ခ်စ္သူမ်ားေန႕မွာ နာမက်န္းေသာ ရင္ခုန္သံမ်ားဆီသို႕ေပးေသာစာ

ခ်စ္သူမ်ားေန႕မွာ နာမက်န္းေသာ ရင္ခုန္သံမ်ားဆီသို႕ေပးေသာစာ

အခ်စ္ဆိုတာဘာလဲ…??

ကမ္းေျခမွာ လက္ခ်င္းတြဲျပီးလမ္းေလွ်ာက္သြားတာမ်ိဳး၊ Anniversary ေန႕ေတြ အတူတူက်င္းပတာမ်ိဳး၊ ရုပ္ရွင္အတူတူၾကည့္တာမ်ိဳးကိုမွ အခ်စ္စစ္တယ္လို႕ လူေတြကထင္ၾကပါတယ္။

သူတို႕ထင္တာလည္း မွားေတာ့မမွားပါဘူး။ ဒါေတြဟာလည္း အခ်စ္အမ်ိဳးအစားတစ္ခုပါပဲ။ ဒါေပမယ့္ သင့္မွာ ခ်စ္သူ ရည္းစားမရွိဘူးဆိုပါစုိ႕။ အခုလို Valentine day မွာ သူမ်ားစံုတြဲေတြကို ၾကည့္ျပီး ကိုယ့္ကိုယ္ကုိယ္ အခ်စ္မခံရဘူး၊ အထီးက်န္တယ္လို႕ ေတြးျပီး စိတ္ညစ္ေနစရာမလိုပါဘူး။ လူေတြေမ့ေနၾကတဲ့ ခ်စ္ျခင္းအမ်ိဳးအစားတစ္ခုက်န္ပါေသးတယ္။ အဲ့ဒါကေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ရိုင္းပင္းကူညီျခင္းဆိုတဲ့ ေမတၱာပါ။

အဲ့ဒါဟာ  “အိမ္ျပန္ေရာက္ျပီလား” ဆိုတဲ့ Message လည္း ျဖစ္နိုင္သလို

တစ္ေယာက္အေပၚတစ္ေယာက္ ယံုၾကည္ျခင္းလည္း  ျဖစ္နိုင္ပါတယ္။

အမွန္တရားကို ထုတ္ေျပာျခင္းလည္း ျဖစ္နိုင္သလို၊

၀မ္းနည္းခ်ိန္ေရာက္လာတတ္တဲ့ ပခံုးတစ္ဖက္လည္း ျဖစ္နိုင္ပါတယ္၊

လက္ဖက္ရည္ဆိုင္က စကား၀ိုင္းလည္း ျဖစ္နိုင္သလို

အလုပ္နဲ႕သက္ေသျပတာလည္းျဖစ္နုိင္ပါတယ္၊

အဲ့ဒီလိုမ်ိဳး ခပ္ဆင္ဆင္ ၾကင္နာမႈကိုျပတဲ့ လုပ္ရပ္တိုင္းဟာ အခ်စ္ျဖစ္နိုင္ပါတယ္။

Valentine Day မွာ ပန္းစည္း လက္ေဆာင္ရတာလည္း အခ်စ္အမ်ိဳးအစားထဲမွာပါတာေပါ့။ လူေတြက သူတို႕ ဘယ္ေလာက္ထိအခ်စ္ခံရတယ္ ဘယ္လိုမ်ိဳးအခ်စ္ခံရတယ္ ဆိုတာမ်ိဳးအေပၚမွာ ရင္ခုန္တတ္ၾကတယ္ေလ။ ျပီးေတာ့ Social Media ေပၚတင္ျပီး သူမ်ားေတြလည္း အားက်ေစခ်င္ၾကတယ္။

ဒါေပမယ့္ ပန္းစည္းေတြ ေခ်ာကလက္ေတြကို သေဘာရိုးနဲ႕ေပးတာမ်ိဳးမဟုတ္ဘဲ သင့္ဆီက တစ္ခုခုျပန္လိုခ်င္လို႕ေပးတာမ်ိဳးဆိုရင္ေတာ့ မွားေနပါျပီ။ တကယ့္အခ်စ္စစ္ဆိုတာ ေမ်ွာ္လင့္ခ်က္တစ္စံုတစ္ရာမထားဘဲ တစ္ခုခုေပးလိုက္တာမ်ိဳး ဒါမွမဟုတ္ တစ္ခုခုအက်ိဳးျပဳလုပ္လိုက္တာမ်ိဳးသာျဖစ္တယ္။

