ကင်ဆာအဆင့်(၄)က အသက်ရှင်သေးတယ်နော်လို့ပြောတာကို တုံ့ပြန်လိုက်တဲ့ မီးမီးခဲ
ဒါ့ကြောင့် Australia ရဲ့ ဆေးကုထုံးအတိုင်း ထိန်းချုပ်ကုသရင်း ခရီးဆက် အသက်ရှင်နေတာ ဒီနေ့ ထိပါပဲ..၂၀၁၈ မှာခေါင်းနဲ့လည်ပင်း တွေမှာထပ်ပေါ်လာလိုထပ်မံ့ Radiotherapy 5 ကြိမ်လုပ်ခဲ့ပြီးပါပြီ.၂၀၁၉ကတော့ ကျွန်မအတွက်ကျန်းမာဆုံးနှစ်ပေါ့..မြန်မာပြည်ကို ပြန်ခဲ့ပါတယ်..၂၀၂၀နှစ်အစ Mee Mee Khel (Back To You) Showလဲ အရမ်းအောင်မြင်ခဲ့လို့ ကျွန်မရဲ့ ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင်နေဆဲပါ..၂၀၂၀မြန်မာပြည်ကအပြန် မှာတော့ခြေထောက်က နာလာပါပြီ..ကိုက်ခဲရုံမျိုးမို့ သတိမထားခဲ့ပါ..ဆရာဝန်တွေက ကင်ဆာဆေးဒဏ်လို့ ပဲ ထင်ခဲ့ကြပါတယ်..စစ်ဆေး ၂ ခါမြောက်မှာတော့ ခြေထောက်က ပေါင်ရင်း ဆက်ထားတဲ့တင်ပဆုံနားက ကျိုးပြီးအက်နေခဲ့တာပါ..သိသိချင်းပဲ ဆေးရုံတတ် ဓါတ်ကင်ရပါတ်ာနောက်ဆက်တွဲ ခါး နဲ့ညာဘက်နံရိုးပါ ကင်ဆာ အစက်တွေ တွေံတာကြောင့်Radiotherapy ထပ်ပေးရပါတယ်..၇ခါ ထပ်Trearment ယူပြီးဆေးရုံကနေ ဆင်းခဲ့ရပါတယ်..လမ်းကတော့အရင်လို မဟုတ်ပေမဲ့ဖြေးဖြေးမှန်မှန်လေး စလျှောက်နေပါပြီ”လို့ ပြောပြထားပါတယ်။
ဒါ့အပြင် မီးမီးခဲက အိမ်ထောင်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်အဖြစ် အသက်ရှင်နေချင်သေးတယ်လို့လည်း “ဒါ့ကြောင့် ကျွန်မပြောချင်တာ ခဏတာ တိုတောင်းလှတဲ့လူ့ ဘဝမှာအသက်ရှင်တုန်ုး နာရီတိုင်း အဓိပ္ပါယ်ရှိစွာ အသက်ရှင်ပါနော်..ကိုယ်အနားမှာရှိတဲ့သူကို တန်ဖိုးထားပါ..ချစ်ခြင်းမေတ္တာမျှဝေပါလို့ …ကျွန်မအတွက်လဲ ဆုတောင်းသတိရပေးပါလို့ …သမီးလေးနှစ်ယောက်နဲ့သားးတွေကို မနက်စာ ချက်ပြုတ်ပြီး ကျောင်းကို ပို့ ပေးချင်သေးတယ်..တနေကုန် အိမ်မှုကိစ္စတွေလုပ်ရင်း သားနဲ့သမီးတွေအခနိးတွေရှင်းရင်း ကလေးတွေရဲ့ အဖေနဲ့သားသမီးတွေ ညနေစာကို ချက်ပြုတိပေးတဲ့ အိမ်ရှင်မကောင်း တယောက်အဖြစ်နဲ့ ဆက်အသက်ရှင်ချင်သေးတယ်..ဒါကျွန်မရဲ့မိခင်တယောက်ရဲ့ ဆန္ဒပါ..အားလုံးကျန်းမာပျော်ရွှင်ပါစေ”လို့ ရင်တွင်းစကားတွေပြောကြားထားခဲ့ပါတယ်။
Unicode
မီးမီးခဲဟာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်တွေထဲက တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုလည်း နှစ်ပေါင်းများစွာကြာအောင် ထိန်းထားနိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မီးမီးခဲဟာ တစ်ချိန်တုန်းက ထူးအယ်လင်းနဲ့ လိုက်ဖက်ညီတဲ့ စုံတွဲလေးဖြစ်ခဲ့ပြီး သားသမီးတွေထွန်းကားခဲ့သလို အခုလက်ရှိမှာတော့ နောက်ထပ်အိမ်ထောင်နဲ့ သားသမီးတွေနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ မီးမီးခဲဟာ 2017 လောက်ကတည်းက ကင်ဆာရောဂါကို စတင်ခံစားလာခဲ့ရပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ကင်ဆာ အဆင့်(၄)နဲ့ သူနိုင်ကိုယ်နိုင်တိုက်ပွဲဝင်ခဲ့ရသလို သေမင်းနဲ့ စစ်ခင်းနေခဲ့ရတယ်လို့လည်းဆိုနိုင်ပါတယ်။
