အေကာင္ေတြကို မ်က္စပစ္ၿပီး အိမ္လိုက္ခဲ့ပါေျပာေနတာမဟုတ္ဘူးဆိုတဲ့ ေ႐ႊအိမ္စည္

မြန်မာကိုယ်စားပြု အလှမယ် တယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ လက်ရှိမှာဆိုရင် အလှမယ် တယောက် သာမက သူ့ရဲ့ချောမောလှပတဲ့ ရုပ်ရည်ကြောင့်လည်း သရုပ်ဆောင် မင်းသမီး တယောက် အနေနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ အရမ်းလှပ ကျော့ရှင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အလယ်မှာ မြန်မာကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးနေတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ရွှေအိမ်စည်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ မိန်းကလေးတွေဝတ်စားဆင်ယင်မှုကုိဝေဖန်ကြတာတွေနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။

မိန်းကလေးတွေ ဖော်ပြီး ဝတ်ကြတာတွေနဲ့ ပတ်သက်ပြီး အိမ်စည်က “အိမ်စည်ဖော်တာကို ရွံစရာကောင်းတယ်လို့အိမ်စည်မမြင်ဘူး။ အိမ်စည့်အနေနဲ့အိမ်စည် over မလုပ်ဘူး။ အိမ်စည်တွေးတာကျတော့ ငါ့မှာပစ္စည်းရှိတယ်။ ငါ ပြမယ်။ ရှိလို့ပြတာ။မရှိရင်ပြလို့မရဘူး။ ငါကမပြဘူး ငါကမပြဘူးထိုင်အော်မနေနဲ့ မရှိလို့ မပြတာလို့ ပွင့်ပွင့်လင်းလင်းပြော။ အိမ်စည်ပြောချင်တာက ကိုယ့်ဆီမှာရှိတဲ့အလှတရားကို emphasize ဖြစ်စေတဲ့အဝတ်အစားတော့ဝတ်မှာပဲ။ အဲ့လိုမျိုးဖော်ပြတာက ရိုင်းတယ်လို့တော့ အိမ်စည်မမြင်ဘူး”လို့ ပြောပြထားပါတယ်။

ဒါပေမယ့် အဲဒီလိုဖော်လို့ ကောင်လေးတွေကို အိမ်လိုက်ခဲ့ပါလို့ ခေါ်နေတာမဟုတ်ဘူးလို့လည်း အိမ်စည်က “ပေါ်တာလော်တာတစ်ခုတည်းနဲ့ ရိုင်းတယ်လို့အိမ်စည်မမြင်ဘူး။ ကိုယ့်ရဲ့ attitude၊ ကိုယ်ကလူတိုင်းကို Flirt လုပ်နေတာမှမဟုတ်တာ။ ကိုယ်ကဒီလိုဝတ်ထားလို့ အကောင်တွေအကုန်လုံးကို မျက်စပစ်ပြပြီး လိုက်ခဲ့ပါ come home with me လို့ ပြောနေတာလည်းမဟုတ်ဘူးလေ။ ဒါလေးဝတ်တယ်။ သူတို့ကိုယ့်ကိုအများဆုံးလုပ်ရတာက ကြည့်ရတာပဲလေ။ အဲဒါတောင်မှကြာကြာကြည့်ရင် အဆဲခံရမှာ။ ဟိတ် ဘာကြည့်တာလဲဆိုပြီး။အိမ်စည်ပြောတာ ဟုတ်တယ်မလား”လို့ ရယ်မောရင်းဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေအိမ်စည်ကိုချစ်ကြလား။အိမ်စည်ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ဇာတ်ကားတွေရုံတင်ရင်ရော သွားရောက်ကြည့်ရှုအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Zawgyi

