ကွယ်လွန်ခဲ့ပြီဖြစ်တဲ့မိခင်အတွက် လူမင်းရေးခဲ့တဲ့ ကဗျာလေး

မြန်မာရုပ်ရှင်ပရိသတ်တွေရဲ့ အသည်းကျော်လို့ ဆိုရမယ့် အန်ကယ်လေးကို အားလုံးက အခုထိ ချစ်နေဆဲ၊ အားပေးနေကြဆဲပါ။ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်တွေအပြင် အန်ကယ်လေး ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေအထိ အခုထိ နှစ်ခြိုက်အားပေးနေကြတဲ့ ပရိသတ်ပေါင်းများစွားရှိနေဆဲပါ။

မကြာသေးခင်ကပဲ အသက် ငါးဆယ် ပြည့်သွားခဲ့တဲ့ လူမင်းဟာ မွေးနေ့မှာလည်း ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ရင်း မိသားစုနဲ့ အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ဆယ်ရက် အမေများနေ့မှာတော့ လူမင်းက သူတချိန်က ရေးခဲ့တဲ့ အမေ့အတွက် ကဗျာလေးလို့ ဆိုရမယ့် အမေ့ရင်ခွင်ဆိုတဲ့ ကဗျာလေးကို သူ့ရဲ့ Facebook စာမျက်နှာကနေ အမှတ်တရ ပြန်လည်မျှဝေခဲ့တာပါ။

မိခင်ဖြစ်သူ ကွယ်လွန်ခဲ့တာ ၂၀၀၅ ခုနှစ်ကဖြစ်တာမို့ အခုအချိန်မှာတော့ ကွယ်လွန်ခဲ့တာ ၁၅ နှစ်ရှိခဲ့ပါပြီ။ သူရေးခဲ့တဲ့ ကဗျာလေးကို ဖတ်ပြီး အားလုံးလည်း မျှဝေ ခံစားပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ လူမင်းရဲ့ အမေ့ရင်ခွင်ဆိုတဲ့ ကဗျာလေးကတော့ …

အမေ့ရင်ခွင်
========

ပါးတစ်ဖက်သာ အပ်လို့ရပေမယ့်
တစ်ကိုယ်လုံးမက တစ်ဘဝလုံး လုံခြုံရာ ၊

အရိုးပြိုင်းပြိုင်း ထနေပေမယ့်
ဆင်ပြောင်ဆယ်စီးမက အားမာန်တွေ ပေးနိုင်ရာ ၊

တစ်ထွာတစ်မိုက် ဒီနေရာလေးက
သမုဒ္ဒရာမက မေတ္တာရေတွေ စီးဆင်းရာ ၊

သားအသက် ဘယ်လောက်ပဲ ကြီးလာကြီးလာ
ဒီနေရာရောက်ရင် အမြဲ (၁၂) နှစ် ၊

ဝမ်းတွင်းကတည်းက ဆက်နေတဲ့စိတ်
သားရှုတင်မှာနေပူရင် အမေအိမ်မှာ ရင်ပူသတဲ့ ၊

နို့ပိန်ကလေးကို ဖွဖွကလေးကိုက်ကာ စ,တော့
နာလိုက်တာသားရယ် နဲ့ ရက်ဆက်ပြောနေတာ
သူကြည်နူးနေလို့ ၊

အစာတစ်လုပ် ဟန်လုပ်ကာ မြိုမရပေမယ့်
သား အားပါးတရစားတာကို အမြဲဘေးကထိုင်ကြည့်ချင်သတဲ့လေ ၊

ရှုတင်အသွား နှုတ်ဆက်မသွားရင်
အိမ်ပြန်ရောက်လို့ သူ့ကိုမမေးရင် ချော့ဘို့သာပြင် ၊

အာဝါးပေးလို့ နှုတ်ဆက်သွားရင်
သားကိုခြေဆုံး ခေါင်းဆုံး မျက်စိတစ်ဆုံး လိုက်ကြည့်ပြီး
အမေ့ရင်ထဲက ပြောနေကျစကား သားကြားတာပေါ့
ငါ့သားလေး ပင်ပန်းရှာတယ် တဲ့ ၊

အခု 10:35 am
အမေ ပင်ပန်းနေရှာသလား
နွေးထွေးတဲ့ အမေ့ရင်ခွင်လေး အေးစက်စ ပြုလာပြီ
သားပြောတဲ့စကား အမေမကြားနိုင်တော့ပြီ
သားရွတ်တဲ့ တရားအမေ မခံစားနိုင်တော့ပြီ
စက်မှာပေါ်နေတဲ့ နှလုံးခုန်နှုန်း 59
(ကွန်ပျူတာခေတ်ကြီးဆို)
ငါ့အမေရဲ့ နှလုံးခုန်နှုန်း normal ပြန်လုပ်ပေးပါ ၊