မီးမီးခဲက သူမရဲ့ ကင်ဆာရောဂါကို ရင်ဆိုင်ဖြတ်သန်းရပုံလေးတွေကို လူမှုကွန်ယက်မှာတင်ပြီး ပရိသတ်တွေနဲ့မျှဝေလေ့ရှိသလို ပရိသတ်တွေကလည်း အားပေးစကားလေးတွေပြောပေးပြီး မြန်မြန်သက်သာပျောက်ကင်းစေဖို့ ဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ်။ မကြာသေးမီကတော့ မီးမီးခဲက သူမရဲ့ လူမှုကွန်ယက်မှာ သူမရဲ့ ကင်ဆာအဆင့်(၄) ကို ရင်ဆိုင်ခဲ့ပုံလေးတွေကို ဝေမျှထားပြီး ကင်ဆာအဆင့်(၄) က အခုထိအသက်ရှင်နေသေးတယ်နော်လို့ ပြောတဲ့ comment တစ်ခုကိုလည်း တုံ့ပြန်ထားခဲ့တာတွေ့ရပါတယ်။ မီးမီးခဲက ကင်ဆာဝေဒနာစတင်ခံစားခဲ့ရတဲ့အချိန်ကနေစပြီး အခုအထိ ခံစားခဲ့ရတာတွေကို “ကျွန်မဟာ Breast Cancer stage 4 ကို2017 စပြီးခံစားရပါတယ်..အရိုးထဲကိုပြန် နှံ့သွားတဲ့အတွက် ရင်းသားကို ဖြတ်ထုတ် ဖို့နောက်ကျခဲ့ရပါတယ်..ဓါတ်၇ခါနဲ့ chemo ကီမို ၅ ကြိမ်ပေးခဲ့ရပါတယ်..
ဒါ့ကြောင့် Australia ရဲ့ဆေးကုထုံးအတိုင်း ထိန်းချုပ်ကုသရင်း ခရီးဆက် အသက်ရှင်နေတာ ဒီနေ့ထိပါပဲ..၂၀၁၈ မှာခေါင်းနဲ့လည်ပင်း တွေမှာထပ်ပေါ်လာလိုထပ်မံ့Radiotherapy 5 ကြိမ်လုပ်ခဲ့ပြီးပါပြီ.၂၀၁၉ကတော့ ကျွန်မအတွက်ကျန်းမာဆုံးနှစ်ပေါ့..မြန်မာပြည်ကို ပြန်ခဲ့ပါတယ်..၂၀၂၀နှစ်အစ Mee Mee Khel (Back To You) Showလဲ အရမ်းအောင်မြင်ခဲ့လို့ကျွန်မရဲ့ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင်နေဆဲပါ..၂၀၂၀မြန်မာပြည်ကအပြန် မှာတော့ခြေထောက်က နာလာပါပြီ..ကိုက်ခဲရုံမျိုးမို့သတိမထားခဲ့ပါ..ဆရာဝန်တွေက ကင်ဆာဆေးဒဏ်လို့ပဲ ထင်ခဲ့ကြပါတယ်..စစ်ဆေး ၂ ခါမြောက်မှာတော့ ခြေထောက်က ပေါင်ရင်း ဆက်ထားတဲ့တင်ပဆုံနားက ကျိုးပြီးအက်နေခဲ့တာပါ..သိသိချင်းပဲ ဆေးရုံတတ် ဓါတ်ကင်ရပါတာ်နောက်ဆက်တွဲ ခါး နဲ့ညာဘက်နံရိုးပါ ကင်ဆာ အစက်တွေ တေွံတာကြောင့်Radiotherapy ထပ်ပေးရပါတယ်..၇ခါ ထပ်Trearment ယူပြီ းဆေးရုံကနေ ဆင်းခဲ့ရပါတယ်..လမ်းကတော့အရင်လို မဟုတ်ပေမဲ့ဖြေးဖြေးမှန်မှန်လေး စလျှောက်နေပါပြီ”လို့ ပြောပြထားပါတယ်။
