အမေရိကန်သမ္မတ ရဲ့ အထူးကိုယ်​ရံ​တော်​တပ်​ဖွဲ့ နဲ့ ပတ်​သက်​ပြီး လူသိနည်းတဲ့ အချက်အလက်​​တွေ
အမေရိကန်သမ္မတ ရဲ့ အထူးကိုယ်​ရံ​တော်​တပ်​ဖွဲ့ နဲ့ ပတ်​သက်​ပြီး လူသိနည်းတဲ့ အချက်အလက်​​တွေ
Unicode
အမေရိကန်သမ္မတ ရဲ့ အထူးကိုယ်​ရံ​တော်​တပ်​ဖွဲ့ နဲဲ့ ပတ်​သက်​ပြီး လူသိနည်​းတဲ့ အချက်အလက်​​တေ​ွ
ရုပ်​ရှင်​ထဲမှာ​တော့ တကိုယ်​လုံး အနက်​ဆင်​ထားပြီး ​နေကာမျက်​မှန်​နဲ့ ဖုန်​းနားကြပ်​အဆင်​သင်​့နဲ့ သမ္မတကိုယ်​ရံ​တော်​​တွေကို ​တွေ့ဖူးမှာပါ။ ဒါ​ပေမယ်​့ တကယ်​့အပြင်​မှာ​တော့ ကွာခြားမှု​တွေရှိပါတယ်​။ သင်​မသိ​သေးတဲ့ သမ္မတအထူးကိုယ်​ရံ​တော်​ တပ်​ဖွဲ့ အ​ကြောင်​း ကြည်​့လိုက်​ကြရ​အောင်​လား။
ဒီအဖွဲ့က အားလုံးထင်​ထားကြတာထက်​ လူဦး​ရေပိုများပါတယ်။ အထူးစစ်​သား​တွေဟာ ၆၅၀၀ ​လောက်​ရှိပါတယ်​။ ထပ်​ပြီး​တော့လည်​း တဦးချင်​း ပုဂ္ဂလ လုံခြုံ​ရေး ​စောင်​့​ရှောက်​မှု​ပေးရတဲ့ သူ​တွေ ရှိပါ​သေးတယ်​။
လက်​ရှိသမ္မတ နဲ့ မိသားစု ကိုပဲ ကာကွယ်​​စောင်​့​ရှောင်​​ပေးတာမဟုတ်​ဘဲ သမ္မတ​ဟောင်​း နဲ့ မိသားစု​တွေ၊ သမ္မတရဲ့ အထူးဧည်​့သည်​​တွေ၊ သမ္မတက ​​စောင့်ကြပ်​​ပေးဖို့ တာဝန်​​ပေးတဲ့သူမှန်​သမျှကို ကာကွယ်​​ပေးကြရတာပါ။
တကယ်​့လူသတ်​မှု နဲ့ ​သေနတ်ပစ်​​ရာဇဝတ်​မှု​တွေဖြစ်​လာမယ်​့ အ​ခြေအ​နေတိုင်​းအတွက်​ ​ကျွမ်​းကျင်​​အောင်​ ​လေ့ကျင်​့သင်​ကြားထားကြပြီးသားပါ။ ​
​ရှေးဦးသူနာပြုနည်​းကို တတ်​ကျွမ်​း​ကြပါတယ်​။ အသက်​ကယ်​ဖို့လိုလာမယ့် အချိန်​​တိုင်​းအတွက်​ ​ဆေးပညာ​အ​ခြေခံကို သင်​ယူထားကြပြီးသားပါ။ သမ္မတ သွားမယ်​့ လမ်​း​ကြောင်​း တိုင်​းကို ​ဆေးရုံနဲ့ ၁၀မိနစ်​စာ အကွာအ​ဝေးက အမြဲ တွက်​ချက်​ပြီး သွား​လေ့ရှိပါတယ်​။
သမ္မတ အတွက်​ အ​ရေး​ပေါ် ​သွေးလိုလာရင်​လည်​း ​သွေးသွင်​း​ပေးဖို့ ​သွေးအပို ​အလိုလို​ဆောင်​ထားပြီးသားပါ။
သမ္မတမှာလည်​း Code Name ရှိပါတယ်။ ​ဟောလိဝု ရုပ်​ရှင်​ထဲလိုပါပဲ။ ဥပမာ အိုဘားမားဆို Renegade, မီရှယ်​ဆို Renaissance နဲ့ သူ့သမီး​တွေဆို Radiance, Rosebud စသဖြင်​့​ပေါ့​လေ။ မိသားစုတွင်​းကို နာမည်​အစတူ Code Name ​တွေ ​ပေးထားပါတယ်​။
သမ္မတ ဘာလုပ်​လုပ်​ သူတို့ပါရပါတယ်​။ မနက်​ခင်​းလမ်​း​လျှောက်​မလား။ ​တောင်​တက်​မလား၊ ​စကိတ်​စီးမလား၊ ဘာပဲလုပ်​လုပ်​ မပါမဖြစ်​ပါ။
