ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိရောက်စွာ ကူညီလှူဒါန်းခဲ့တဲ့ ဘီတာဒိုင်း

အချိန်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးရဲ့ ဒဏ်ကို ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အထိနာနေအောင် ခံစားနေခဲ့ကြရပြီး အစိုးရတွေ ကျန်းမာရေးဝန်ထမ်းတွေအကူအညီနဲ့ တစ်ကမ္ဘာလုံးက လူတွေဟာ ဒီကပ်ရောဂါကြီးကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကာလတွေပါ။ မြန်မာနိုင်ငံဟာလည်း Covid 19 ကပ်ရောဂါကြီးရဲ့ ဒဏ်ကို ပြေးမလွတ်အောင်ခံစားနေရပြီး အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီး ဒီကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေရတဲ့အခြေအနေပါ။ အခုလို အခြေအနေမှာ တစ်ယောက်နဲ့ တစ်ယောက်ဖေးမ ကူညီ ရင်း စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ အားတင်းရှေ့ဆက်နေကြရတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အခု ကြုံတွေ့နေရတဲ့ ကပ်ဘေးကို ပြည်သူတွေရဲ့ ရှေ့ကနေ ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကာကွယ်ပေးနေတဲ့ သူတွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေလို့ဆိုရမှာပါ။ ဆေးရုံတွေ မှာ တာဝန်ထမ်းဆောင်နေရကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါပိုးကူးစက်နိုင်တဲ့ အနေအထားတွေထဲမှာပဲ နိုင်ငံအတွက် ရှေ့တန်းကနေ ကြိုးစားကာကွယ်နေကြရတာပါ။ ဘီတာဒိုင်းကလည်း တစ်မျိုးသားလုံးရှေ့က မားမားမတ်မတ်ရပ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ပေးနေတဲ့ အဆိုပါ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို တစ်ဖက်တစ်လမ်းက အကူအညီပေးတဲ့အနေနဲ့ ဆေးတွေလိုက်လံလှူဒါန်းခဲ့ကြောင်းသိရပါတယ်။

ဘီတာဒိုင်းကနေ အခုလက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 အရေးမှာ တာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းဆရာဝန်တွေအတွက် အသက်ရှုလမ်းကြောင်းမှ တဆင့် ပိုးတွေမဝင်အောင် ကာကွယ်နိုင်ဖို့ ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးနိုင်တဲ့ဆေးတွေဖြစ်တဲ့ ပလုပ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖျန်းဆေး (လူကြီး/ကလေး) တွေကို လိုက်လံလှူဒါန်းခဲ့တာပါ။ လှူဒါန်းရာမှာလည်း ကျန်းမာရေးဝန်ထမ်းဆရာဝန်သာမက မိသားစုလိုက် ဂရုစိုက်ကာကွယ်နိုင်စေဖို့ ဆေးရုံက ဆရာဝန်တွေ အတွက် ဘီတာဒိုင်း ပလုတ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖျန်းဆေး (လူကြီး) တွေကို လှူဒါန်းခဲ့ပြီး ဆရာဝန်များရဲ့ သားသမီးတွေအတွက်လည်း ဘီတာဒိုင်း နှာခေါင်းဖျန်းဆေး (ကလေး)ကိုပါ တစ်ပါတည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လေ့လာချက်များအရ Betadine မှာ ပါဝင်တဲ့ ပိုဗီဒုန်း အိုင်အိုဒင်း ဟာ SARS-CoV and MERS-CoV ကဲ့သို့ Corona virus ကို ပိုးသတ်အာနိသင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်။

