ငုိဖို႔မ်က္ရည္မက်လို႔ ဒါရိုက္တာစတီးလ္က ေက်ာကုိတီးတာခံလိုက္ရတယ္ဆိုတဲ့ ျဖဴျဖဴေထြး

ပြီးခဲ့တဲ့နှစ်တွေကစပြီး ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိလာပြီး အခုဆိုရင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီ ဖြစ်တဲ့ ဖြူဖြူထွေးက အခုချိန်မှာတော့ ကြော်ငြာရိုက်ကူးရေးတွေကိုလည်း ဆက်တိုက် ရိုက်ကူးနေရပြီး ချစ်စရာကောင်းပြီး ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းတဲ့ စကားပြောပုံတွေကြောင့်လည်း ဖြူဖြူထွေးကို ပရိသတ်တွေက ပိုပြီးချစ် ပိုပြီး လက်ခံအားပေးလာကြတာကတော့ အမှန်ပါပဲ။ ဖြူဖြူထွေးက အခုဆိုရင် ရုပ်ရှင်တွေလည်း ရိုက်နေရပြီဖြစ်ပြီး တက်သစ်စမင်းသမီးလေးတစ်ယောက်ဖြစ်နေတဲ့အပြင် မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းရတနာလေးလည်းဖြစ်နေပါပြီ။

ဖြူဖြူထွေးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဒါရိုက်တာစတီးလ်ရဲ့ သင်ပြမှုတွေအကြောင်းနဲ့ ရိုက်ကွင်းမှာ ကျောပြင်ကို ဗျောတင်ခံလိုက်ရတယ်ဆိုတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ ဖြူဖြူထွေးက ဇာတ်ကားရိုက်ရင်းနဲ့ ငိုရမယ့်အခန်းတွေမှာ အခက်တွေ့ရကြောင်း “ငယ်ငယ်လေးတုန်းကလည်း မိသားစုတွေရန်ဖြစ်တယ်ဆိုလို့ရှိရင် ကိုယ့်ရှေ့မှာမြင်တာမှ ငိုတာကိုး။ကိုယ်တကယ်လုပ်လိုက်တဲ့ဟာတစ်ခုမှားသွားပြီဆိုမှ ကိုယ့်ကို အိမ်ကဆူလိုက်တယ် ငေါက်လိုက်တယ်ဆိုမှ အဲ့တော့မှ မျက်ရည်ကျတာကိုး ဒါပေမယ့် အဲဒီမှာ လုံးဝမျက်ရည်မကျဘူး။ တကယ်ကျရမယ့် အခန်းမှာ လုံးဝမျက်ရည်မကျဘူး ရယ်ပဲရယ်နေတာ”လို့ ပြောပြထားပါတယ်။

အဲဒီမှာ ဦးစတီးလ်က ကျောကို တီးလိုက်တော့မှ မျက်ရည်က အော်တိုကျလာတယ်လို့လည်း “မုဒ်သွင်းရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတယ်လေ။ ဒါပေမယ့် မုဒ်မသွင်းတတ်ဘူး။ မိသားစုအကြောင်းတွေပြန်တွေးတဲ့ ငိုတဲ့ အကုန်တိတ်ဘာညာနဲ့ ပြောပြီးတော့မှ မိသားစုအကြောင်းတွေပြန်တွေးလည်း မိသားစုက ပျော်ပျော်ပဲ ငိုလို့မရဘူး။ အဲဒါနဲ့ ဦးစတီးလ်က ဒီလိုလေးကိုင်ပြီး အုံးအုံးဆိုပြီး သုံးချက်ကျွေးလိုက်တာ အဲ့မှာ ကြွေထွက်သွားတယ် ရင်ဘတ်တွေအကုန်။ အဲ့မှာစပြီး မျက်လုံးထဲကနေ မျက်ရည်တွေကျလာတာ။အဲ့အခန်းကတော့ ကြောက်ဖို့အကောင်းဆုံးပဲ”လို့ ရင်ဖွင့်ထားပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ဖြူဖြူထွေးကိုချစ်ကြလား။ ဖြူဖြူထွေးရဲ့ နောက်ထပ်လုပ်မယ့်အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Zawgyi

