အသည်းကွဲနေသူတွေအမှန်တကယ်ခံစားသွားရမယ့် အိမ့်ချစ်ရဲ့ အဆွေးသီချင်းလေး

အိမ့်ချစ်ဟာ အောင်မြင်မှုကို အချိန်အကြာကြီးထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း ပရိသတ်အားပေးမှုအပြည့်အဝရထားသူတစ်ဦးဖြစ်ပါတယ်။အိမ့်ချစ်ဟာ ပျော်စရာကောင်းတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားပြီး မကြာသေးမီကမှ လူတိုင်းအားကျရအောင် အရမ်းရိုတဲ့ လက်ထပ်ခွင့်တောင်းမှုကိုခံထားရတဲ့ သတို့သမီးအလောင်းအလျာလေးလည်းဖြစ်ပါတယ်။ အိမ့်ချစ်က မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ “ပြန်ဆုံချင်တာပဲသိတာပါ”ဆိုတဲ့ သီချင်းလေးကို version အသစ်တစ်မျိုးလေးနဲ့ တင်ထားတာတွေ့ရပါတယ်။

အဲဒီသီချင်းလေးကို အိမ့်ချစ်က Joox မှာအရင်တင်ထားခဲ့တာဖြစ်ပြီး နားမထောင်ရသေးတဲ့သူတွေအတွက် သူမရဲ့ လူမှုကွန်ယက်မှာ Lyrics Video လေးတင်ထားခဲ့တာပါ။ သီချင်းလေးကတော့ မိုးရာသီမှာတစ်ယောက်တည်းအသည်းကွဲနေရတဲ့သူတွေအတွက် ရင်ထဲကိုထိသွားအောင် ခံစားသွားရပြီး feel လို့ ကောင်းမယ့်သီချင်းလေးလို့ ဆိုရမှာပါ။ “ဆုံနိုင်မယ့်အချိန်များစွာ မျှော်ကိုး..ကြုံလာတော့မယ့် တို့ကံတရား.. နာကျင်ပါတယ် မင်းမရှိတဲ့အချိန်တိုင်း၊ တစ်ယောက်တည်းအသည်းကွဲနေတာပါ အချစ်ရေ”ဆိုတဲ့ သီချင်းစာသားလေးတွေကလည်း ရင်တွင်းဒဏ်ရာရှိသူတွေအတွက် အဟောင်းတွေအသစ်ပြန်ဖြစ်အောင် ပံ့ပိုးပေးလို့နေပါတယ်။

အိမ့်ချစ်က အဲဒီသီချင်းလေးကို သူမရဲ့လူမှုကွန်ယက်မှာပြီးခဲ့တဲ့နေ့က တင်ထားခဲ့တာဖြစ်ပြီး သီချင်းတင်ပြီးပြီးချင်း ပရိသတ်တွေဆီက အားပေးမှုတွေရခဲ့သလို သီချင်းတင်ပြီး တစ်ရက်မပြည့်ခင်မှာပဲ videoလေးက ကြည့်ရှုသူပေါင်းများစွာရှိလာခဲ့ပြီး ပြန်လည်ဝေမျှသူတွေလည်းများပြားခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် အိမ့်ချစ်ရဲ့ “ပြန်ဆုံချင်တာပဲ သိတာပါ” Lyrics Video လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

ပြန်ဆုံချင်တာပဲသိတာပါ

တစ်ယောက်တည်းအသည်းကွဲချင်သူတွေအတွက်ပြန်ဆုံချင်တာပဲသိတာပါ…(Rework Version Lyrics Video)သီချင်းလေးကို Joox မှာတင်ထားပြီးပေမယ့်နားမထောင်ရသေးတဲ့ ပရိတ်သတ်တွေအတွက်Lyrics Video လေးကို Page ကနေထပ်တင်ပေးလိုက်ပါတယ်Lyrics by Ye' LayMusic & Mastering by Myo Zaw HtetDirected by Junior Chit KaungEdited by Eint ChitJoox Linkhttps://joox.page.link/2Ri4S6

