ေနတိုးကုိ ျမတ္ျမတ္နိုးနိုး ခ်စ္တဲ့စိတ္ကုိ ရင္ဖြင့္သြားတဲ့ မိစႏၵီ

မိစန္ဒီဟာ ကလေးလေးလို ချစ်စရာသိပ်ကောင်းတဲ့ ကလေးမျက်နှာနဲ့ ဖြူစင်အပြစ်ကင်းတဲ့ အပြုံးပိုင်ရှင်လေးဖြစ်ပြီး ဂီတလောကမှာ အခိုင်အမာနေရာတစ်ခုရရှိထားသူပါ။ ဂီတလောကသားတွေရဲ့ လူချစ်လူခင်များပြီး အချစ်ခံရသူလေးဖြစ်တဲ့မိစန္ဒီက တေးသံရှင်တိုင်းနဲ့ အဆင်ပြေစွာနေထိုင်ဆက်ဆံတတ်ပြီး အလုပ်တွေလည်း အတူတူလုပ်တတ်သလို ရုပ်ချောသဘောကောင်းအနုပညာရှင်လေးမို့ပရိသတ်တွေက လေးစားပြီး အားပေးချစ်ခင်နေကြတယ်ဆိုရင်လည်းမမှားပါဘူး။

“မင်းရဲ့ မမ က ထက်မြက်တဲ့ မိန်းမရစ်တတ်တယ်ဆိုတာ မနဲ့ မအပ်စပ်တဲ့ ကိစ္စ”ဆိုတဲ့ မိစန္ဒီရဲ့ ဈေးဗန်းခင်းမယ်သီချင်းလေးဟာလည်း ပရိသတ်တွေကြားမှာအတော်လေးပေါက်ပြီး ပရိသတ်အားပေးမှူအပြည့်အဝရရှိထားတယ်လို့ ဆိုရမှာပါ။ မိစန္ဒီဟာ နေတိုးရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဟိုးအရင်ထဲက သူအားပေးရတဲ့ နေတိုးနဲ့အတူတူ MTV လေးလည်းရိုက်ထားခဲ့ပါသေးတယ်။ မိစန္ဒီက နေတိုးကို အားပေးပြီးချစ်ရတဲ့ စိတ်ကို မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြသွားခဲ့ပါတယ်။

မိစန္ဒီက နေတိုးကို ရည်းစားဖြစ်ချင်တဲ့ စိတ်မျိုးနဲ့ ချစ်တာမဟုတ်ဘူးလို့ “crush တယ်ဆိုတာက ငယ်ငယ်ကတည်းက ကိုနေတိုးက မိစန္ဒီတု့ိ သီချင်းစမဆိုခင်ကတည်းကလည်း ပေါ်နေတယ်။ ကိုယ်ကလည်း ငယ်ငယ်ထဲက အရမ်းသဘောကျပြီး တကယ်အားပေးရတဲ့မင်းသား။ ကိုနေတိုးကို မိစန္ဒီက 1500 ကြီးနဲ့ ရည်းစားဖြစ်ချင်တဲ့ စိတ်မျိုးနဲ့ ချစ်တာမဟုတ်ဘူး။ အနုပညာသမားကို ကိုယ်တကယ်အားပေးတဲ့ မင်းသားတစ်ယောက်အနေနဲ့ မြတ်မြတ်နိုးနိုးချစ်တာပေ့ါနော်။ သူ့ကို တွေ့ရင်တောင် အစ်ကိုနေကောင်းလား.. အဲ့လောက်ပဲ။ စကားမပြောရဲပါဘူး။ မိစန္ဒီကကြောက်တတ်တယ်။ ကိုယ်အားပေးတဲ့အနုပညာရှင်တွေဆို ငယ်ငယ်ထဲက အခုအချိန်ထိ ရှိန်တယ်။ စကားမပြောရဲဘူး”လို့ ပြောပြထားပါတယ်။

