရတာဖြစ်ပါတယ်။သူ ဘယ်နှစ်ရက်ကြာမယ်ဆိုတာ သူမသိလို့ ဖြစ်ပါတယ်။
ရက်ပေါင်း 130 အကြာမှာ သူလဲသွားပါပြီ။ဘာဆိုဘာမှ မရှိတော့်ပဲ သူမှာ ရှိတဲ့ ခွန်အားနည်းနည်းလေးက မကြာခင် သေတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာပြခဲ့ပါတယ်။သူ မြောနေခဲ့ပြီး ရက်ပေါင်း 133 မှာ မနက်ပိုင်း သူပြန်နိုးခဲ့ပါတယ်။တနေလုံး အိပ်မက်လို တကယ်လိုဖြစ်နေပြီး လူသုံးယောက်က လာခေါ်တာ ကြုံလိုက်ရပါတယ်။နောက်တော့ မျက်လုံးဖွင့်ကြည့်တော့ ဆေးရုံကို ရောက်နေပြီ လူလဲ နည်းနည်းလန်းဆန်းကာ နေပါတယ်။သူ့ကို ကယ်ခဲ့သူတွေဟာ ဘရာဇီးငါးဖမ်းသမား သုံးယောက်ဖြစ်ပြီး သူဟာ ဆေးရုံမှာ 5 ပတ်တိတိ နေခဲ့ပြီး တရုတ်ပြည်ကို ပြန်ပို့ပေးခဲ့ကြပါတယ်။