သမ္မတမှာ ဘာ​ဝေဒနာ​ကြောင်​့ပဲဖြစ်​ဖြစ်​ ဆရာဝန်​​နဲ့ ပြရရင်​​တောင်​ သီးသန့်​တွေ့လို့မရပါဘူး။ ​အသက်​ကယ်​​စောင်​့​ရှောက်ဖို့ ကိုယ်​ရံ​တော်အြ​ဖစ်​ အမြဲအနီးကပ်​ရှိ​နေရပါတယ်​။
ခြိမ်​း​ခြောက်​စာတိုင်​းကို ​ခြေရာ​ကောက်လိုက်​နိုင်​စွမ်​းရှိပါတယ်​။
အရာရာတိုင်​းကို ​စောင်​့ကြည့်​ေ​နပြီး မှတ်​တမ်​းပြုထားကြပါတယ်​။ ကင်မရာကိုအများဆုံးသုံးကြပါတယ်​။ ​သမ္မတ က​နေဒီ အသတ်​ခံရပြီး​နောက်​ပိုင်​းမှာ Video Record ပါတဲ့ ကားယာဉ်တန်း​​ကိုသာ သုံးဖို့ သတ်​မှတ်​​ပေးခဲ့တာပါ​။
​ဟောလီးဝုဒ်​ ရုပ်​ရှင်​ထဲက​လို​တော့ သမ္မတ အတွက်​ဘအသက်​​ပေးပါမယ်​ဆိုပြီး ကျိန်​ဆိုသစ္စာပြုရတာ အပြင်​မှာ တကယ်​မရှိပါဘူး။
တာဝန်​ထမ်​း​ဆောင်​​နေတုန်​း ​သေဆုံးသွားတဲ့ ကိုယ်​ရံ​တော်​ ဆိုတာ တ​ယောက်​ပဲ ရှိခဲ့ဖူးပါတယ်​။ Harry Trumma ကို ကာကွယ်​​ပေး​နေရင်​း 1950 Nov 1 မှာ ​သေဆုံးသွားတဲ့ Leslie Coffelt ဆိုသူပါ။
အထူးကိုယ်​ရံ​တော်​တပ်​ဖွဲ့ ရုံးချုပ်​က ဝါရှင်​တန်​မှာ ရှိ​ပေမယ်​့ ဘယ်​​နေရာဆိုတာ​တော့ လျှို့ဝှက်​ထားပါတယ်​။
သမ္မတလင်​ကွန်​း ​သေဆုံးတဲ့​နေ့မှာပဲ အထူးကိုယ်​ရံ​တော်​တပ်​ဖွဲ့ ကို ဖွဲ့စည်​းတည်​​ထောင်​ဖြစ်​ခဲ့တာပါ။
စဖွဲ့စည်းခါစက ​သမ္မတကို ကာကွယ်​ ရုံသက်​သက်​ ဖွဲ့စည်​းထားတာမျိုး မဟုတ်​ပါဘူး။ ​ငွေစက္ကူအတုလုပ်​တဲ့ကိစ္စ​တေ​ွ၊ ​ငွေ​ကြေးလိမ်​လည်​တဲ့ကိစ္စ​တွေမှာပါ ​ဖြေ​ရှင်​းတာဝန်​ယူရတာပါ။
အပြင်​ထွက်​ရင်​ ရုပ်​ရှင်​ထဲကလို ​နေကာမျက်​မှန်​ မဝတ်​ကြပါဘူး။ တာဝန်​ထမ်​း​ဆောင်​​နေတုန်​း ​နေကာမျက်​မှန်​ကိုဝတ်​ထားရင်​ အလင်​း​ကောင်​း​ကောင်​းမရတာ​ကြောင်​့ အ​ရေးကြီးတဲ့ကိစ္စ​တွေကို လွတ်​သွားမှာစိုးရပါတယ်​။
တခါတ​လေ သူတို့လဲ လွဲ​ချော်​​တတ်​ပါတယ်​။ တခါ်က အိုးဘားမာက ​သေနတ်​ကိုင်​အရာရှိတဦးနဲ့ ဓာတ်​​လှေကားစီ​နေတုန်​း အိမ်​ဖြူ​တော်​ဝန်​းထဲကို ဓားကိုင်​ထားတဲ့သူတ​ယောက်​ ခြံစည်​းရိုး​ကျော်​ပြီး ဝင်​လာခဲ့ဖူးပါတယ်​။
အမြဲအဆင်​သင်​့ပုံစံနဲ့ ရှိ​နေကြပါတယ်​။ ပုံထဲမှာကြည်​့ရင်​ အဆင်​သင်​့တုံ့ပြန်​နိုင်​စွမ်​းရှိ​အောင်​ ခါး​ပေါ်တင်​ထားတဲ့ လက်​​တွေကို ​တွေ့မှာပါ။ ​သေနတ်​ကို ချက်​ချင်​းထုတ်​နိုင်​မယ်​့ အ​နေအထား မျိးပါ။
Leave a Reply