မိစန္ဒီက နေတိုးရဲ့ လေးစားစရာအချက်လေးတွေကိုလည်း ပြောပြသွားပါသေးတယ်။ “ကိုနေတိုးက ပန်းပုတွေဘာတွေလည်းထုတတ်တယ်။ ပန်းချီလည်း ဆွဲတတ်တယ်။ သီချင်းဆိုတာလည်းကောင်းတယ်။ အချိန်လည်းအရမ်းတိကျတယ်။ အလုပ်လုပ်ရတာလည်းအရမ်းအဆင်ပြေတယ်။ ကြည့်နေတာပေ့ါနော်။ အချိန်လည်း လေးစားတယ်။ ဘယ်တော့မှလည်း မညည်းဘူး။ ဘယ်တော့မှလည်း မချေဘူး။ သူ့ကိုကြည့်လိုက်ရင်အရမ်းအေးချမ်းတယ်။အင်တာဗျူးတွေဘာတွေဖြေတယ်ဆိုရင်လည်း သူဘယ်လိုမေးခွန်းမျိုးကိုမဆို တည်ငြိမ်စွာနဲ့ ရင်ဆိုင်တတ်တယ်။ တကယ်ကို တရားသမားလို့တောင် ထင်တယ်ပေါ့နော်။ သူ့ကိုလေ အရမ်းကို။ သူက ဘာမှလောဘတွေလည်းရှိမယ့်ပုံမပေါ်ဘူး။ crush တယ်ဆိုတာထက် မိစန္ဒီ အရမ်းလေးစားတယ်။ အနုပညာဘက်မှာရော စိတ်နေစိတ်ထားရော၊ သူ့ရဲ့ တည်ငြိမ်မှုတွေရော မိစန္ဒီအရမ်းသဘောကျပါတယ်”လို့ ရင်ဖွင့်သွားခဲ့ပါသေးတယ်။

Zawgyi

မိစႏၵီဟာ ကေလးေလးလို ခ်စ္စရာသိပ္ေကာင္းတဲ့ ကေလးမ်က္ႏွာနဲ႔ ျဖဴစင္အျပစ္ကင္းတဲ့ အၿပဳံးပိုင္ရွင္ေလးျဖစ္ၿပီး ဂီတေလာကမွာ အခိုင္အမာေနရာတစ္ခုရရွိထားသူပါ။ ဂီတေလာကသားေတြရဲ႕ လူခ်စ္လူခင္မ်ားၿပီး အခ်စ္ခံရသူေလးျဖစ္တဲ့မိစႏၵီက ေတးသံရွင္တိိုင္းနဲ႔ အဆင္ေျပစြာေနထိုင္ဆက္ဆံတတ္ၿပီး အလုပ္ေတြလည္း အတူတူလုပ္တတ္သလို ႐ုပ္ေခ်ာသေဘာေကာင္းအႏုပညာ႐ွင္ေလးမို႔ပရိသတ္ေတြက ေလးစားၿပီး အားေပးခ်စ္ခင္ေနၾကတယ္ဆိုရင္လည္းမမွားပါဘူး။

“မင္းရဲ႕ မမ က ထက္ျမက္တဲ့ မိန္းမရစ္တတ္တယ္ဆိုတာ မနဲ႔ မအပ္စပ္တဲ့ ကိစၥ”ဆိုတဲ့ မိစႏၵီရဲ႕ ေစ်းဗန္းခင္းမယ္သီခ်င္းေလးဟာလည္း ပရိသတ္ေတြၾကားမွာအေတာ္ေလးေပါက္ၿပီး ပရိသတ္အားေပးမႉအျပည့္အဝရ႐ွိထားတယ္လို႔ ဆိုရမွာပါ။ မိစႏၵီဟာ ေနတိုးရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ျပီး ဟုိးအရင္ထဲက သူအားေပးရတဲ့ ေနတိုးနဲ႔အတူတူ MTV ေလးလည္းရုိ္က္ထားခဲ့ပါေသးတယ္။ မိစႏၵီက ေနတိုးကုိ အားေပးျပီးခ်စ္ရတဲ့ စိတ္ကုိ မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျပာျပသြားခဲ့ပါတယ္။

