ပရိသတ်တွေမမြင်ဖူးတဲ့ ပုံစံအသစ်နဲ့ ဝိုင်းစုခိုင်သိန်းရဲ့ Music Video

ဝိုင်းစုခိုင်သိန်းဟာ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်တွေထဲက တစ်ဦးလို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက လက်ရှိမှာလည်း သူဝါသနာပါတဲ့ သီချင်းတွေဆက်လက်ဖန်တီးပြီး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ဆဲဖြစ်သလို ချစ်ရတဲ့ ချစ်သူ အောင်လနဲ့ သာယာတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းကမကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ သီချင်းအသစ်လေးတစ်ပုဒ်ရဲ့ Music Video ကို တင်လာခဲ့ပါတယ်။

အဲဒီ Music Video လေးက ပရိသတ်တွေတော်တော်များများကို မျက်လုံးပြူးသွားစေခဲ့တဲ့ video လေးပါ။ အကြောင်းကတော့ အဲဒီ video လေးထဲမှာ မင်းသားမပါပဲ မင်းသမီးနှစ်ယောက်တည်းနဲ့ မိန်းကလေးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့ Video လေးဖြစ်လို့ပါ။ သီချင်းလေးရဲ့နာမည်က Sunshine ဖြစ်ပြီး နေရောင်ခြည်လို ကိုယ့်ဘဝကို နွေးထွေးသာယာစေတဲ့ ချစ်သူတစ်ဦးကို ရည်ညွှန်းတယ်လို့ယူဆရပါတယ်။ ဒီသီချင်းကို အောင်လက ရေးပေးထားတာဖြစ်ပြီး ဝိုင်းစုနဲ့ အဆိုတော် လိမ္မော်သီးက သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲလေးအဖြစ် ကြည်နူးစရာသရုပ်ဆောင်ထားတာတွေ့ရပါတယ်။

ဝိုင်းစုက ဒီ Music Video လေးကို ပရိသတ်တွေမမြင်ဖူးတဲ့ ပုံစံအသစ်လေးနဲ့ အခြား သီချင်းတွေနဲ့ ကွဲထွက်နေအောင် အိုင်ဒီယာမိုက်မိုက်လေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာတွေ့ရပါတယ်။ ဝိုင်းစုက ဒီနေ့ (6.1.2020) နေ့လည်ခင်းမှာ သူမရဲ့ လူမှုကွန်ယက်ကနေ Music Video လေးကိုတင်ထားခဲ့တာဖြစ်ပြီး တစ်နာရီလောက်အကြာမှာတင် ကြည့်ရှုသူပေါင်း တစ်သောင်းနီးပါးဖြစ်သွားခဲ့သလို ပြန်လည် မျှဝေသူတွေလည်း များစွာရှိခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဝိုင်းစုရဲ့ Sunshine သီချင်းလေးရဲ့ Music Video အမိုက်စားလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

☀️SUNSHINE☀️ Official MV —ဝိုင်းစုခိုင်သိန်း—

☀️SUNSHINE☀️ Official MV—ဝိုင်းစုခိုင်သိန်း—ဝိုင်းစုရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ နွားကျောင်းသူ album ထဲက sunshine သီချင်းလေးရဲ့ Music Video အမိုက်စားလေးကို တင်ဆက်ပေးလိုက်ပါပြီ! ကဲ.. ကိုယ့်ရဲ့ sunshine လေးတွေကို mention ခေါ်ပြီး သီချင်းလေးကို တူတူနားထောင်ကြရအောင်..!!Audio link👉🏼http://taythanthar.com/songs/402#402🎧တေးသံသာမှာ သီချင်းနားထောင်ပါ🎧Tay Than Thar App download linkFor iOS 👉🏼👉🏼 apple.co/2Oi1mspFor Android 👉🏼👉🏼 http://bit.ly/2LblN70YouTube Channel👉🏼👉🏼 https://bit.ly/2RobnDR#တေးသံသာ #TayThanTharMobileApp #sunshine #ဝိုင်းစုခိုင်သိန်း #အောင်လ #tcreation

Gepostet von Wyne Su Khaing Thein am Sonntag, 31. Mai 2020

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဝိုင်းစုကိုချစ်ကြလား။ ဝိုင်းစုရဲ့နောက်ထပ်ထွက်ရှိလာမယ့် သီချင်းတွေကိုရော နားဆင်ခံစားအားပေးဖို့ အသင့်ပဲလား။ Sunshine Music Video လေးကိုကြည့်ရှုပြီးတော့ရော ဘယ်လိုခံစားမှုလေးတွေရကြလဲ။ ပြောခဲ့ကြပါဦး။

