မင္းသားႀကီး ဦးေက်ာ္ဟိန္းနဲ႔ အမွတ္တရေတြကို ရင္ဖြင့္လာတဲ့ ခ်ိဳၿပဳံး

ချိုပြုံးဟာ နိုင်ငံကျော်အဆိုတော်ကြီးတစ်ဦးဖြစ်သလို ငယ်စဉ်ကတည်းက သရုပ်ဆောင်လုပ်ခဲ့ပြီး အကယ်ဒမီဆုရှင် ဝါရင့်မင်းသမီးကြီးတစ်လက်လည်းဖြစ်ပါတယ်။ ချိုပြံုးရဲ့ နုသစ်ဖွံ့ထွားတဲ့အလှတွေနဲ့ ငယ်ငယ်တုန်းက ဗီဒီယိုတွေကို ပရိသတ်တွေတော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းက ကျော်ဟိန်း၊ ဇော်ဝမ်း စတဲ့ မင်းသားကြီးတွေနဲ့ ရုပ်ရှင်တွေအတူလက်တွဲရိုက်ကူးခဲ့တဲ့ ချိုပြံုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ကျော်ဟိန်းနဲ့ အမှတ်တရတွေအကြောင်း ပြန်လည်အောက်မေ့သတိရပြောပြလာခဲ့ပါတယ်။

ကျော်ဟိန်းနဲ့အတူတူ အကယ်ဒမီအမှတ်တရတွေအကြောင်းကို ချိုပြုံးက “အမေချိုနဲ့ ကိုကျော်ဟိန်းနဲ့က စပြီးတော့ ရိုက်ကတည်းက တစ်ကြိုထဲမှာအမြဲပါတယ်။ သူငယ်ချင်းနှစ်ယောက်ကလည်း အမြဲပဲ ပူးပြီးတော့ ထိုင်ရတယ်။ ဒါပေမယ့် ပါလိုက်ပယ်လိုက်ပါလိုက်ပယ်လိုက်နဲ့ပဲ အမေချိုတို့နှစ်ယောက် ကိုးနှစ်ခရီးကို ဖြတ်သန်းခဲ့ရပါတယ်။ အမေချိုတို့တုန်းကတော့ အကယ်ဒမီရုပ်လေးတွေက စင်ပေါ်မှာ တန်းစီပြီးတင်ထားတယ်။ အဲဒီမှာ တစ်ရုပ်လျော့သွားပြန်ပြီ နှစ်ရုပ်လျော့သွားပြန်ပြီ အဲဒီလိုပေါ့နော်။ အကယ်ဒမီက အရမ်းကို နတ်ကြီးပါတယ်”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

မင္းသားႀကီး ဦးေက်ာ္ဟိန္းနဲ႔ အမွတ္တရေတြကို ရင္ဖြင့္လာတဲ့ ခ်ိဳၿပဳံး

အရင်ခေတ်ကရုပ်ရှင်တွေနဲ့ အခုခေတ်ရုပ်ရှင်တွေနဲ့ ကွာခြားပုံကိုလည်း ချိုပြုံးက “အမေချိုတို့ခေတ်တုန်းကတော့ ထွက်သမျှကားတိုင်းက ကောင်းတာပေ့ါနော်။ အခုခေတ်ကျတော့ အမေချိုလည်းတစ်ခါတစ်ခါ လေ့လာပါတယ်။ ဒီကားတွေက ဘာလို့များမကောင်းရတာလဲဆိုတာ။ တစ်ခါတစ်ခါကျတော့လည်း ရုပ်ရှင်ကြည့်ပရိသတ်ကို အားမလိုအားမရဖြစ်တယ်။ သူတို့တွေက ဝေဖန်ရမယ်။ အကြံပေးရမယ်။ ပြတိုင်းကြည့်လို့လည်းမဖြစ်ဘူး။ ပရိသတ်ကတော့လည်း မြန်မာနိုင်ငံမှာက လူငယ်တွေသာ ပျော်ဖို့များတာကို။ ကလပ်တက်မယ်။ အင်တာနက်ကြည့်မယ်။ လူကြီးတွေ လူလတ်ပိုင်းတွေအနေနဲ့က ပျော်စရာတွေကလည်း နည်းတော့ ရုပ်ရှင် ဘာပြပြကြည့်တော့တာ။ ကြည့်ပြီးတော့မှ မကောင်းရင် ကန်ဆဲတော့တာလေ။ကောင်းမှသာ ချီးကျူးတာ။ အဲဒီလိုရုပ်ရှင်သမားတွေက ရုပ်ရှင်ကို သစ္စာရှိစွာ ကြည့်ကြတယ်လေ။ အဲဒါကြောင့် အဲဒီလိုသစ္စာရှိရှိကြည့်တဲ့လူတွေကို လေးစားသောအားဖြင့် ကောင်းကောင်းရိုက်ရမယ်”လို့ ပြောပြထားပါတယ်။

မင္းသားႀကီး ဦးေက်ာ္ဟိန္းနဲ႔ အမွတ္တရေတြကို ရင္ဖြင့္လာတဲ့ ခ်ိဳၿပဳံး

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျော်ဟိန်းနဲ့ ချိုပြုံးတို့ရဲ့ အရင်တုန်းက ရုပ်ရှင်တွေကို လွမ်းကြလား။ ချိုပြံုးပါဝင်တဲ့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Zawgyi