သင့္အေပၚမွာ အေပၚမွာျပထားတဲ့အခ်က္ေတြထဲလို ၾကင္နာမႈကို ျပတဲ့လူမ်ိဳး အနည္းဆံုး တစ္ဦးေတာ့ ရွိတယ္ဟုတ္။ ၁၅၀၀ နဲ႕မဟုတ္ရင္ေတာင္ ၅၂၈ နဲ႕ပဲျဖစ္ျဖစ္။ မိဘ၊ ေဆြမ်ိဳးသားခ်င္း ဒါမွမဟုတ္ သူငယ္ခ်င္းေတြကိုပါ ထည့္တြက္လိုက္ပါ။ ဒါဟာလည္း အခ်စ္ပဲ မဟုတ္လား။ ဘာလို႕ ကိုယ့္ကိုယ္ ခ်စ္တဲ့လူတစ္ေယာက္မွ မရွိဘူး ဆိုျပီး ေတြးျပီး ၀မ္းနည္းေနမွာလဲ။ အဲ့ဒီလို ေတြးမိတယ္ဆိုရင္ ကိုယ့္ဘ၀မွာၾကံဳခဲ့ဖူးတဲ့ အျဖစ္အပ်က္ေတြကိုျပန္စဥ္းစားပါ။

ဒါဆိုရင္ေတာ့ သင့္ဘ၀ထဲက ေပ်ာက္ဆံုးေနတဲ့ အခ်စ္ခံရျခင္း အေတြ႕အၾကံဳအခ်ိဳ႕ ကိုျပန္ရွာေတြ႕ပါလိမ့္မယ္။

အခ်စ္ဆုိတာကို ရွာေဖြရင္း သင့္ကို ခ်စ္တဲ့လူေတြကိုပစ္ပယ္မိေနျပီလား။

အခ်စ္ဆိုတာ သင္နဲ႕အခ်ိန္တိုင္းရွိေနတာပါ။ February 14 ဆိုတာ အျခားေန႕ေတြလိုမ်ိဳး ေန႕တစ္ေန႕ပါပဲ။ ဒီရက္ဟာလည္း ၂၄ နာရီျပီးရင္ ကုန္ဆံုးသြားမွာပါ။ ဒါေၾကာင့္ သင့္ကို ၅၂၈ ေမတၱာနဲ႕ ေန႕တိုင္းခ်စ္ေနတဲ့ လူမ်ိဳးကို တန္ဖိုးထားလုိက္ပါ။ ဒီစာကို ဖတ္ရင္း တစ္ေယာက္ေယာက္ကို သတိရသြားျပီဆိုရင္ သူတို႕ကို ခ်က္ခ်င္း message ပို႕လိုက္ပါ။

Unicode

ချစ်သူများနေ့မှာ နာမကျန်းသော ရင်ခုန်သံများဆီသို့ပေးသောစာ

အချစ်ဆိုတာဘာလဲ…??

ကမ်းခြေမှာ လက်ချင်းတွဲပြီးလမ်းလျှောက်သွားတာမျိုး၊ Anniversary နေ့တွေ အတူတူကျင်းပတာမျိုး၊ ရုပ်ရှင်အတူတူကြည့်တာမျိုးကိုမှ အချစ်စစ်တယ်လို့ လူတွေကထင်ကြပါတယ်။

သူတို့ထင်တာလည်း မှားတော့မမှားပါဘူး။ ဒါတွေဟာလည်း အချစ်အမျိုးအစားတစ်ခုပါပဲ။ ဒါပေမယ့် သင့်မှာ ချစ်သူ ရည်းစားမရှိဘူးဆိုပါစို့။ အခုလို Valentine day မှာ သူများစုံတွဲတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အချစ်မခံရဘူး၊ အထီးကျန်တယ်လို့ တွေးပြီး စိတ်ညစ်နေစရာမလိုပါဘူး။ လူတွေမေ့နေကြတဲ့ ချစ်ခြင်းအမျိုးအစားတစ်ခုကျန်ပါသေးတယ်။ အဲ့ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်ရိုင်းပင်းကူညီခြင်းဆိုတဲ့ မေတ္တာပါ။

အဲ့ဒါဟာ  “အိမ်ပြန်ရောက်ပြီလား” ဆိုတဲ့ Message လည်း ဖြစ်နိုင်သလို

တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်ခြင်းလည်း  ဖြစ်နိုင်ပါတယ်။

