ဖြင့္ပြဲမလုပ္ရေသးမီ တံတားအလယ္ တစ္ေပခြဲခန္႔နိမ့္က်

ဖြင့္ပြဲမလုပ္ရေသးမီ တံတားအလယ္ တစ္ေပခြဲခန္႔နိမ့္က်

မေကြး၊ ေအာက္တိုဘာ ၂၃

ရန္ကုန္ အေျခစိုက္ ေဇာ္ထက္ပိုင္ ကုမၸဏီ တာဝန္ယူ ေဆာက္လုပ္သည့္ ေရငံ-ေဂြးကုန္း တံတား ဖြင့္ပြဲ ျပဳလုပ္ရန္ ၁၅ ရက္အလို တံတား၏ အလယ္တုိင္ တစ္ေပခြဲခန္႔ နိမ့္က်သြား၍ ျဖတ္သန္းသြားလာမႈ ယာယီ ပိတ္ထား ရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ေရငံ-ေဂြးကုန္း တံတားသည္ မေကြးတုိင္း ေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္ အတြင္းရွိ ေရငံေက်းရြာ အနီးတြင္ ေဆာက္လုပ္ျခင္း ျဖစ္သည္။ ယင္းတံတားကုိ ယခုႏွစ္ ေဖေဖာ္ဝါရီ လဆန္းက စတင္ ေဆာက္လုပ္ခဲ့ရာ ဇူလုိင္လ အတြင္းက ၿပီးစီးခဲ့သည္။ လာမည့္ ႏုိဝင္ဘာလ ၆ ရက္တြင္ ဖြင့္ပြဲျပဳလုပ္မည္ ျဖစ္သည္။

မုိးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေရစီးမျပတ္ဘဲ ေရလယ္တုိင္ ကၽြံက်ကာ တံတားအလယ္ တစ္ေပခြဲခန္႔ နိမ့္က်သြားသျဖင့္ တာဝန္ယူ တည္ေဆာက္သည့္ ကုမၸဏီ တာဝန္ရွိသူမ်ား လာေရာက္ စစ္ေဆးမႈ ျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္း တံတား ျဖစ္ေျမာက္ေရး ပါဝင္ ကူညီ ေပးေနသည့္ နတ္ေမာက္ၿမိဳ႕မွ ဦးထြန္းဝင္းက ေျပာၾကားသည္။

ဂ်ပန္သံ႐ုံး၏ ဆက္သြယ္ေပးမႈ အရ ဂ်ပန္အစုိးႏွင့္ ျပည္သူ တုိ႔၏ ေထာက္ပံ့ေငြျဖင့္ ေရငံတံတားကုိ တည္ေဆာက္ျခင္း ျဖစ္သည္။ ေရငံတံတားကုိ အေမရိကန္ ေဒၚလာ ၁၁၅,၀၀၀ ျဖင့္ ေဆာက္လုပ္ျခင္း ျဖစ္သည္။ သံကူကြန္ကရစ္ အမ်ိဳးအစား ျဖစ္သည္။ ပုဂၢလိက လုပ္ငန္းျဖစ္၍ အေသးစိတ္ မသိရွိရေၾကာင္း နတ္ေျမာက္ၿမိဳ႕နယ္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ခုိင္ထြန္းက ေျပာၾကားသည္။

ေအာက္ခံေျမသား၏ ခံႏုိင္ဝန္ကို ေကာင္းစြာ စစ္ေဆး သင့္ၿပီး ေခ်ာင္းသဲျပင္ကို တူးဆြသည့္ အခါ အမာခံ ေျမလႊာအထိ ေရာက္ေအာင္ တူးေဖာ္၍ အခ်ိန္ေပး လုပ္ေဆာင္သင့္ေၾကာင္း၊ ႀကိဳတင္ျပင္ဆင္မႈ အားနည္း သျဖင့္ ယင္းကဲ့သို႔ ေတြ႔ႀကဳံရျခင္း ျဖစ္ေၾကာင္း နတ္ေမာက္ၿမိဳ႕မွ တည္ေဆာက္ေရး လုပ္ငန္း ကၽြမ္းက်င္သူ အခ်ိဳ႕က သုံးသပ္သည္။

ယင္းကဲ့သို႔ နိမ့္က်သြားျခင္းေၾကာင့္ တံတား၏ ေနရာ အခ်ိဳ႕တြင္လည္း အက္ေၾကာင္းမ်ား ေပၚေနၿပီး ျပဳျပင္ ေဆာင္ရြက္မႈမ်ား ၿပီးစီးမွသာ ဖြင့္ပြဲအခမ္းအနား ေဆာင္ရြက္ သင့္ေၾကာင္း တံတား တည္ေဆာက္ေရးတြင္ ပါဝင္ အက်ိဳးေဆာင္ ေပးေနသူ ဦးထြန္းဝင္းက ေျပာၾကားသည္။

အဆိုပါ တံတားသည္ အလ်ား(အရွည္) ေပ ၁၄၀၊ အက်ယ္ ေပ ၂၀ ရွိၿပီး နတ္ေမာက္ၿမိဳ႕နယ္အတြင္းရွိ ေလးအိမ္-ေဂြးကုန္း-ေရငံ-ဝံအူ-ေရႊေကြ႔ ေျမသားလမ္းပိုင္း ေပၚတြင္ တည္ရွိကာ နတ္ေမာက္-ေပွ်ာ္ဘြယ္ ကားလမ္းမႀကီးႏွင့္ ခ်ိတ္ဆက္ထားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