ျမန္မာကိုယ္စားျပဳ အလွမယ္ တေယာက္ျဖစ္တဲ့ ေ႐ႊအိမ္စည္ကေတာ့ လက္ရွိမွာဆိုရင္ အလွမယ္ တေယာက္ သာမက သူ႔ရဲ႕ေခ်ာေမာလွပတဲ့ ႐ုပ္ရည္ေၾကာင့္လည္း သ႐ုပ္ေဆာင္ မင္းသမီး တေယာက္ အေနနဲ႔ ရပ္တည္ေနၿပီ ျဖစ္ပါတယ္။ ေ႐ႊအိမ္စည္ကေတာ့ အရမ္းလွပ ေက်ာ့ရွင္းတဲ့ မ်က္ႏွာကို ပိုင္ဆိုင္ထားၿပီး ကမာၻ႔အလယ္မွာ ျမန္မာကို ဂုဏ္တက္ေအာင္ လုပ္ေဆာင္ေပးေနတဲ့ အလွမယ္လည္း ျဖစ္ပါတယ္။ေ႐ႊအိမ္စည္က မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ မိန္းကေလးေတြဝတ္စားဆင္ယင္မႈကုိေဝဖန္ၾကတာေတြနဲ႔ ပတ္သက္ၿပီး ေျပာသြားခဲ့ပါတယ္။

မိန္းကေလးေတြ ေဖာ္ၿပီး ဝတ္ၾကတာေတြနဲ႔ ပတ္သက္ၿပီး အိမ္စည္က “အိမ္စည္ေဖာ္တာကို ႐ြံစရာေကာင္းတယ္လို႔အိမ္စည္မျမင္ဘူး။ အိမ္စည့္အေနနဲ႔အိမ္စည္ over မလုပ္ဘူး။ အိမ္စည္ေတြးတာက်ေတာ့ ငါ့မွာပစၥည္းရွိတယ္။ ငါ ျပမယ္။ ရွိလို႔ျပတာ။မရွိရင္ျပလို႔မရဘူး။ ငါကမျပဘူး ငါကမျပဘူးထိုင္ေအာ္မေနနဲ႔ မရွိလို႔ မျပတာလို႔ ပြင့္ပြင့္လင္းလင္းေျပာ။ အိမ္စည္ေျပာခ်င္တာက ကိုယ့္ဆီမွာရွိတဲ့အလွတရားကို emphasize ျဖစ္ေစတဲ့အဝတ္အစားေတာ့ဝတ္မွာပဲ။ အဲ့လိုမ်ိဳးေဖာ္ျပတာက ႐ိုင္းတယ္လို႔ေတာ့ အိမ္စည္မျမင္ဘူး”လို႔ ေျပာျပထားပါတယ္။

ဒါေပမယ့္ အဲဒီလိုေဖာ္လို႔ ေကာင္ေလးေတြကို အိမ္လိုက္ခဲ့ပါလို႔ ေခၚေနတာမဟုတ္ဘူးလို႔လည္း အိမ္စည္က “ေပၚတာေလာ္တာတစ္ခုတည္းနဲ႔ ႐ိုင္းတယ္လို႔အိမ္စည္မျမင္ဘူး။ ကိုယ့္ရဲ႕ attitude၊ ကိုယ္ကလူတိုင္းကို Flirt လုပ္ေနတာမွမဟုတ္တာ။ ကိုယ္ကဒီလိုဝတ္ထားလို႔ အေကာင္ေတြအကုန္လုံးကို မ်က္စပစ္ျပၿပီး လိုက္ခဲ့ပါ come home with me လို႔ ေျပာေနတာလည္းမဟုတ္ဘူးေလ။ ဒါေလးဝတ္တယ္။ သူတို႔ကိုယ့္ကိုအမ်ားဆုံးလုပ္ရတာက ၾကည့္ရတာပဲေလ။ အဲဒါေတာင္မွၾကာၾကာၾကည့္ရင္ အဆဲခံရမွာ။ ဟိတ္ ဘာၾကည့္တာလဲဆိုၿပီး။အိမ္စည္ေျပာတာ ဟုတ္တယ္မလား”လို႔ ရယ္ေမာရင္းေျဖၾကားသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ေ႐ႊအိမ္စည္ကိုခ်စ္ၾကလား။အိမ္စည္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေနာက္ထပ္ဇာတ္ကားေတြ႐ုံတင္ရင္ေရာ သြားေရာက္ၾကည့္ရႈအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။