(၇) သင့်ကိုယ်သင်လည်း လိမ်နေတဲ့အခါတွေရှိတယ်မလား …
Unicode
ကလေးတွေလိမ်ပြောတတ်နေတာကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ?
တစ်ဘဝလုံး မလိမ်မညာပဲ ရှင်သန်နေထိုင်နေတဲ့လူရယ်လို့မရှိပါဘူး။ မုသားမပါ လင်္ကာမချောဆိုသလိုပဲ လူသားတွေအသက်ရှင်နေသရွေ ့လိမ်ညာစကားတွေကတော့ ပြောနေဦးမှာပါပဲ။ နေ့စဉ် နေ့တိုင်း လူလိမ်တွေနဲ့ တွေ့နေရတယ်။ ဒါပေမယ့် ကိုယ့်ကလေးတွေရော ဒီလိုလူလိမ်လေးတွေဖြစ်နေမယ်ဆိုရင် သင်ဘာလုပ်မလို့လဲ ?
(၁) ကလေးတွေဟာ အကျိုးဆက်ကိုသိနေတယ်…
ကလေးတွေ မကြာခဏလိမ်နေတယ်ဆိုတာ အမှန်တိုင်းပြောရင်
အပြစ်ပေးခံရမယ်ဆိုတာ သူတို့သိနေလို့ပဲ။ သင့်အနေနဲ့ သူတို့ကိုအမှန်တိုင်းပြောထွက်လာအောင် ချော့သလှည့်၊ ခြောက်သလှည့်လုပ်တတ်ရမယ်။ အပြစ်ပေးတဲ့အခါလည်း အရမ်းမပြင်းထန်နဲ့ပေါ့။ ကလေးလည်း ဒီအတွက် မကြောက်တော့ဘူး။
(၂) ကလေးတွေက သင့်ကိုစိတ်မကောင်းမဖြစ်စေချင်ဘူး
ကလေးတွေက သင့်ကိုချစ်ပါတယ်။ ဒါကြောင့်ပဲ သင့်ကိုဝမ်းမနည်းစေချင်ဘူး။
သူတို့အမှန်တိုင်းပြောလိုက်လို့ သင့်ရဲ ့တုံ့ပြန်မှုက အရမ်းပြင်းထန်သွားရင် သူတို့ပိုဝမ်းနည်းရတယ်။ အမှန်တိုင်းပြောတာကိုပဲ ကျေးဇူးတင်ပြီး
အဲ့အတွက် သင်ခန်းစာယူနိုင်အောင် ချော့သင်ပါ။ သင့်ကလေးလည်း
နှစ်ဦးနှစ်ဖက် နာကျင်အောင်လုပ်မယ့်ကိစ္စတွေ တဖြည်းဖြည်းရှောင်တတ်လာမယ်။
(၃) သူတို့မလိမ်ရင်တောင် လေထဲတိုက်အိမ်ဆောက်တတ်ကြတယ်..
တစ်ခါတစ်လေ ကလေးတွေဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝအောင် အမှားတွေပြုလုပ်တတ်ကြတယ်။ သူတို့ရဲ ့စွန့်စားခရီးစဉ်တွေအကြောင်း သင့်ကို သူတို့ပြောလိမ့်မယ်။ အခြားလူတွေကိုလည်း အစ်ကိုမရှိတာကို ရှိပါတယ်ဆိုပြီး ပြောနေတဲ့အခါမျိုးဆို နောက်တခါ ဒီလိုမျိုး မပြောအောင်
နူးညံ့စွာသင်ပေးပါ။ သူတို့စိတ်ကူးယဉ်တတ်တာပါ… တဖြည်းဖြည်းအရွယ်ရောက်လာရင်တော့ ဒီအကျင့်လေးတွေ ပျောက်သွားပါလိမ့်မယ်။
(၄) မမှတ်မိတဲ့အခါလည်း သူတို့လိမ်ပြီးပြောတတ်ကြတယ်..
