ချစ်ခင်ပွန်း Ah Boy ပထမဆုံးလာကြူတုန်းက စာလေးတွေကို ထုတ်ကြွားလိုက်တဲ့ မြတ်ရတနာကျော်

Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံလေးဟာ အသက်ကွာခြားချက်အနည်းငယ်ရှိပေမယ့် ချစ်ဖို့ကောင်းပြီး ပရိသတ်တွေ သည်းသည်းလှုပ်ရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ လက်ရှိမှာ Ah Boy နဲ့ မြတ်ရတနာကျော်က အရမ်းချစ်ဖို့ကောင်းတဲ့ ဖြူဖြူဖောင်းဖောင်းလုံးလုံးကစ်ကစ်သမီးလေး မွေးထားပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။

မကြာသေးမီက မြတ်ရတနာကျော်က သူတို့စုံတွဲလေးကို အားကျနေကြတဲ့ ပရိသတ်တွေအတွက် ချစ်ခင်ပွန်း Ah Boy က သူမကို ပထမဆုံးစကားလာပြောတုန်းက ပုံလေးတွေကို တင်ပေးလိုက်တာတွေ့ရပါတယ်။ Ah Boy က 2016 ခုနစ် နှစ်စမှာ မြတ်ရတနာကျော်ကို စပြီး စကားသွားပြောခဲ့တာဖြစ်ပြီး ပထမဆုံးပို့တဲ့ စာလေးက ချစ်ရသူကို ချီးကျူးတဲ့ စာလေးပါ။ လွှမ်းပိုင်ရဲ့ music video မှာ သရုပ်ဆောင်ထားတာ အရမ်းမိုက်ပါတယ်တဲ့။ အဲဒီနောက်မှာ Ah Boy က ကောင်မလေးမှာ ချစ်သူရှိမရှိ ကျင်လည်စွာစုံစမ်းခဲ့ပြီး အချင်းချင်းမရင်းနှီးခင် ပထမဆုံးပြောတဲ့စာလေးတွေမှာတင် ချစ်တဲ့ အငွေ့အသက်တွေပါနေတာ တွေ့ရမှာပါ။

မြတ်ရတနာကျော်က အဲဒီစာလေးတွေကို screenshots လေးတွေနဲ့တင်ပေးထားခဲ့တာဖြစ်ပြီး ချစ်သူဖြစ်ခါစမှာ Ah Boy ရဲ့ချစ်သူစကားကိုမြေဝယ်မကျနားထောင်ပုံကိုလည်း ကြွားထားလိုက်ပါသေးတယ်။ မြတ်ရတနာကျော်က screenshot လေးတွေနဲ့အတူ “သင်တို့ရော် ဖူးစာရှင်နဲ့ တွေ့ပြီးပြီလား ဖူးစာရှင်အစစ်နဲ့ ပထမဆုံး message က ဘာတဲ့လဲ တင်စရာ ပုံ တွေ မရှိတော့လို့ Ko Ah Boy လာကြူစဉ် အခါ က စာလေးတွေ ပြန်လည် ရှာဖွေ တင်ဆက်လိုက်ပါတယ် ယော်ဘော ဆားရားငဲရော်နော် ချာဂီးရားရဲ့ အိုပါးတွေကိုလည်း ချစ်ပေးရမယ်နော် ယော်ဘော”လို့ ချစ်စရာကောင်းစွာပြောထားတာကိုလည်းတွေ့ရပါတယ်။ Ah Boy ကတော့ အဲဒီပိုစ့်လေးအောက်မှာ “ဟာ ဒါတွေတင်စရာလား”လို့ အရှက်သည်းတဲ့ comment လေးပေးထားတာတွေ့ရပြီး ပရိသတ်တွေနဲ့ သူငယ်ချင်းတွေက စနောက်တဲ့ comment တွေပေးထားသလို အားကျတဲ့ comment တွေကိုလည်း အများအပြား တွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Ah Boy နဲ့ မြတ်ရတနာကျော်တို့ကို ဖူးစာဆုံစေခဲ့တဲ့ ပထမဆုံးစကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော Ah Boy တို့မိသားစုလေးကိုချစ်ကြလား။ ကပ်ရောဂါကြီးအတွင်းမှာ ကိုယ့်မိသားစုတွေနဲ့ ချစ်ခြင်းမေတ္တာတွေအပြည့်အဝပေးပြီး အပြန်အလှန်ဂရုစိုက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Zawgyi

Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔ ဇနီးေမာင္နွံေလးဟာ အသက္ကြာျခားခ်က္အနည္းငယ္ရွိေပမယ့္ ခ်စ္ဖို႔ေကာင္းျပီး ပရိသတ္ေတြ သည္းသည္းလႈပ္ရတဲ့ စံုတြဲေလးျဖစ္ပါတယ္။ လက္ရွိမွာ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္က အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ျဖဴျဖဴေဖာင္းေဖာင္းလံုးလံုးကစ္ကစ္သမီးေလး ေမြးထားျပီး ေပ်ာ္ရႊင္တဲ့ အိ္မ္ေထာင္ေရးေလးကုိ တည္ေဆာက္ထားတာလည္းျဖစ္ပါတယ္။

မၾကာေသးမီက ျမတ္ရတနာေက်ာ္က သူတို႔စံုတြဲေလးကုိ အားက်ေနၾကတဲ့ ပရိသတ္ေတြအတြက္ ခ်စ္ခင္ပြန္း Ah Boy က သူမကုိ ပထမဆံုးစကားလာေျပာတုန္းက ပံုေလးေတြကုိ တင္ေပးလိုက္တာေတြ႕ရပါတယ္။ Ah Boy က 2016 ခုနစ္ နွစ္စမွာ ျမတ္ရတနာေက်ာ္ကို စျပီး စကားသြားေျပာခဲ့တာျဖစ္ျပီး ပထမဆံုးပို႔တဲ့ စာေလးက ခ်စ္ရသူကို ခ်ီးက်ဴးတဲ့ စာေလးပါ။ လႊမ္းပိုင္ရဲ႕ music video မွာ သရုပ္ေဆာင္ထားတာ အရမ္းမုိက္ပါတယ္တဲ့။ အဲဒီေနာက္မွာ Ah Boy က ေကာင္မေလးမွာ ခ်စ္သူရွိမရွိ က်င္လည္စြာစံုစမ္းခဲ့့ျပီး အခ်င္းခ်င္းမရင္းနွီးခင္ ပထမဆံုးေျပာတဲ့စာေလးေတြမွာတင္ ခ်စ္တဲ့ အေငြ႕အသက္ေတြပါေနတာ ေတြ႕ရမွာပါ။

ျမတ္ရတနာေက်ာ္က အဲဒီစာေလးေတြကို screenshots ေလးေတြနဲ႔တင္ေပးထားခဲ့တာျဖစ္ျပီး ခ်စ္သူျဖစ္ခါစမွာ Ah Boy ရဲ႕ခ်စ္သူစကားကုိေျမဝယ္မက်နားေထာင္ပံုကုိလည္း ၾကြားထားလိုက္ပါေသးတယ္။ ျမတ္ရတနာေက်ာ္က screenshot ေလးေတြနဲ႔အတူ “သင္တို႔ေရာ္ ဖူးစာရွင္နဲ႔ ေတြ႕ၿပီးၿပီလား ဖူးစာရွင္အစစ္နဲ႔ ပထမဆုံး message က ဘာတဲ့လဲ တင္စရာ ပုံ ေတြ မရွိေတာ့လို႔ Ko Ah Boy လာၾကဴစဥ္ အခါ က စာေလးေတြ ျပန္လည္ ရွာေဖြ တင္ဆက္လိုက္ပါတယ္ ေယာ္ေဘာ ဆားရားငဲေရာ္ေနာ္ ခ်ာဂီးရားရဲ႕ အိုပါးေတြကိုလည္း ခ်စ္ေပးရမယ္ေနာ္ ေယာ္ေဘာ”လို႔ ခ်စ္စရာေကာင္းစြာေျပာထားတာကုိလည္းေတြ႕ရပါတယ္။ Ah Boy ကေတာ့ အဲဒီပုိစ့္ေလးေအာက္မွာ “ဟာ ဒါေတြတင္စရာလား”လို႔ အရွက္သည္းတဲ့ comment ေလးေပးထားတာေတြ႕ရျပီး ပရိသတ္ေတြနဲ႔ သူငယ္ခ်င္းေတြက စေနာက္တဲ့ comment ေတြေပးထားသလို အားက်တဲ့ comment ေတြကုိလည္း အမ်ားအျပား ေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔ကုိ ဖူးစာဆံုေစခဲ့တဲ့ ပထမဆံုးစကားေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ Ah Boy တို႔မိသားစုေလးကုိခ်စ္ၾကလား။ ကပ္ေရာဂါၾကီးအတြင္းမွာ ကုိယ့္မိသားစုေတြနဲ႔ ခ်စ္ျခင္းေမတၱာေတြအျပည့္အဝေပးျပီး အျပန္အလွန္ဂရုစိုက္ေပးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။