အခုလို ဆေးရုံတွေအထိ သွားရောက်လှူဒါန်းခဲ့တာတွေကို အများပြည်သူ သာဓုခေါ်ဆိုနိုင်အောင် ဘီတာဒိုင်း facebook page ကနေ ဖော်ပြပေးထားခဲ့တာကိုလည်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၄)ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မန္တလေး ပြည်သူ့ဆေးရုံကြီးနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက် သွားရောက်လှူဒါန်းခဲ့ပြီး ဧပြီလ (၈) ရက်နေ့မှာတော့ ဝေဘာဂီဆေးရုံ၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊အင်းစိန် ပြည်သူ့ဆေးရုံကြီး နဲ့ မန္တလေး ခုတင် (၃၀၀) ဆေးရုံကြီးတွေကိုလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဆေးရုံအသီးသီး ကိုသွားရောက်ကာ ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးနိုင်တဲ့ ဘီတာဒိုင်းဆေးတွေကို စုစုပေါင်း သိန်း ၂၇၀ ဖိုး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖော်ပြပါ ဆေးရုံတွေကို လှူဒါန်းခဲ့တာ ဖြစ်ပြီး ဆက်လက်ပြီးတော့လည်းတခြားသော လိုအပ်နေတဲ့ နယ်ဆေးရုံတွေ အထိ လိုက်လံလှူဒါန်းသွားဖို့လည်းရှိနေတယ်လို့လည်းသိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ covid-19 ရောဂါပိုးဟာ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်တာကြောင့် လက်ဆေးတာနဲ့ mask တပ်တာအပြင် အသက်ရှုလမ်းကြောင်းနဲ့ ခံတွင်းကိုလည်း ပိုးတွေမဝင်နိုင်အောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ ပြောချင်လွန်းလို့ရဲ့ ပရိသတ်တွေ အားလုံးလည်း Covid 19 ကပ်ရောဂါ ကူးစက်ခြင်းမခံရဖို့ ထိထိရောက်ရောက်ဂရုစိုက်ကာကွယ်ရင်း ဒီကပ်ဘေးကနေ အမြန်ဆုံး ကင်းလွတ်နိုင်ဖို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

Zawgyi

အခ်ိန္နဲ႔အမွ် ၿခိမ္းေျခာက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီးရဲ႕ ဒဏ္ကို ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားဟာ အထိနာေနေအာင္ ခံစားေနခဲ့ၾကရၿပီး အစိုးရေတြ က်န္းမာေရးဝန္ထမ္းေတြအကူအညီနဲ႔ တစ္ကမာၻလုံးက လူေတြဟာ ဒီကပ္ေရာဂါႀကီးကို ရင္ဆိုင္တိုက္ခိုက္ေနရတဲ့ ကာလေတြပါ။ ျမန္မာႏိုင္ငံဟာလည္း Covid 19 ကပ္ေရာဂါႀကီးရဲ႕ ဒဏ္ကို ေျပးမလြတ္ေအာင္ခံစားေနရၿပီး အစိုးရနဲ႔ က်န္းမာေရးဝန္ထမ္းေတြပူးေပါင္းၿပီး ဒီကပ္ေရာဂါႀကီးကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားေနရတဲ့အေျခအေနပါ။ အခုလို အေျခအေနမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ေဖးမ ကူညီ ရင္း စိတ္ဓာတ္ ခိုင္ခိုင္မာမာနဲ႔ အားတင္းေရွ႕ဆက္ေနၾကရတာပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ အခု ႀကဳံေတြ႕ေနရတဲ့ ကပ္ေဘးကို ျပည္သူေတြရဲ႕ ေရွ႕ကေန ႀကံ့ႀကံ့ခံ ရင္ဆိုင္ၿပီး ကာကြယ္ေပးေနတဲ့ သူေတြကေတာ့ က်န္းမာေရး ဝန္ထမ္းေတြလို႔ဆိုရမွာပါ။ ေဆး႐ုံေတြ မွာ တာဝန္ထမ္းေဆာင္ေနရၾကရတဲ့ က်န္းမာေရးဝန္ထမ္းေတြဟာ ေရာဂါပိုးကူးစက္ႏိုင္တဲ့ အေနအထားေတြထဲမွာပဲ ႏိုင္ငံအတြက္ ေရွ႕တန္းကေန ႀကိဳးစားကာကြယ္ေနၾကရတာပါ။ ဘီတာဒိုင္းကလည္း တစ္မ်ိဳးသားလုံးေရွ႕က မားမားမတ္မတ္ရပ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ထုတ္ေပးေနတဲ့ အဆိုပါ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေဆး႐ုံေဆးခန္းေတြကို တစ္ဖက္တစ္လမ္းက အကူအညီေပးတဲ့အေနနဲ႔ ေဆးေတြလိုက္လံလႉဒါန္းခဲ့ေၾကာင္းသိရပါတယ္။