ကလေးတွေဟာ သူတို့ယုံကြည်ထားတဲ့အရာတွေ ၀ိုးတဝါး မပြတ်သားဖြစ်လာရင် အခြေအနေပေါ်မူတည်ပြီး လိမ်တတ်ကြပါတယ်။
သူတို့သိထားတာ မေ့သွားရင် ဘာပြောရမှန်းမသိတဲ့အခါ လိမ်တတ်ကြတယ်။
ဒီလိုမျိုး လိမ်ပြောတတ်တာကို မစိုးရိမ်ပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ကလေးရဲ ့အပြုအမူပေါ် နားလည်အောင်ကြိုးစားပါ။ ငယ်နေတုန်းအရွယ်ဆို အကျင့်လေးတွေ ပြင်လို့ရမှာပါ။
(၅) လိမ်ပြောခြင်းက ယဉ်ကျေးမှုတစ်ခုလို့ သူတို့တွေးမှတ်ကြတယ်..
လိမ်ပြောလိုက်တာက မှန်တယ်လို့ သူတို့လေးတွေထင်တတ်တယ်။ ဘွားဘွားရဲ ့ခြေအိတ်ကိုဝတ်ရလို့ သူတို့ပျော်တယ်လို့ထင်ရပေမယ့် အတွင်းစိတ်ထဲမှာတော့ ဒီလိုခြေအိတ်မျိုးလက်ဆောင်တော့မလိုချင်ဘူးလို့
တွေးချင်တွေးနေနိုင်တယ်။ သင့်ကလေးကို ဘယ်လိုပုံစံဖြစ်အောင် ထိန်းကြောင်းမလဲဆိုတာ သင့်အပေါ်မှာပဲမူတည်ပါတယ်။
(၆) မှန်ကန်တဲ့အဖြေအတွက် သူတို့ပရိုဂရမ်တွေဆွဲနေတယ် ..
မိဘတွေက ကလေးတွေကို မေးခွန်းတစ်ခုထက်ပိုပြီး မေးတတ်ကြပါတယ်။
ဥပမာ.. သင်က အရသာရှိလားလို့မေးရင် သူ့ပန်းကန်ထဲရောက်နေတဲ့အစားစားတွေက သူမစားချင်တာတွေဖြစ်နေတတ်တယ်။ အရသာရှိတယ်.. မရှိဘူး ပြောတာကအစ ကလေးတစ်ယောက်က လိမ်နေတယ်ဆိုရင်တော့ အဆင်မပြေဘူး။ ချက်ချင်း ထိုပြဿနာကိုရှင်းပါ။ အမှန်တိုင်းပြောလိုက်အောင် လုပ်ဖို့ သင့်အပေါ်မူတည်ပါတယ်။
(၇) သင့်ကိုယ်သင်လည်း လိမ်နေတဲ့အခါတွေရှိ်တယ်မလား …
မိဘဆိုတာ ကလေးတွေရဲ ့လက်ဦးဆရာပါ။ အလိမ်ညာတွေကြားမှာ ရှင်သန်ကြီးပြင်းလာရင် ကလေးတစ်ယောက်ဟာ အမှန်တိုင်းပြောတာကို ရပ်တန့်ပစ်လိမ့်မယ်။ ဖြေရှင်းနည်းကတော့ မိဘကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်အရင်ရိုးသားအောင် ပြုပြင်နေထိုင်ဖို့လိုပါတယ်။
(၈) မကောင်းတဲ့အရာပေါ် သူတို့စိတ်ရောက်ရင်
မကောင်းတဲ့အရာတွေပေါ် သင့်ကလေးစိတ်ဝင်စားနေရင် မအော်ပစ်လိုက်ပါနဲ့။ အပြစ်မတင်ပါနဲ့။ ဘယ်အရာက မှန်ပြီး ဘယ်အရာကဆိုးလဲဆိုတာ သူတို့ကွဲကွဲပြားပြား မသိဘဲနေလိမ့်မယ်။
အမှန်တိုင်းပြောပြလိုက်ပါ။ သူတို့အသက်ရွယ်နဲ့ သိသင့်သိထိုက်တာတွေကို
ပြောပြပေးပါ။ ဘယ်အရာက မကောင်းဘူး.. ဘာကတော့ အပြစ်ရှိတယ်ဆိုတာ သေချာရှင်းပြပါ။ အရေးကြီးတာကိုသေချာနားလည်ထားမှ သူတို့ကြီးပြင်းလာတဲ့အခါ ဆင်ခြင်နိုင်မယ်။