အားလုံးကို ဥပေက္ခာပြုလို့
ဘဝတစ်ပါး အမြန်သွားတော့မလို့လား အမေ
ကောင်းရာဘုံဘဝကအကြိုတော်တွေရောက်လို့နေလားအမေ
သူတို့နဲ့ လွန်ဆွဲလို့ သားတို့ဘဲ ရှုံးရတော့မှာလား အမေ
အမေ ပြနေတဲ့တရား ခုချိန်မှာ ဈာန်မဝင်စားပါရစေနဲ့ ၊

ရှင်တော်မြတ်ဘုရားတောင် လွန်ဆန်မရတဲ့ ဒီလမ်း
အမေ လှမ်းရတော့မယ်ဆိုတော့
တရားနဲ့ဖြေ မပြေနိုင်ပါ
နွမ်းလျ ကျွန်တော့ ရင်တွင်
လွမ်းလှ အမေ့ရင်ခွင် ။ ။

လူမင်း
(၄ .၆. ၂၀၀၅ )
ညနေ ၅ နာရီ ၄၀ မိနစ်တွင်ကျွန်တော်နှင့်တကွ
တစ်လောကလုံးကိုစွန့်ခွါသွားသည် ။

နောက်ထပ်လည်း ဒီလို စိတ်ဝင်စားစရာ သတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားမှာမို့ ပြောချင်လွန်းလို့ ပေ့ချ်ကို ဆက်ပြီး စောင့်မျှော်အားပေးကြပါနော်။

Zawgyi

ျမန္မာ႐ုပ္ရွင္ပရိသတ္ေတြရဲ႕ အသည္းေက်ာ္လို႔ ဆိုရမယ့္ အန္ကယ္ေလးကို အားလုံးက အခုထိ ခ်စ္ေနဆဲ၊ အားေပးေနၾကဆဲပါ။ ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္တဲ့႐ုပ္ရွင္ေတြအျပင္ အန္ကယ္ေလး ႐ိုက္ကူးတဲ့ ႐ုပ္ရွင္ကားေတြအထိ အခုထိ ႏွစ္ၿခိဳက္အားေပးေနၾကတဲ့ ပရိသတ္ေပါင္းမ်ားစြားရွိေနဆဲပါ။

မၾကာေသးခင္ကပဲ အသက္ ငါးဆယ္ ျပည့္သြားခဲ့တဲ့ လူမင္းဟာ ေမြးေန႔မွာလည္း ကုသိုလ္ေကာင္းမႈမ်ားစြာ ျပဳလုပ္ရင္း မိသားစုနဲ႔ အတူ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလ ဆယ္ရက္ အေမမ်ားေန႔မွာေတာ့ လူမင္းက သူတခ်ိန္က ေရးခဲ့တဲ့ အေမ့အတြက္ ကဗ်ာေလးလို႔ ဆိုရမယ့္ အေမ့ရင္ခြင္ဆိုတဲ့ ကဗ်ာေလးကို သူ႔ရဲ႕ Facebook စာမ်က္ႏွာကေန အမွတ္တရ ျပန္လည္မွ်ေဝခဲ့တာပါ။

မိခင္ျဖစ္သူ ကြယ္လြန္ခဲ့တာ ၂၀၀၅ ခုႏွစ္ကျဖစ္တာမို႔ အခုအခ်ိန္မွာေတာ့ ကြယ္လြန္ခဲ့တာ ၁၅ ႏွစ္ရွိခဲ့ပါၿပီ။ သူေရးခဲ့တဲ့ ကဗ်ာေလးကို ဖတ္ၿပီး အားလုံးလည္း မွ်ေဝ ခံစားေပးႏိုင္ၾကမယ္လို႔ ထင္ပါတယ္။ လူမင္းရဲ႕ အေမ့ရင္ခြင္ဆိုတဲ့ ကဗ်ာေလးကေတာ့ …