ဘီတာဒိုင္းကေန အခုလက္ရွိျဖစ္ေပၚေနတဲ့ Covid-19 အေရးမွာ တာဝန္ထမ္းေဆာင္ေနရတဲ့ က်န္းမာေရးဝန္ထမ္းဆရာဝန္ေတြအတြက္ အသက္ရႈလမ္းေၾကာင္းမွ တဆင့္ ပိုးေတြမဝင္ေအာင္ ကာကြယ္ႏိုင္ဖို႔ ခံတြင္းနဲ႔ အသက္ရႉလမ္းေၾကာင္းကို ကာကြယ္ေပးႏိုင္တဲ့ေဆးေတြျဖစ္တဲ့ ပလုပ္က်င္းေဆးရည္နဲ႔ ႏွာေခါင္းဖ်န္းေဆး (လူႀကီး/ကေလး) ေတြကို လိုက္လံလႉဒါန္းခဲ့တာပါ။ လႉဒါန္းရာမွာလည္း က်န္းမာေရးဝန္ထမ္းဆရာဝန္သာမက မိသားစုလိုက္ ဂ႐ုစိုက္ကာကြယ္ႏိုင္ေစဖို႔ ေဆး႐ုံက ဆရာဝန္ေတြ အတြက္ ဘီတာဒိုင္း ပလုတ္က်င္းေဆးရည္နဲ႔ ႏွာေခါင္းဖ်န္းေဆး (လူႀကီး) ေတြကို လႉဒါန္းခဲ့ၿပီး ဆရာဝန္မ်ားရဲ႕ သားသမီးေတြအတြက္လည္း ဘီတာဒိုင္း ႏွာေခါင္းဖ်န္းေဆး (ကေလး)ကိုပါ တစ္ပါတည္း လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ေလ့လာခ်က္မ်ားအရ Betadine မွာ ပါဝင္တဲ့ ပိုဗီဒုန္း အိုင္အိုဒင္း ဟာ SARS-CoV and MERS-CoV ကဲ့သို႔ Corona virus ကို ပိုးသတ္အာနိသင္ ထိေရာက္မႈရွိေၾကာင္း ေတြ႕ရွိရပါတယ္။

အခုလို ေဆး႐ုံေတြအထိ သြားေရာက္လႉဒါန္းခဲ့တာေတြကို အမ်ားျပည္သူ သာဓုေခၚဆိုႏိုင္ေအာင္ ဘီတာဒိုင္း facebook page ကေန ေဖာ္ျပေပးထားခဲ့တာကိုလည္းေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ (၄)ရက္ေန႔က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးနဲ႔ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံႀကီးေတြက က်န္းမာေရးဝန္ထမ္းေတြအတြက္ သြားေရာက္လႉဒါန္းခဲ့ၿပီး ဧၿပီလ (၈) ရက္ေန႔မွာေတာ့ ေဝဘာဂီေဆး႐ုံ၊ သဃၤန္းကြၽန္း စံျပေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီး၊အင္းစိန္ ျပည္သူ႔ေဆး႐ုံႀကီး နဲ႔ မႏၲေလး ခုတင္ (၃၀၀) ေဆး႐ုံႀကီးေတြကိုလည္း သြားေရာက္လႉဒါန္းခဲ့ပါတယ္။ ေဆး႐ုံအသီးသီး ကိုသြားေရာက္ကာ ခံတြင္းနဲ႔ အသက္ရႉလမ္းေၾကာင္းကို ကာကြယ္ေပးႏိုင္တဲ့ ဘီတာဒိုင္းေဆးေတြကို စုစုေပါင္း သိန္း ၂၇၀ ဖိုး လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေဖာ္ျပပါ ေဆး႐ုံေတြကို လႉဒါန္းခဲ့တာ ျဖစ္ၿပီး ဆက္လက္ၿပီးေတာ့လည္းတျခားေသာ လိုအပ္ေနတဲ့ နယ္ေဆး႐ုံေတြ အထိ လိုက္လံလႉဒါန္းသြားဖို႔လည္းရွိေနတယ္လို႔လည္းသိရပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ covid-19 ေရာဂါပိုးဟာ အသက္ရႈလမ္းေၾကာင္းကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါပိုးျဖစ္တာေၾကာင့္ လက္ေဆးတာနဲ႔ mask တပ္တာအျပင္ အသက္ရႈလမ္းေၾကာင္းနဲ႔ ခံတြင္းကိုလည္း ပိုးေတြမဝင္ႏိုင္ေအာင္ ကာကြယ္ဖို႔ကလည္း အေရးႀကီးပါတယ္။ ေျပာခ်င္လြန္းလို႔ရဲ႕ ပရိသတ္ေတြ အားလုံးလည္း Covid 19 ကပ္ေရာဂါ ကူးစက္ျခင္းမခံရဖို႔ ထိထိေရာက္ေရာက္ဂ႐ုစိုက္ကာကြယ္ရင္း ဒီကပ္ေဘးကေန အျမန္ဆုံး ကင္းလြတ္ႏိုင္ဖို႔လည္း ဆုေတာင္းေပးလိုက္ရပါတယ္။