R-20

http://thevoicemyanmar.com/news/13110-fpl

Credit

Unicode

ဖွင့်ပွဲမလုပ်ရသေးမီ တံတားအလယ် တစ်ပေခွဲခန့်နိမ့်ကျ

မကွေး၊ အောက်တိုဘာ ၂၃

ရန်ကုန် အခြေစိုက် ဇော်ထက်ပိုင် ကုမ္ပဏီ တာဝန်ယူ ဆောက်လုပ်သည့် ရေငံ-ဂွေးကုန်း တံတား ဖွင့်ပွဲ ပြုလုပ်ရန် ၁၅ ရက်အလို တံတား၏ အလယ်တိုင် တစ်ပေခွဲခန့် နိမ့်ကျသွား၍ ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ထား ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရေငံ-ဂွေးကုန်း တံတားသည် မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ရေငံကျေးရွာ အနီးတွင် ဆောက်လုပ်ခြင်း ဖြစ်သည်။ ယင်းတံတားကို ယခုနှစ် ဖေဖော်ဝါရီ လဆန်းက စတင် ဆောက်လုပ်ခဲ့ရာ ဇူလိုင်လ အတွင်းက ပြီးစီးခဲ့သည်။ လာမည့် နိုဝင်ဘာလ ၆ ရက်တွင် ဖွင့်ပွဲပြုလုပ်မည် ဖြစ်သည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေစီးမပြတ်ဘဲ ရေလယ်တိုင် ကျွံကျကာ တံတားအလယ် တစ်ပေခွဲခန့် နိမ့်ကျသွားသဖြင့် တာဝန်ယူ တည်ဆောက်သည့် ကုမ္ပဏီ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း တံတား ဖြစ်မြောက်ရေး ပါဝင် ကူညီ ပေးနေသည့် နတ်မောက်မြို့မှ ဦးထွန်းဝင်းက ပြောကြားသည်။

ဂျပန်သံရုံး၏ ဆက်သွယ်ပေးမှု အရ ဂျပန်အစိုးနှင့် ပြည်သူ တို့၏ ထောက်ပံ့ငွေဖြင့် ရေငံတံတားကို တည်ဆောက်ခြင်း ဖြစ်သည်။ ရေငံတံတားကို အမေရိကန် ဒေါ်လာ ၁၁၅,၀၀၀ ဖြင့် ဆောက်လုပ်ခြင်း ဖြစ်သည်။ သံကူကွန်ကရစ် အမျိုးအစား ဖြစ်သည်။ ပုဂ္ဂလိက လုပ်ငန်းဖြစ်၍ အသေးစိတ် မသိရှိရကြောင်း နတ်မြောက်မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။

အောက်ခံမြေသား၏ ခံနိုင်ဝန်ကို ကောင်းစွာ စစ်ဆေး သင့်ပြီး ချောင်းသဲပြင်ကို တူးဆွသည့် အခါ အမာခံ မြေလွှာအထိ ရောက်အောင် တူးဖော်၍ အချိန်ပေး လုပ်ဆောင်သင့်ကြောင်း၊ ကြိုတင်ပြင်ဆင်မှု အားနည်း သဖြင့် ယင်းကဲ့သို့ တွေ့ကြုံရခြင်း ဖြစ်ကြောင်း နတ်မောက်မြို့မှ တည်ဆောက်ရေး လုပ်ငန်း ကျွမ်းကျင်သူ အချို့က သုံးသပ်သည်။

ယင်းကဲ့သို့ နိမ့်ကျသွားခြင်းကြောင့် တံတား၏ နေရာ အချို့တွင်လည်း အက်ကြောင်းများ ပေါ်နေပြီး ပြုပြင် ဆောင်ရွက်မှုများ ပြီးစီးမှသာ ဖွင့်ပွဲအခမ်းအနား ဆောင်ရွက် သင့်ကြောင်း တံတား တည်ဆောက်ရေးတွင် ပါဝင် အကျိုးဆောင် ပေးနေသူ ဦးထွန်းဝင်းက ပြောကြားသည်။

အဆိုပါ တံတားသည် အလျား(အရှည်) ပေ ၁၄၀၊ အကျယ် ပေ ၂၀ ရှိပြီး နတ်မောက်မြို့နယ်အတွင်းရှိ လေးအိမ်-ဂွေးကုန်း-ရေငံ-ဝံအူ-ရွှေကွေ့ မြေသားလမ်းပိုင်း ပေါ်တွင် တည်ရှိကာ နတ်မောက်-ပျှော်ဘွယ် ကားလမ်းမကြီးနှင့် ချိတ်ဆက်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

R-20

http://thevoicemyanmar.com/news/13110-fpl

Credit

Can'twait2say (ေျပာခ်င္လြန္းလို႕) H2H Team မွ စီစဥ္တင္ဆက္ေသာ www.cantwait2say.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ ၊ Website မ်ား ၊ instant article မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ကူးယူျခင္းကိုေတြ႔ရိွပါက ထိုကူးယူထားေသာ page မ်ားကို တရား၀င္ေၾကျငာသြားမည္ျဖစ္ျပီး တရားဥပေဒနဲ႕ အညီ အေရးယူသြားမယ္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ Can'twait2say (ပြောချင်လွန်းလို့) H2H Team မှ စီစဉ်တင်ဆက်သော www.cantwait2say.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များ ၊ instant article များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ကူးယူခြင်းကိုတွေ့ရှိပါက ထိုကူးယူထားသော page များကို တရားဝင်ကြေငြာသွားမည်ဖြစ်ပြီး တရားဥပဒေနဲ့ အညီ အရေးယူသွားမယ်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။