မိစႏၵီက ေနတိုးကို ရည္းစားျဖစ္ခ်င္တဲ့ စိတ္မ်ိဳးနဲ႔ ခ်စ္တာမဟုတ္ဘူးလို႔ “crush တယ္ဆိုတာက ငယ္ငယ္ကတည္းက ကုိေနတိုးက မိစႏၵီိတု႔ိ သီခ်င္းစမဆုိခင္ကတည္းကလည္း ေပၚေနတယ္။ ကုိယ္ကလည္း ငယ္ငယ္ထဲက အရမ္းသေဘာက်ျပီး တကယ္အားေပးရတဲ့မင္းသား။ ကုိေနတိုးကုိ မိစႏၵီက 1500 ၾကီးနဲ႔ ရည္းစားျဖစ္ခ်င္တဲ့ စိတ္မ်ိဳးနဲ႔ ခ်စ္တာမဟုတ္ဘူး။ အနုပညာသမားကို ကုိယ္တကယ္အားေပးတဲ့ မင္းသားတစ္ေယာက္အေနနဲ႔ ျမတ္ျမတ္နိုးနိုးခ်စ္တာေပ့ါေနာ္။ သူ႔ကုိ ေတြ႕ရင္ေတာင္ အစ္ကုိေနေကာင္းလား.. အဲ့ေလာက္ပဲ။ စကားမေျပာရဲပါဘူး။ မိစႏၵီကေၾကာက္တတ္တယ္။ ကုိယ္အားေပးတဲ့အနုပညာရွင္ေတြဆို ငယ္ငယ္ထဲက အခုအခ်ိန္ထိ ရွိန္တယ္။ စကားမေျပာရဲဘူး”လို႔ ေျပာျပထားပါတယ္။

မိစႏၵီက ေနတိုးရဲ႕ ေလးစားစရာအခ်က္ေလးေတြကုိလည္း ေျပာျပသြားပါေသးတယ္။ “ကုိေနတိုးက ပန္းပုေတြဘာေတြလည္းထုတတ္တယ္။ ပန္းခ်ီလည္း ဆြဲတတ္တယ္။ သီခ်င္းဆိုတာလည္းေကာင္းတယ္။ အခ်ိန္လည္းအရမ္းတိက်တယ္။ အလုပ္လုပ္ရတာလည္းအရမ္းအဆင္ေျပတယ္။ ၾကည့္ေနတာေပ့ါေနာ္။ အခ်ိန္လည္း ေလးစားတယ္။ ဘယ္ေတာ့မွလည္း မညည္းဘူး။ ဘယ္ေတာ့မွလည္း မေခ်ဘူး။ သူ႔ကုိၾကည့္လိုက္ရင္အရမ္းေအးခ်မ္းတယ္။အင္တာဗ်ဴးေတြဘာေတြေျဖတယ္ဆိုရင္လည္း သူဘယ္လိုေမးခြန္းမ်ဳိးကုိမဆို တည္ျငိမ္စြာနဲ႔ ရင္ဆိုင္တတ္တယ္။ တကယ္ကုိ တရားသမားလို႔ေတာင္ ထင္တယ္ေပါ့ေနာ္။ သူ႔ကုိေလ အရမ္းကုိ။ သူက ဘာမွေလာဘေတြလည္းရွိမယ့္ပံုမေပၚဘူး။ crush တယ္ဆိုတာထက္ မိစႏၵီ အရမ္းေလးစားတယ္။ အနုပညာဘက္မွာေရာ စိတ္ေနစိတ္ထားေရာ၊ သူ႔ရဲ႕ တည္ျငိမ္မႈေတြေရာ မိစႏၵီအရမ္းသေဘာက်ပါတယ္”လို႔ ရင္ဖြင့္သြားခဲ့ပါေသးတယ္။