Unicode
Guggenheim ပြတိုက်မှာ ရွှေအိမ်သာကြီးပြသပြီး ဝင်ငွေရှာခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Guggenheim ပြတိုက်မှာ 18 ကာရက်အပြည့်ရွှေအိမ်သာကို ထားရှိဖို့ဆောက်လုပ်ခဲ့ပါတယ်။ဒီအတွက်ချေးငွေကို သူ့သမ္မတသက်တမ်းတလျှောက်မှာ ဗင့်ဂိုးဘဏ်က ထုတ်ယူချေးခဲ့တာဖြစ်ပါတယ်။ဒီလိုလုပ်ရတာ သူမှာအကြောင်းအရင်းရှိပြီး သူဟာ နယူးယောက်ပြတိုက်မှာ ထားချင်တဲ့သဘောရှိပါတယ်။
ဒီလို ရွှေသားအတိပြီးနေတဲ့အိမ်သာကို ဆောက်လုပ်ခြင်းဟာ အမေရိကန်ရဲ့ အဆင့်အတန်းနဲ့ သူ့ရဲ့ အရှိန်အဝါကို ပြသလိုခြင်းဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်အပြည့်ပါတဲ့ အိမ်သာကို ပြတိုက်မှာထားလိုက်တဲ့အခါ လူပေါင်း 100000 နီးပါး လာရောက်ကြည့်ရှုပြီးခဲ့တာဖြစ်ပါတယ်။အဲ့အတွက် အမြတ်အစွန်းတောင်ရခဲ့ပြီးပြီဖြစ်ပါတယ်။
ဒီအိမ်သာကို မနှစ်က စတင်ပြီး Guggenheim ပြတိုက်မှာထားရှိခဲ့တာဖြစ်ပါတယ်။
ဝါရှင်တန် အစီရင်ခံစာမှာတော့ ရွှေသားအတိပြီးတဲ့ အိမ်သာကို ဆက်လက်မပြသတော့ပဲ ဖြုတ်တော့မယ်လို့ ရေးသားပေးပို့ထားတာဖြစ်ပြီး လူတိုင်းနီးပါးက လိုချင်စိတ်ဖြစ်ပေါ်နေတဲ့ အိမ်သာဖြစ်ပါတယ်။ပြတိုက်မှာ 1 နှစ်နီးပါးပြသခြင်းက အရင်းကျေသွားပြီဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ဆက်လက်ပြသထားလိုစိတ် မရှိတော့တာပဲဖြစ်ပါတယ်။ဒါကို ဖန်တီးသူကတော့ အီတာလျံတစ်ဦးဖြစ်တဲ့ Maurizio Cattelan ဖြစ်ပြီး ထရမ့်လို သန်းကြွယ်သူဌေးသမ္မတရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်းမရှိ ရွှေအိမ်သာ ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အဆိုပါ ဖန်တီးမှုဟာ အနုပညာသဘောမဆန်ပဲ လူတွေရဲ့ လောဘစိတ်ကို ပိုမိုတိုးပွားစေတဲ့ပစ္စည်းလို့ ပြောခဲ့ပြီး ပြတိုက်မှာထားမယ့်ကိစ္စကိုတော့ သိပ်မနှစ်မြို့ခဲ့ပါဘူး။ဒါပေမယ့် Guggenheim ပြတိုက်မှာတော့ ရေချိုးခန်းပုံစံနဲ့ တွဲပြီး ဒါကိုတခမ်းတနားပြသခဲ့သလို လူတွေဟာလည်း ကြိတ်ကြိတ်တိုး တန်းစီပြီး ကြည့်ရှုခဲ့တာဖြစ်ပါတယ်။
ထရမ့်ဟာ စီးပွားရေးအမြင်ရှိသူဖြစ်ပြီး လူတွေရဲ့ အားနည်းချက်ကို ကောင်းကောင်းသိတာဖြစ်ပါတယ်။သူဟာ လူတွေကို မက်လုံးပေးတဲ့နေရာမှာ ထူးချွန်သူဖြစ်တဲ့ စီးပွားရေးသမား နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အခုလို တနှစ်အတွင်း အိမ်သာရဲ့ ရွှေစရိတ်တွေအားလုံးကျေခဲ့ပြီး အမြတ်စွန်းတောင်ပြန်ထွက်နေပြီဖြစ်ပါတယ်။သူဟာ ဘာမှမရင်းလိုက်ရပါပဲ အဆိုပါ ရွှေအိမ်သာကြီးတစ်လုံး ပြန်ရလိုက်တာဖြစ်ပါတယ်။ဒီအိမ်သာကိုပြသခဲ့လိုက ပြတိုက် အနီးအပါးမှ စားသောက်ဆိုင်တွေကလည်း ကျေးဇူးတင်လျက်ရှိနေတာဖြစ်ပါတယ်။အကြောင်းအရင်းကတော့ အလည်လာသူတွေအနေနဲ့ နေ့လယ်စာကို ပြတိုက်နားမှာ ရှိတဲ့ စားသောက်ဆိုင်တွေမှာ စားကြတာဖြစ်လို့ ထရမ့်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ်အစီအစဉ်ဟာ အောင်မြင်ခဲ့ပါတယ်။
Leave a Reply