Gepostet von Eint Chit am Montag, 1. Juni 2020

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော အိမ့်ချစ်ကို ချစ်ကြလား။ အိမ့်ချစ်ရဲ့ နောက်ထပ်ထွက်လာမယ့် သီချင်းအသစ်တွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Zawgyi

အိမ့္ခ်စ္ဟာ ေအာင္ျမင္မႈကုိ အခ်ိန္အၾကာၾကီးထိန္းထားနိုင္တဲ့ အနုပညာရွင္တစ္ဦးျဖစ္ျပီး လက္ရွိမွာလည္း ပရိသတ္အားေပးမႈအျပည့္အဝရထားသူတစ္ဦးျဖစ္ပါတယ္။အိမ့္ခ်စ္ဟာ ေပ်ာ္စရာေကာင္းတဲ့အခ်စ္ေရးကုိပုိင္ဆိုင္ထားျပီး မၾကာေသးမီကမွ လူတိုင္းအားက်ရေအာင္ အရမ္းရိုတ့ဲ လက္ထပ္ခြင့္ေတာင္းမႈကုိခံထားရတဲ့ သတို႔သမီးအေလာင္းအလ်ာေလးလည္းျဖစ္ပါတယ္။ အိမ့္ခ်စ္က မၾကာေသးမီက သူ႔ရဲ႕ လူမႈကြန္ယက္မွာ “ျပန္ဆံုခ်င္တာပဲသိတာပါ”ဆိုတဲ့ သီခ်င္းေလးကုိ version အသစ္တစ္မ်ိဳးေလးနဲ႔ တင္ထားတာေတြ႔ရပါတယ္။

အဲဒီသီခ်င္းေလးကုိ အိမ့္ခ်စ္က Joox မွာအရင္တင္ထားခဲ့တာျဖစ္ျပီး နားမေထာင္ရေသးတဲ့သူေတြအတြက္ သူမရဲ႕ လူမႈကြန္ယက္မွာ Lyrics Video ေလးတင္ထားခဲ့တာပါ။ သီခ်င္းေလးကေတာ့ မုိးရာသီမွာတစ္ေယာက္တည္းအသည္းကြဲေနရတဲ့သူေတြအတြက္ ရင္ထဲကုိထိသြားေအာင္ ခံစားသြားရျပီး feel လို႔ ေကာင္းမယ့္သီခ်င္းေလးလို႔ ဆိုရမွာပါ။ “ဆံုနိုင္မယ့္အခ်ိန္မ်ားစြာ ေမွ်ာ္ကုိး..ၾကံဳလာေတာ့မယ့္ တို႔ကံတရား.. နာက်င္ပါတယ္ မင္းမရွိတဲ့အခ်ိန္တိုင္း၊ တစ္ေယာက္တည္းအသည္းကဲြေနတာပါ အခ်စ္ေရ”ဆိုတဲ့ သီခ်င္းစာသားေလးေတြကလည္း ရင္တြင္းဒဏ္ရာရွိသူေတြအတြက္ အေဟာင္းေတြအသစ္ျပန္ျဖစ္ေအာင္ ပံ့ပုိးေပးလို႔ေနပါတယ္။

အိမ့္ခ်စ္က အဲဒီသီခ်င္းေလးကို သူမရဲ႕လူမႈကြန္ယက္မွာျပီးခဲ့တဲ့ေန႔က တင္ထားခဲ့တာျဖစ္ျပီး သီခ်င္းတင္ျပီးျပီးခ်င္း ပရိသတ္ေတြဆီက အားေပးမႈေတြရခဲ့သလို သီခ်င္းတင္ျပီး တစ္ရက္မျပည့္ခင္မွာပဲ videoေလးက ၾကည့္ရႈသူေပါင္းမ်ားစြာရွိလာခဲ့ျပီး ျပန္လည္ေဝမွ်သူေတြလည္းမ်ားျပားခဲ့ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ အိမ့္ခ်စ္ရဲ႕ “ျပန္ဆံုခ်င္တာပဲ သိတာပါ” Lyrics Video ေလးကုိေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရာ အိမ့္ခ်စ္ကုိ ခ်စ္ၾကလား။ အိမ့္ခ်စ္ရဲ႕ ေနာက္ထပ္ထြက္လာမယ့္ သီခ်င္းအသစ္ေတြကုိေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။