အေမ့ရင္ခြင္
========

ပါးတစ္ဖက္သာ အပ္လို႔ရေပမယ့္
တစ္ကိုယ္လုံးမက တစ္ဘဝလုံး လုံၿခဳံရာ ၊

အ႐ိုးၿပိဳင္းၿပိဳင္း ထေနေပမယ့္
ဆင္ေျပာင္ဆယ္စီးမက အားမာန္ေတြ ေပးႏိုင္ရာ ၊

တစ္ထြာတစ္မိုက္ ဒီေနရာေလးက
သမုဒၵရာမက ေမတၱာေရေတြ စီးဆင္းရာ ၊

သားအသက္ ဘယ္ေလာက္ပဲ ႀကီးလာႀကီးလာ
ဒီေနရာေရာက္ရင္ အၿမဲ (၁၂) ႏွစ္ ၊

ဝမ္းတြင္းကတည္းက ဆက္ေနတဲ့စိတ္
သားရႈတင္မွာေနပူရင္ အေမအိမ္မွာ ရင္ပူသတဲ့ ၊

ႏို႔ပိန္ကေလးကို ဖြဖြကေလးကိုက္ကာ စ,ေတာ့
နာလိုက္တာသားရယ္ နဲ႔ ရက္ဆက္ေျပာေနတာ
သူၾကည္ႏူးေနလို႔ ၊

အစာတစ္လုပ္ ဟန္လုပ္ကာ ၿမိဳမရေပမယ့္
သား အားပါးတရစားတာကို အၿမဲေဘးကထိုင္ၾကည့္ခ်င္သတဲ့ေလ ၊

ရႈတင္အသြား ႏႈတ္ဆက္မသြားရင္
အိမ္ျပန္ေရာက္လို႔ သူ႔ကိုမေမးရင္ ေခ်ာ့ဘို႔သာျပင္ ၊

အာဝါးေပးလို႔ ႏႈတ္ဆက္သြားရင္
သားကိုေျခဆုံး ေခါင္းဆုံး မ်က္စိတစ္ဆုံး လိုက္ၾကည့္ၿပီး
အေမ့ရင္ထဲက ေျပာေနက်စကား သားၾကားတာေပါ့
ငါ့သားေလး ပင္ပန္းရွာတယ္ တဲ့ ၊

အခု 10:35 am
အေမ ပင္ပန္းေနရွာသလား
ေႏြးေထြးတဲ့ အေမ့ရင္ခြင္ေလး ေအးစက္စ ျပဳလာၿပီ
သားေျပာတဲ့စကား အေမမၾကားႏိုင္ေတာ့ၿပီ
သား႐ြတ္တဲ့ တရားအေမ မခံစားႏိုင္ေတာ့ၿပီ
စက္မွာေပၚေနတဲ့ ႏွလုံးခုန္ႏႈန္း 59
(ကြန္ပ်ဴတာေခတ္ႀကီးဆို)
ငါ့အေမရဲ႕ ႏွလုံးခုန္ႏႈန္း normal ျပန္လုပ္ေပးပါ ၊

အားလုံးကို ဥေပကၡာျပဳလို႔
ဘဝတစ္ပါး အျမန္သြားေတာ့မလို႔လား အေမ
ေကာင္းရာဘုံဘဝကအႀကိဳေတာ္ေတြေရာက္လို႔ေနလားအေမ
သူတို႔နဲ႔ လြန္ဆြဲလို႔ သားတို႔ဘဲ ရႈံးရေတာ့မွာလား အေမ
အေမ ျပေနတဲ့တရား ခုခ်ိန္မွာ ဈာန္မဝင္စားပါရေစနဲ႔ ၊

ရွင္ေတာ္ျမတ္ဘုရားေတာင္ လြန္ဆန္မရတဲ့ ဒီလမ္း
အေမ လွမ္းရေတာ့မယ္ဆိုေတာ့
တရားနဲ႔ေျဖ မေျပႏိုင္ပါ
ႏြမ္းလ် ကြၽန္ေတာ့ ရင္တြင္
လြမ္းလွ အေမ့ရင္ခြင္ ။ ။

လူမင္း
(၄ .၆. ၂၀၀၅ )
ညေန ၅ နာရီ ၄၀ မိနစ္တြင္ကြၽန္ေတာ္ႏွင့္တကြ
တစ္ေလာကလုံးကိုစြန္႔ခြါသြားသည္ ။

ေနာက္ထပ္လည္း ဒီလို စိတ္ဝင္စားစရာ သတင္းေတြကို ဆက္လက္တင္ဆက္ေပးသြားမွာမို႔ ေျပာခ်င္လြန္းလို႔ ေပ့ခ်္ကို ဆက္ၿပီး ေစာင့္ေမွ်ာ္အားေပးၾကပါေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*