မင္းသားျဖစ္ခါစက ကုိသားၾကီးနဲ႔ အမွတ္တရေတြကုိေျပာျပတဲ့ ေနတိုး

ပရိသတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အောင်မြင်မှုကို ကာလရှည်ကြာ ထိန်းထားနိုင်ရခြင်းရဲ့ လျို့ဝှက်ချက်ကိုပြောပြရင်းနဲ့ ငယ်ငယ်တုန်းက ကိုသားကြီးနဲ့ အမှတ်တရတွေကို ပြန်ပြောင်းအောက်မေ့ပြီး ပြောပြသွားခဲ့ပါတယ်။

နေတိုးက ဒီလိုကြာရှည်စွာရပ်တည်နေနိုင်ဖို့အတွက် ကြိုးစားမှုကအရေးပါကြောင်း “ကျွန်တော်တို့က ကြိုးစားရတာကိုပျော်နေတာလေ။ ဆိုတော့ ဒီကြိုးစားမှုကလည်း တစ်နည်းအားဖြင့်ပြန်ကြည့်မယ်ဆိုရင် ဒီလိုမျိုး ကြာရှည်စွာရပ်တည်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုက နံပါတ်တစ်အရေးကြီးတယ်။ ကြိုးစားအားထုတ်မှုက ကိုယ့်ကိုအမြဲတမ်းအားပေးနေတဲ့ ပရိသတ်အတွက် အသစ်အဆန်းဖြစ်အောင် ရသအသစ်အဆန်းလေးတွေချပြနိုင်ဖို့ကြိုးစားနေရတာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရှုအားပေးတဲ့ ပရိသတ်ကိုကျွန်တော်က ကျေးဇူးအများကြီးတင်ပါတယ်။ ကြိုးစားမှုရှိမှလည်း ဘဝရှင်သန်မှုကအမြဲတမ်းရှင်သန်မှာဖြစ်တဲ့အတွက်ကြောင့် ကြိုးစားရတာလည်း ကျေနပ်ပါတယ်”လို့ ဖြေကြားထားခဲ့ပါတယ်။

နေတိုးက ဗိုလ်ကြီးကေနဲ့ ပွဲတက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း “ဆံပင်စတိုင်က တစ်မျိုးဖြစ်တာတော့မဟုတ်ဘူး။ ကျွန်တော်အိမ်မှာနေတဲ့ ပုံစံပေါ့နော်။ ဒီလိုပုံစံလေးနဲ့ သွားလိုက်ရင်ကောင်းမလားဆိုပြီး စဉ်းစားတယ်။ အိမ်နေရင်းဖြစ်တဲ့အတွက်ကြောင့် အခြားရှုတင်ကလာတာလည်းမဟုတ်တဲ့အတွက် အိမ်နေရင်းပုံစံလေးနဲ့ဆို ဒီပွဲလေးက အဆန်းလေးဖြစ်မယ်၊ ပရိသတ်အမြင်မှာ နည်းနည်းဆန်းသွားမယ်ဆိုပြီး အိမ်နေတဲ့ဆံပင်ပုံစံလေးနဲ့ပေါ့။ ဆံပင်ပုံစံတစ်ခုပဲ အိမ်နေရင်းပုံစံပါ ဝတ်စားဆင်ယင်မှုကတော့ အိမ်နေရင်းပုံစံမဟုတ်ဘူး”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

ကိုသားကြီးရဲ့ရှုတင်တွေသွားလည်ဖူးတဲ့အမှတ်တရတွေကိုလည်း နေတိုးက “ကျွန်တော်တို့ သရုပ်ဆောင်အငယ်ဘဝက သရုပ်ဆောင်အကြီးကြီးတွေရှိန်တာမျိုးတွေရှိပါတယ်။ ကျွန်တော် အဲဒီတုန်းက ကိုလွင်မိုးတို့ရှုတင်တွေဘာတွေသွားလည်တယ်။ ကိုသားကြီးတို့နဲ့ ကားတွေဘာတွေရိုက်တဲ့အချိန်မျိုးတွေမှာ မင်းသမီးကြီးတွေနဲ့ ကြော်ငြာတွေဘာတွေရိုက်တဲ့အချိန်မျိုးတွေမှာ ကျွန်တော်တို့က တစ်သက်လုံး TV ထဲမှာပဲ မြင်ဖူးခဲ့တာလေ။ အဲ့တော့ ချက်ချင်းကြီး မကြည့်ရဲတာမျိုးတွေဘာတွေရှိတာပေါ့။ ကျွန်တော်တို့က အသစ်နဲ့ အဟောင်းရဲ့ အဲ့လိုမျိုးလေးတွေရှိန်တာလေးတွေပေါ့နော်။ အဲ့လိုမျိုးပေါ့”လို့ ပြောပြသွားပါတယ်။

Zawgyi

ပရိသတ္ေတြခ်စ္တဲ့ မင္းသားေနတိုးကေတာ့ သရုပ္ေဆာင္ ေကာင္းသူမို႔ မွတ္ခ်က္ေကာင္းေတြပဲ အျမဲတမ္း သိမ္းပိုက္ထားသူျဖစ္ျပီး လက္ရွိမွာအနုပညာအလုပ္ေတြဇယ္ဆက္သလိုလုပ္ေနရတဲ့ အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ေနတိုးက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေအာင္ျမင္မႈကုိ ကာလရွည္ၾကာ ထိန္းထားနုိင္ရျခင္းရဲ႕ လ်ိဳ႕ဝွက္ခ်က္ကုိေျပာျပရင္းနဲ႔ ငယ္ငယ္တုန္းက ကုိသားၾကီးနဲ႔ အမွတ္တရေတြကုိ ျပန္ေျပာင္းေအာက္ေမ့ျပီး ေျပာျပသြားခဲ့ပါတယ္။