ကင်ဆာအဆင့် (၄) က အခုထိအသက်ရှင်သေးတယ်နော်ဆိုတဲ့ မှတ်ချက်တစ်ခုကို မီးမီးခဲက တုံ့ပြန်ထားခဲ့ပြီး အခုထိ အသက်ရှင်နေတာဟာ အသက်ရှင်သန်ချင်စိတ်ကြောင့်ဖြစ်ကြောင်းနဲ့ ကင်ဆာရှိနေပေမယ့် သာမန်လူလိုပဲ ကြိုးစားနေထိုင်ခဲ့ကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်။ “အဆင့်၄ ရှိတဲ့ကင်ဆာ သမားက အသက်ရှင်သေးတယ်နော်လို့ပြောတဲ့ commentsလေးတခုတွေ့ပါတယ်..ဘာကြောင့်လဲဆိုတာ ကျွန်မရဲ့အသက်ရှင်ချင်တဲ့စိတ်ကြောငိ့ပါလို့..ကင်ဆာရောဂါသည်လို့မခံယူပဲ ပုံမှန်မိသားစုဝင်တွေလို ပဲမျှတတဲ့အစားကိုစားသောက် စိတ်ညစ်စေမဲ့အတွေးတွေကိုဘေးဖယ်ပြီး အချိန်မှန်အိပ်စက်ခဲ့လို့ပါ..ဒါ့ကြောင့်ကျွန်မfacebook page ကို စသုံးခဲ့တာလဲ ကျွန်မလို မျော်လင့်ချက်မဲ့သူတွေ အချင်းချင်း ခွန်အားပေးရင်း မျှဝေ ရအောင်လို့ စာလေးတွေရေးပြီး ခွန်အားပေး ဝေမျှရင်း ပရိတ်သတ် မိတ်ဆွေများဆီးကနေ မေတ္တာနဲ့ ရေးတဲ့စာလေးတွေ ဖတ်ရင်းအားတင်း နေရတာပါ..ရှေ့ဆက် ကျွန်မရဲ့ရောဂါအခြေအနေ ဘာဖြစ်မလဲ ဘယ်လောကိထိ အသကရှင်ဦးမယ်ဆိုတာ ဘုရားမှ တပါးဘယ်သူမှ မသိနိုင်ပါဘူး..ကျန်ရှိတဲ့နေ့ရက်လေးတွေကို ကျွန်မ အပြုံးနဲ့ အမြဲတမိးနိုး ထအသက်ရှင်ပါတယ်..သေမိန့်ချခံထားရသူတွေဟာ ကင်ဆာရောဂါ သယ်တွေလေဆိုပြီး ပြောကြတဲ့ စကားတွေရဲ့ဆန့်ကျင်ဘက်နဲ့ အသက်ရှင် နေ ခဲ့ပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။
ဒါ့အပြင် မီးမီးခဲက အိမ်ထောင်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်အဖြစ် အသက်ရှင်နေချင်သေးတယ်လု့ိလည်း “ဒါ့ကြောင့် ကျွန်မပြောချင်တာ ခဏတာ တိုတောင်းလှတဲ့လူ့ဘဝမှာအသက်ရှင်တုန်ုး နာရီတိုင်း အဓိပ္ပါယ်ရှိစွာ အသက်ရှင်ပါနော်..ကိုယ်အနားမှာရှိတဲ့သူကို တန်ဖို းထားပါ..ချစ်ခြင်းမေတ္တာမျှဝေပါလို့…ကျွန်မအတွက်လဲ ဆုတောင်းသတိရပေးပါလို့…သမီးလေးနှစ်ယောက်နဲ့သားးတွေကို မနက်စာ ချက်ပြုတ်ပြီး ကျောင်းကို ပို့ပေးချင်သေးတယ်..တနေကုန် အိမ်မှုကိစ္စတွေလုပ်ရင်း သားနဲ့သမီးတွေအခနိးတွေရှင်းရင်း ကလေးတွေရဲ့အဖေနဲ့သားသမီးတွေ ညနေစာကို ချက်ပြုတိပေးတဲ့ အိမ်ရှင်မကောင်း တယောက်အဖြစ်နဲ့ ဆက်အသက်ရှင်ချင်သေးတယ်..ဒါကျွန်မရဲ့မိခင်တယောက်ရဲ့ဆန္ဒပါ..အားလုံးကျန်းမာပျော်ရွှင်ပါစေ”လို့ ရင်တွင်းစကားတွေပြောကြားထားခဲ့ပါတယ်။
မီးမီးခဲက သူမရဲ့ ရင်ဖွင့်စကားတွေနဲ့ ဝေဒနာခံစားရတဲ့အကြောင်းဝေမျှထားတာတွေ ဘယ်လိုကြိုးစားရှင်သန်နေတယ်ဆိုတာတွေရေးသားထားတဲ့ ဒီ စတေးတပ်ကို ကြည်နူးစရာ မိသားစုဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့တာပါ။ မီးမီးခဲတို့မိသားစုဓာတ်ပုံလေးတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း မီးမီးခဲရဲ့ ကျန်းမာရေးအမြန်ဆုံပြန်လည်သက်သာလာအောင် ဆုတောင်းပေးခဲ့ကြပါဦး။