ခ်ိဳၿပဳံးဟာ ႏိုင္ငံေက်ာ္အဆိုေတာ္ႀကီးတစ္ဦးျဖစ္သလို ငယ္စဥ္ကတည္းက သ႐ုပ္ေဆာင္လုပ္ခဲ့ၿပီး အကယ္ဒမီဆုရွင္ ဝါရင့္မင္းသမီးႀကီးတစ္လက္လည္းျဖစ္ပါတယ္။ ခ်ိဳၿပံဳးရဲ႕ ႏုသစ္ဖြံ႕ထြားတဲ့အလွေတြနဲ႔ ငယ္ငယ္တုန္းက ဗီဒီယိုေတြကို ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားၾကည့္ဖူးၾကမယ္ထင္ပါတယ္။ ငယ္ငယ္တုန္းက ေက်ာ္ဟိန္း၊ ေဇာ္ဝမ္း စတဲ့ မင္းသားႀကီးေတြနဲ႔ ႐ုပ္ရွင္ေတြအတူလက္တြဲ႐ိုက္ကူးခဲ့တဲ့ ခ်ိဳၿပံဳးက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေက်ာ္ဟိန္းနဲ႔ အမွတ္တရေတြအေၾကာင္း ျပန္လည္ေအာက္ေမ့သတိရေျပာျပလာခဲ့ပါတယ္။

ေက်ာ္ဟိန္းနဲ႔အတူတူ အကယ္ဒမီအမွတ္တရေတြအေၾကာင္းကို ခ်ိဳၿပဳံးက “အေမခ်ိဳနဲ႔ ကိုေက်ာ္ဟိန္းနဲ႔က စၿပီးေတာ့ ႐ိုက္ကတည္းက တစ္ႀကိဳထဲမွာအၿမဲပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္ကလည္း အၿမဲပဲ ပူးၿပီးေတာ့ ထိုင္ရတယ္။ ဒါေပမယ့္ ပါလိုက္ပယ္လိုက္ပါလိုက္ပယ္လိုက္နဲ႔ပဲ အေမခ်ိဳတို႔ႏွစ္ေယာက္ ကိုးႏွစ္ခရီးကို ျဖတ္သန္းခဲ့ရပါတယ္။ အေမခ်ိဳတို႔တုန္းကေတာ့ အကယ္ဒမီ႐ုပ္ေလးေတြက စင္ေပၚမွာ တန္းစီၿပီးတင္ထားတယ္။ အဲဒီမွာ တစ္႐ုပ္ေလ်ာ့သြားျပန္ၿပီ ႏွစ္႐ုပ္ေလ်ာ့သြားျပန္ၿပီ အဲဒီလိုေပါ့ေနာ္။ အကယ္ဒမီက အရမ္းကို နတ္ႀကီးပါတယ္”လို႔ ရင္ဖြင့္ထားခဲ့ပါတယ္။

အရင္ေခတ္က႐ုပ္ရွင္ေတြနဲ႔ အခုေခတ္႐ုပ္ရွင္ေတြနဲ႔ ကြာျခားပုံကိုလည္း ခ်ိဳၿပဳံးက “အေမခ်ိဳတို႔ေခတ္တုန္းကေတာ့ ထြက္သမွ်ကားတိုင္းက ေကာင္းတာေပ့ါေနာ္။ အခုေခတ္က်ေတာ့ အေမခ်ိဳလည္းတစ္ခါတစ္ခါ ေလ့လာပါတယ္။ ဒီကားေတြက ဘာလို႔မ်ားမေကာင္းရတာလဲဆိုတာ။ တစ္ခါတစ္ခါက်ေတာ့လည္း ႐ုပ္ရွင္ၾကည့္ပရိသတ္ကို အားမလိုအားမရျဖစ္တယ္။ သူတို႔ေတြက ေဝဖန္ရမယ္။ အႀကံေပးရမယ္။ ျပတိုင္းၾကည့္လို႔လည္းမျဖစ္ဘူး။ ပရိသတ္ကေတာ့လည္း ျမန္မာႏိုင္ငံမွာက လူငယ္ေတြသာ ေပ်ာ္ဖို႔မ်ားတာကို။ ကလပ္တက္မယ္။ အင္တာနက္ၾကည့္မယ္။ လူႀကီးေတြ လူလတ္ပိုင္းေတြအေနနဲ႔က ေပ်ာ္စရာေတြကလည္း နည္းေတာ့ ႐ုပ္ရွင္ ဘာျပျပၾကည့္ေတာ့တာ။ ၾကည့္ၿပီးေတာ့မွ မေကာင္းရင္ ကန္ဆဲေတာ့တာေလ။ေကာင္းမွသာ ခ်ီးက်ဴးတာ။ အဲဒီလို႐ုပ္ရွင္သမားေတြက ႐ုပ္ရွင္ကို သစၥာရွိစြာ ၾကည့္ၾကတယ္ေလ။ အဲဒါေၾကာင့္ အဲဒီလိုသစၥာရွိရွိၾကည့္တဲ့လူေတြကို ေလးစားေသာအားျဖင့္ ေကာင္းေကာင္း႐ိုက္ရမယ္”လို႔ ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ေက်ာ္ဟိန္းနဲ႔ ခ်ိဳၿပဳံးတို႔ရဲ႕ အရင္တုန္းက ႐ုပ္ရွင္ေတြကို လြမ္းၾကလား။ ခ်ိဳၿပံဳးပါဝင္တဲ့ ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားႀကီးေတြကိုေရာအားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။