Zawgyi

ဝုိင္းစုခိုင္သိန္းဟာ ျမန္မာနုိင္ငံရဲ႕အေအာင္ျမင္ဆံုး အမ်ိဳးသမီးအဆိုေတာ္ေတြထဲက တစ္ဦးလို႔ ဆိုရမွာပါ။ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက အခုအခ်ိန္အထိ ေအာင္ျမင္မႈကုိထိန္းထားနုိင္ဆဲျဖစ္တဲ့ ဝိုင္းစုခို္င္သိန္းက လက္ရွိမွာလည္း သူဝါသနာပါတဲ့ သီခ်င္းေတြဆက္လက္ဖန္တီးျပီး ပရိသတ္ေတြကုိ ဆြဲေဆာင္ထားနုိင္ဆဲျဖစ္သလုိ ခ်စ္ရတဲ့ ခ်စ္သူ ေအာင္လနဲ႔ သာယာတဲ့အခ်စ္ေရးကုိပုိင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။ ဝုိင္းစုခို္င္သိန္းကမၾကာေသးမီက သူမရဲ႕ လူမႈကြန္ယက္မွာ သီခ်င္းအသစ္ေလးတစ္ပုဒ္ရဲ႕ Music Video ကုိ တင္လာခဲ့ပါတယ္။

အဲဒီ Music Video ေလးက ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားကို မ်က္လံုးျပဴးသြားေစခဲ့တဲ့ video ေလးပါ။ အေၾကာင္းကေတာ့ အဲဒီ video ေလးထဲမွာ မင္းသားမပါပဲ မင္းသမီးနွစ္ေယာက္တည္းနဲ႔ မိန္းကေလးနွစ္ေယာက္ၾကားက ခ်စ္ျခင္းေမတၱာကုိ ေဖာ္ျပထားတဲ့ Video ေလးျဖစ္လုိ႔ပါ။ သီခ်င္းေလးရဲ႕နာမည္က Sunshine ျဖစ္ျပီး ေနေရာင္ျခည္လို ကုိုယ့္ဘဝကို ေႏြးေထြးသာယာေစတဲ့ ခ်စ္သူတစ္ဦးကုိ ရည္ညြႊန္းတယ္လို႔ယူဆရပါတယ္။ ဒီသီခ်င္းကို ေအာင္လက ေရးေပးထားတာျဖစ္ျပီး ဝုိင္းစုနဲ႔ အဆိုေတာ္ လိေမၼာ္သီးက သိပ္ခ်စ္ၾကတဲ့ ခ်စ္သူစံုတြဲေလးအျဖစ္ ၾကည္နူးစရာသရုပ္ေဆာင္ထားတာေတြ႕ရပါတယ္။

ဝုိင္းစုက ဒီ Music Video ေလးကုိ ပရိသတ္ေတြမျမင္ဖူးတဲ့ ပံုစံအသစ္ေလးနဲ႔ အျခား သီခ်င္းေတြနဲ႔ ကြဲထြက္ေနေအာင္ အိုင္ဒီယာမုိက္မုိက္ေလးနဲ႔ ရုိုက္ကူးထားတာျဖစ္ျပီး ပရိသတ္ေတြကလည္း သေဘာက်ေနၾကတာေတြ႕ရပါတယ္။ ဝုိင္းစုက ဒီေန႔ (6.1.2020) ေန႔လည္ခင္းမွာ သူမရဲ႕ လူမႈကြန္ယက္ကေန Music Video ေလးကိုတင္ထားခဲ့တာျဖစ္ျပီး တစ္နာရီေလာက္အၾကာမွာတင္ ၾကည့္ရႈသူေပါင္း တစ္ေသာင္းနီးပါးျဖစ္သြားခဲ့သလို ျပန္လည္ မွ်ေဝသူေတြလည္း မ်ားစြာရွိခဲ့ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ဝိုင္းစုရဲ႕ Sunshine သီခ်င္းေလးရဲ႕ Music Video အမိုက္စားေလးကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဝုိင္းစုကိုခ်စ္ၾကလား။ ဝုိင္းစုရဲ႕ေနာက္ထပ္ထြက္ရွိလာမယ့္ သီခ်င္းေတြကုိေရာ နားဆင္ခံစားအားေပးဖို႔ အသင့္ပဲလား။ Sunshine Music Video ေလးကုိၾကည့္ရႈျပီးေတာ့ေရာ ဘယ္လိုခံစားမႈေလးေတြရၾကလဲ။ ေျပာခဲ့ၾကပါဦး။