အမှန်တရားကို ထုတ်ပြောခြင်းလည်း ဖြစ်နိုင်သလို၊

၀မ်းနည်းချိန်ရောက်လာတတ်တဲ့ ပခုံးတစ်ဖက်လည်း ဖြစ်နိုင်ပါတယ်၊

လက်ဖက်ရည်ဆိုင်က စကားဝိုင်းလည်း ဖြစ်နိုင်သလို

အလုပ်နဲ့သက်သေပြတာလည်းဖြစ်နိုင်ပါတယ်၊

အဲ့ဒီလိုမျိုး ခပ်ဆင်ဆင် ကြင်နာမှုကိုပြတဲ့ လုပ်ရပ်တိုင်းဟာ အချစ်ဖြစ်နိုင်ပါတယ်။

Valentine Day မှာ ပန်းစည်း လက်ဆောင်ရတာလည်း အချစ်အမျိုးအစားထဲမှာပါတာပေါ့။ လူတွေက သူတို့ ဘယ်လောက်ထိအချစ်ခံရတယ် ဘယ်လိုမျိုးအချစ်ခံရတယ် ဆိုတာမျိုးအပေါ်မှာ ရင်ခုန်တတ်ကြတယ်လေ။ ပြီးတော့ Social Media ပေါ်တင်ပြီး သူများတွေလည်း အားကျစေချင်ကြတယ်။

ဒါပေမယ့် ပန်းစည်းတွေ ချောကလက်တွေကို သဘောရိုးနဲ့ပေးတာမျိုးမဟုတ်ဘဲ သင့်ဆီက တစ်ခုခုပြန်လိုချင်လို့ပေးတာမျိုးဆိုရင်တော့ မှားနေပါပြီ။ တကယ့်အချစ်စစ်ဆိုတာ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ တစ်ခုခုပေးလိုက်တာမျိုး ဒါမှမဟုတ် တစ်ခုခုအကျိုးပြုလုပ်လိုက်တာမျိုးသာဖြစ်တယ်။

သင့်အပေါ်မှာ အပေါ်မှာပြထားတဲ့အချက်တွေထဲလို ကြင်နာမှုကို ပြတဲ့လူမျိုး အနည်းဆုံး တစ်ဦးတော့ ရှိတယ်ဟုတ်။ ၁၅၀၀ နဲ့မဟုတ်ရင်တောင် ၅၂၈ နဲ့ပဲဖြစ်ဖြစ်။ မိဘ၊ ဆွေမျိုးသားချင်း ဒါမှမဟုတ် သူငယ်ချင်းတွေကိုပါ ထည့်တွက်လိုက်ပါ။ ဒါဟာလည်း အချစ်ပဲ မဟုတ်လား။ ဘာလို့ ကိုယ့်ကိုယ် ချစ်တဲ့လူတစ်ယောက်မှ မရှိဘူး ဆိုပြီး တွေးပြီး ၀မ်းနည်းနေမှာလဲ။ အဲ့ဒီလို တွေးမိတယ်ဆိုရင် ကိုယ့်ဘဝမှာကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကိုပြန်စဉ်းစားပါ။

ဒါဆိုရင်တော့ သင့်ဘဝထဲက ပျောက်ဆုံးနေတဲ့ အချစ်ခံရခြင်း အတွေ့အကြံုအချို့ ကိုပြန်ရှာတွေ့ပါလိမ့်မယ်။

အချစ်ဆိုတာကို ရှာဖွေရင်း သင့်ကို ချစ်တဲ့လူတွေကိုပစ်ပယ်မိနေပြီလား။

အချစ်ဆိုတာ သင်နဲ့အချိန်တိုင်းရှိနေတာပါ။ February 14 ဆိုတာ အခြားနေ့တွေလိုမျိုး နေ့တစ်နေ့ပါပဲ။ ဒီရက်ဟာလည်း ၂၄ နာရီပြီးရင် ကုန်ဆုံးသွားမှာပါ။ ဒါကြောင့် သင့်ကို ၅၂၈ မေတ္တာနဲ့ နေ့တိုင်းချစ်နေတဲ့ လူမျိုးကို တန်ဖိုးထားလိုက်ပါ။ ဒီစာကို ဖတ်ရင်း တစ်ယောက်ယောက်ကို သတိရသွားပြီဆိုရင် သူတို့ကို ချက်ချင်း message ပို့လိုက်ပါ။

Can'twait2say (ေျပာခ်င္လြန္းလို႕) H2H Team မွ စီစဥ္တင္ဆက္ေသာ www.cantwait2say.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ ၊ Website မ်ား ၊ instant article မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ကူးယူျခင္းကိုေတြ႔ရိွပါက ထိုကူးယူထားေသာ page မ်ားကို တရား၀င္ေၾကျငာသြားမည္ျဖစ္ျပီး တရားဥပေဒနဲ႕ အညီ အေရးယူသြားမယ္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ Can'twait2say (ပြောချင်လွန်းလို့) H2H Team မှ စီစဉ်တင်ဆက်သော www.cantwait2say.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များ ၊ instant article များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ကူးယူခြင်းကိုတွေ့ရှိပါက ထိုကူးယူထားသော page များကို တရားဝင်ကြေငြာသွားမည်ဖြစ်ပြီး တရားဥပဒေနဲ့ အညီ အရေးယူသွားမယ်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Leave a Reply