ျပီးခဲ့တဲ့နွစ္ေတြကစျပီး ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကို ရရိွလာၿပီး အခုဆိုရင္ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေနၿပီ ျဖစ္တဲ့ ျဖဴျဖဴေထြးက အခုခ်ိန္မွာေတာ့ ေၾကာ္ျငာရိုက္ကူးေရးေတြကိုလည္း ဆက္တိုက္ ရိုက္ကူးေနရျပီး ခ်စ္စရာေကာင္းၿပီး ဟန္ေဆာင္မႈကင္း ရိုးသားပြင့္လင္းတဲ့ စကားေျပာပံုေတြေၾကာင့္လည္း ျဖဴျဖဴေထြးကို ပရိသတ္ေတြက ပိုၿပီးခ်စ္ ပိုၿပီး လက္ခံအားေပးလာၾကတာကေတာ့ အမွန္ပါပဲ။ ျဖဴျဖဴေထြးက အခုဆိုရင္ ရုပ္ရွင္ေတြလည္း ရုိက္ေနရျပီျဖစ္ျပီး တက္သစ္စမင္းသမီးေလးတစ္ေယာက္ျဖစ္ေနတဲ့အျပင္ မိဘကုိလုပ္ေကြ်းနုိ္င္တဲ့ သမီးေကာင္းရတနာေလးလည္းျဖစ္ေနပါျပီ။

ျဖဴျဖဴေထြးက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ဒါရိုက္တာစတီးလ္ရဲ႕ သင္ျပမႈေတြအေၾကာင္းနဲ႔ ရိုက္ကြင္းမွာ ေက်ာျပင္ကုိ ေဗ်ာတင္ခံလုိက္ရတယ္ဆိုတဲ့အေၾကာင္း ေျပာျပလာခဲ့ပါတယ္။ ျဖဴျဖဴေထြးက ဇာတ္ကားရိုက္ရင္းနဲ႔ ငိုရမယ့္အခန္းေတြမွာ အခက္ေတြ႕ရေၾကာင္း “ငယ္ငယ္ေလးတုန္းကလည္း မိသားစုေတြရန္ျဖစ္တယ္ဆိုလို႔ရွိရင္ ကုိယ့္ေရွ႕မွာျမင္တာမွ ငိုတာကုိး။ကုိယ္တကယ္လုပ္လိုက္တဲ့ဟာတစ္ခုမွားသြားျပီိဆိုမွ ကုိယ့္ကုိ အိမ္ကဆူလိုက္တယ္ ေငါက္လိုက္တယ္ဆိုမွ အဲ့ေတာ့မွ မ်က္ရည္က်တာကုိး ဒါေပမယ့္ အဲဒီမွာ လံုးဝမ်က္ရည္မက်ဘူး။ တကယ္က်ရမယ့္ အခန္းမွာ လံုးဝမ်က္ရည္မက်ဘူး ရယ္ပဲရယ္ေနတာ”လို႔ ေျပာျပထားပါတယ္။

အဲဒီမွာ ဦးစတီးလ္က ေက်ာကုိ တီးလိုက္ေတာ့မွ မ်က္ရည္က ေအာ္တိုက်လာတယ္လို႔လည္း “မုဒ္သြင္းရမယ္ဆိုတာ ကုိယ့္ကုိယ္ကိုယ္သိတယ္ေလ။ ဒါေပမယ့္ မုဒ္မသြင္းတတ္ဘူး။ မိသားစုအေၾကာင္းေတြျပန္ေတြးတဲ့ ငိုတဲ့ အကုန္တိတ္ဘာညာနဲ႔ ေျပာျပီးေတာ့မွ မိသားစုအေၾကာင္းေတြျပန္ေတြးလည္း မိသားစုက ေပ်ာ္ေပ်ာ္ပဲ ငိုလို႔မရဘူး။ အဲဒါနဲ႔ ဦးစတီးလ္က ဒီလိုေလးကုိင္ျပီး အံုးအံုးဆိုျပီး သံုးခ်က္ေကြ်းလိုက္တာ အဲ့မွာ ေၾကြထြက္သြားတယ္ ရင္ဘတ္ေတြအကုန္။ အဲ့မွာစျပီး မ်က္လံုးထဲကေန မ်က္ရည္ေတြက်လာတာ။အဲ့အခန္းကေတာ့ ေၾကာက္ဖို႔အေကာင္းဆံုးပဲ”လို႔ ရင္ဖြင့္ထားပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရာ ျဖဴျဖဴေထြးကုိခ်စ္ၾကလား။ ျဖဴျဖဴေထြးရဲ႕ ေနာက္ထပ္လုပ္မယ့္အနုပညာအလုပ္ေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။