ေနတုိးက ဒီလိုၾကာရွည္စြာရပ္တည္ေနနိုင္ဖို႔အတြက္ ၾကိဳးစားမႈကအေရးပါေၾကာင္း “ကြ်န္ေတာ္တို႔က ၾကိဳးစားရတာကုိေပ်ာ္ေနတာေလ။ ဆိုေတာ့ ဒီၾကိဳးစားမႈကလည္း တစ္နည္းအားျဖင့္ျပန္ၾကည့္မယ္ဆိုရင္ ဒီလိုမ်ိဳး ၾကာရွည္စြာရပ္တည္နုိင္ဖို႔အတြက္ ၾကိဳးစားအားထုတ္မႈက နံပါတ္တစ္အေရးၾကီးတယ္။ ၾကိဳးစားအားထုတ္မႈက ကုိယ့္ကုိအျမဲတမ္းအားေပးေနတဲ့ ပရိသတ္အတြက္ အသစ္အဆန္းျဖစ္ေအာင္ ရသအသစ္အဆန္းေလးေတြခ်ျပနုိင္ဖို႔ၾကိဳးစားေနရတာျဖစ္တဲ့အတြက္ေၾကာင့္ ၾကည့္ရႈအားေပးတဲ့ ပရိသတ္ကုိကြ်န္ေတာ္က ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ၾကိဳးစားမႈရွိမွလည္း ဘဝရွင္သန္မႈကအျမဲတမ္းရွင္သန္မွာျဖစ္တဲ့အတြက္ေၾကာင့္ ၾကိဳးစားရတာလည္း ေက်နပ္ပါတယ္”လို႔ ေျဖၾကားထားခဲ့ပါတယ္။

ေနတိုးက ဗိုလ္ၾကီးေကနဲ႔ ပြဲတက္လာတာနဲ႔ ပတ္သက္ျပီးေတာ့လည္း “ဆံပင္စတိုင္က တစ္မိ်ဳးျဖစ္တာေတာ့မဟုတ္ဘူး။ ကြ်န္ေတာ္အိမ္မွာေနတဲ့ ပံုစံေပါ့ေနာ္။ ဒီလိုပံုစံေလးနဲ႔ သြားလိုက္ရင္ေကာင္းမလားဆိုျပီး စဥ္းစားတယ္။ အိမ္ေနရင္းျဖစ္တဲ့အတြက္ေၾကာင့္ အျခားရႈတင္ကလာတာလည္းမဟုတ္တဲ့အတြက္ အိမ္ေနရင္းပံုစံေလးနဲ႔ဆို ဒီပြဲေလးက အဆန္းေလးျဖစ္မယ္၊ ပရိသတ္အျမင္မွာ နည္းနည္းဆန္းသြားမယ္ဆိုျပီး အိမ္ေနတဲ့ဆံပင္ပံုစံေလးနဲ႔ေပါ့။ ဆံပင္ပံုစံတစ္ခုပဲ အိမ္ေနရင္းပံုစံပါ ဝတ္စားဆင္ယင္မႈကေတာ့ အိမ္ေနရင္းပံုစံမဟုတ္ဘူး”လို႔ ရယ္ေမာရင္းေျဖၾကားထားပါတယ္။

ကုိသားၾကီးရဲ႕ရႈတင္ေတြသြားလည္ဖူးတဲ့အမွတ္တရေတြကုိလည္း ေနတိုးက “ကြ်န္ေတာ္တို႔ သရုပ္ေဆာင္အငယ္ဘဝက သရုပ္ေဆာင္အၾကီးၾကီးေတြရွိန္တာမ်ိဳးေတြရွိပါတယ္။ ကြ်န္ေတာ္ အဲဒီတုန္းက ကုိလြင္မိုးတို႔ရႈတင္ေတြဘာေတြသြားလည္တယ္။ ကုိသားၾကီးတို႔နဲ႔ ကားေတြဘာေတြရိုက္တဲ့အခ်ိန္မ်ိဳးေတြမွာ မင္းသမီးၾကီးေတြနဲ႔ ေၾကာ္ျငာေတြဘာေတြရိုက္တဲ့အခ်ိန္မ်ိဳးေတြမွာ ကြ်န္ေတာ္တို႔က တစ္သက္လံုး TV ထဲမွာပဲ ျမင္ဖူးခဲ့တာေလ။ အဲ့ေတာ့ ခ်က္ခ်င္းၾကီး မၾကည့္ရဲတာမ်ိဳးေတြဘာေတြရွိတာေပါ့။ ကြ်န္ေတာ္တို႔က အသစ္နဲ႔ အေဟာင္းရဲ႕ အဲ့လိုမ်ိဳးေလးေတြရွိန္တာေလးေတြေပါ့ေနာ္။ အဲ့လိုမ်ိဳးေပါ့”လို႔ ေျပာျပသြားပါတယ္။